Feb 1, 2013

လိုင်ဇာရောက် ပြည်တွင်းပြည်ပ Media များ၏ တင်ပြချက်များသည် တိုက်ပွဲများအတွက် အထောက်အကူများစွာ ရရှိခဲ့ကြောင်း မြန်မာ့တပ်မတော်အရာရှိတစ်ဦးမှ ပြောဆို

လိုင်ဇာသို့ရောက်ရှိလာသည့် ပြည်တွင်းပြည်ပသတင်းထောက်များ၏ သတင်းတင်ပြချက်များ၊ သတင်းဓာတ်ပုံများ နှင့် Video File များသည် လိုင်ဇာဒေသတစ်ဝိုက်ရှိ တောင်ကုန်းများအား တိုက်ခိုက်ရာတွင် မိမိတို့အတွက်အလွန် အသုံးဝင်ကြောင်း ကချင်ပြည်နယ်၊ ရှေ့တန်း
စစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေသောအရာရှိတစ်ဦးမှပြောကြားခဲ့သည်။

လဂျားယန်တို့၊ လိုင်ဇာအ၀င်ဝမုဒ်ဦးတို့ မိုးလဲချောင်းတံတားတို့ဆိုတာ အရင်က ကျွန်တော်တို့ မရောက်ဖူးပါဘူး။ ဒါပေမယ့် Internet မှာ  ABSDF က မင်းဌေးတို့ကလည်း အဲဒီဒေသတစ်ဝိုက်ကဓာတ်ပုံတွေ ဗီဒီယိုတွေတင်ထားတော့ အဲဒီအချက် အလက်တွေကြည့်ပြီး ကြိုတင်စစ်ရေးသုံးသပ်ပြင်ဆင်နိုင်ခဲ့ပါတယ်။ ဒါအပြင် ပြည်တွင်းပြည်ပ သတင်းေ ထာက်တွေတင်တဲ့ ဓာတ်ပုံတွေကြည့်ပြီး KIA အဖွဲ့က ကတုတ်ကျင်းတွေဘယ်လိုအနေ အထားရှိတယ်၊ ဘာလက်နက်တွေ
သုံးတယ်၊ ဘယ်လိုစစ်အသုံးအဆောင်ပစ္စည်းတွေရှိတယ်ဆိုတာ ခန့်မှန်းလို့ရပါ တယ်လို့ ပြောဆိုခဲ့သည်။ ထို့ပြင်၎င်းက လဂျားယန်တိုက်ပွဲမှာ ကျွန်တော်တို့ကိုအများဆုံးကူညီသွားတာကတော့ ABSDF မြောက်ပိုင်းက ကိုမင်းဌေးကြီးပါဘဲ။ သူက တိုက်ပွဲဖြစ်နေချိန် မှာ နောက်ဆုံးအခြေ အနေတွေကို သူရဲ့ face book ကနေ update လုပ်နေတော့ ကျွန်တော်တို့ သူတို့ခေါင်းဆောင်ပြီး အုပ်စုတွေရှိနိုင်တဲ့နေရာ၊ သူတို့အဖွဲ့တွေ နေရာ ချထားနိုင်တဲ့နေရာကို ခန့်မှန်းရလွယ်သွားပါတယ်ဟု ပြောဆိုသွားသည်။
ဓာတ်ပုံ - ကတုတ်ကျင်းထဲရောက် သတင်းသမား (ဒေါင်းမာန်ဟုန်)
သံလွင် 

လဂျားယန်ဒေသတွင် တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစ၍ တိုက်ပွဲဖြစ်စဉ်
အသေးစိတ်အား ABSDF မြောက်ပိုင်းမှ ဗိုလ်မှူးမင်းဌေး၏ facebook တွင် အမြဲ Update လုပ်၍ ကြေငြာခဲ့သော်လည်း ယခုအခါ၎င်း၏ facebook တွင် သတင်းများတင်ပြနိုင်ခြင်းမရှိတော့ပေ။

KIA အဖွဲ့အနေဖြင့် ယခင်ကတည်းက ပြည်တွင်းပြည်ပမီဒီယာများအား လိုင်ဇာမြို့ သို့ဖိတ်ခေါ်သတင်းယူခွင့်ပြုခဲ့ပြီး တိုက်ပွဲဖြစ်စဉ်မှာပင် တိုက်ပွဲသတင်းများကို CNN၊ BBC ၊ အယ်ဂျာဇီးယား စသည့် သတင်းဌာနများတွင် ပါဝင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

မြန်မာစစ်တပ်နှင့် ပတ်သက်၍ ပြည်တွင်း ရှိ Media လောကသားများမှ
မြန်မာစစ်တပ်သည် Media နှင့် ကင်းကွာနေကြောင်း မြန်မာစစ်တပ်ဖက်မှ သတင်းများရယူလိုသော်လည်း မရနိုင်ကြောင်း ဝေဖန်ပြော ဆိုခဲ့ကြသည်။
From:[_ Myawady News_] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

MEG said...

Myanmar Express

လူသတ်အဖွဲ့ ABSDF ဘာကြောင့် သောင်းကျန်းသူ ကေအိုင်အေ နဲ့ ပေါင်းသလဲ?


၁။ တစ်ချိန်က ABSDF လို့ အမည်တပ်ထားတဲ့ နာမည်သေ ကျောင်းသားတပ်မတော်ရဲ့ အဖွဲ့ဝင်အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကို ABSDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ABSDF မြောက်ပိုင်း လူသတ်မှုများ၊ မြောက်ပိုင်းမှ အရိုးတွန်သံများ ဆိုတဲ့ ဖွင့်ဖောက်ချမှု ကနေ ပြည်သူတွေ သိခွင့်ရခဲ့ကြတယ်။

၂။ နိုင်အောင်၊ အောင်နိုင်၊ မိုးသီးဇွန် ဆိုတဲ့ ကောင်တွေရဲ့ မှားယွင်းတဲ့ အယူဝါဒ၊ ခေါင်းဆောင်မှုနဲ့ တယူသန်ဝါဒတွေရဲ့အောက်မှာ တပ်ဖွဲ့ဝင်အချင်းချင်း အစိုးရ ထောက်လှမ်းရေးသူလျှို ဆိုပြီး စွပ်စွဲ၊ ရက်ရက်စက်စက် လည်ပင်းကို ၀ါးကြောနဲ့လှီး၊ ပေါင်ကိုခွဲ ဆားသိပ်၊ အမျိုးသမီး ဆိုရင် မိန်မအင်္ဂါကို တံစို့ကို မီးရဲရဲ ကင်ပြိး ထိုးသတ် ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေသိရှိခဲ့လို့ ABSDF ကို အော့နှလုံးနာခဲ့ကြတယ်။

၃။ တပ်မတော်အစိုးရကနေ လက်ရှိ ဒီမိုကရေစီအစိုးရအဖြစ် နိုင်ငံရဲ့အုပ်ချုပ်ရေးကို အသွင်ပြောင်းလဲလိုက်တဲ့အချိန်မှာ နယ်ပယ်အသီးသီးကိုလဲ မူဝါဒနဲ့ အသွင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာချိန်မှာတော့ ပြည်ပကနေ ယခင်အစိုးရကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြသူတွေကို နဂိုက ဘာတွေဘဲ လုပ်ခဲ့ လုပ်ခဲ့ ဒါတွေကို ပြည်ဖုံးကားချပြီး ပြည်တွင်းကို ၀င်ရောက်လာနိုင်ဖို့အတွက် ဖိတ်ခေါ်မှုတွေပြုလု့ပ်ခဲ့တယ်။

၎။ ဒီလိုအခွင့်အရေးရမဲ့အချိန်ကို စောင့်နေတဲ့ ABSDF ကကောင်တွေ သူတို့ရဲ့ နာမည်သေ ABSDF ကို အသက်သွင်းဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ ABSDF ဆိုတဲ့ နာမည်နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလို နေရာရဖို့ ကြိုးစားခဲ့တယ်။

၅။ ပထမဆုံး နည်းလမ်းအဖြစ် မိုးသီးဇွန် မြန်မာပြည်ပြန်လာပြီး ပြည်သူ့မေတ္တာဘွဲ့များ ရမလား ဆိုပြီး စမ်းကြည့်တယ်။ မိုးသီးဇွန်တို့ ချွေးနဲ့ပေးဆပ်နေပါပြီ ဆိုပြီ ဆန်အိတ်တွေ ဘာတွေတောင် ထမ်းပြလိုက်သေးတယ်။ ABSDF ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ABSDF မြောက်ပိုင်းလူသတ်မှုတွေရယ်၊ မလေရှားမှာ ကုလားတွေနဲ့ပေါင်းပြိး Rohingya ဆိုတဲ့ ကုလားတွေကို မြန်မာတိုင်းရင်းသားဖြစ်အောင် နိုင်ငံခြားသတင်းဌာနတွေနဲ့ လက်ဝါချင်းရိုက် လိမ်ခဲ့တာတွေရယ်ကြောင့် ABSDF ခေါင်းဆောင် တစ်ယောက် ABSDF မြောက်ပိုင်းလူသတ်မှုတွေကြောင့် တရားစွဲခံရမှာလဲကြောက်၊ သူ့ကိုယ်သူ ပြည်သူ့အော့နှလုံးနာကြီး ဆိုတာလဲ သိတော့ ပြန်ပြေးရှာပါတော့တယ်။

၆။ ဒါနဲ့တင် ရပ်သလား ဆိုတော့ မရပ်ပါဘူး၊ ABSDF နည်းလမ်းရှာပါပြီ၊ ပြောင်ပြောင်တင်းတင်း ပါဘဲ၊ ဘာမဆိုင် ညာမဆိုင် KIA ဆီကို ပြေးကပ်ပြိး ABSDF ကို အသက်သွင်းဖို့ ကြိုးစားပြန်ပါတယ်။ KIA က တပ်မတော်ကို ခြုံခိုတိုက်တဲ့အခါ၊ KIA က အသာစီးရနိုင်တဲ့ တိုက်ပွဲတွေ မှာ Movies ဖိုင်တွေ ဓာတ်ပုံတွေ ရိုက်၊ တရုတ် Internet လိုင်းကိုသုံးပြီး နိုင်ငံခြားသတင်းဌာန၊ အစိုးရကို ကန့်လန့်တိုက်နေတဲ့ သတင်းဌာနတွေ၊ Social Network တွေပေါ်ကို တင်ပြီး KIA ဘက်က ကူသယောင်နဲ့ ABSDF ကို နာမည်ရအောင် လုပ်တယ်။ တိုက်ပွဲ movies ဖိုင်တွေမှာ ABSDF ဆိုတဲ့ နာမည်ကို ပါအောင် သုံးတယ်။

၇။ လက်ရှိအခြေအနေမှာ တိုက်ပွဲကာလ ကြာလာတာနဲ့အမျှ KIA ရဲ့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွတ်လိုတဲ့ မူဝါဒ၊ ကချင်ပြည်နယ်က သံယံဇာတတွေကို ယခင်ကလိုဘဲ လက်ဝါးကြီးအုပ်၊ လိုင်ဇာကနေ တရုတ်ကို ခိုးထုတ်ပြီး အမြတ်ကြီးစားဘဲ ဆက်လုပ်ချင်နေတာပါ ဆိုတဲ့ ရုပ်လုံးကလည်း ပေါ်လာ၊ KIA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူတွေကလည်း ပြင်းပြင်းထန်ထန် ရှုံချ၊ စစ်ရေးအရလဲ KIA ဌာနချုပ်ကလွဲလို့ စခန်းတွေအားလုံး ကျပြီး ရှုံးနိမ့်တော့မဲ့ အခြေအနေကို ရောက်နေပြီ ဆိုတော့ ABSDF အတွက် ကျင်းထဲကြပ်ထဲကို ရောက်နေပါပြီ။

၈။ ABSDF အတွက် ဒုတိယနည်းလမ်းကလည်း အဆင်မပြေပြန်ပါဘူး။ ပြည်သူကလည်း ဘယ်လိုနည်းနဲ့မှ လက်ခံမှာမဟုတ်ဘူး ဆိုတာ သိသွားပါတယ်။ ဒီတော့ တစ်ဘက်လှည့်နဲ့ ၀င်ဖို့ ကြိုးစားပါလိမ့်မယ်။ ဥပမာ (KIA ရဲ့တပ်စခန်းတွေ၊ လက်နက်၊ အင်အား၊ တည်နေရာတွေ) ကို အစိုးရကို သတင်းပေးတဲ့ နည်းလမ်း သုံးပြီး အစိုးရကိုကပ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ABSDF အတွက် နောက်ဆုံး ထွက်ပေါက်ရှာမဲ့ နည်းလမ်းဖြစ်ပါတယ်။

၉။ KIO / KIA တွေ သိဖို့က လူသတ်အဖွဲ့ ABSDF ဆိုတာ KIA ကို ချစ်လွန်းလို့ လာ ပူပေါင်းတာ မဟုတ်ဘူး။ ABSDF ဆိုတဲ့ နာမည်သေ တစ်လုံးကို အသက်သွင်းချင်လို့ KIA ဆီကို လူသတ်အဖွဲ့ ABSDF က လာကပ်နေတယ် ဆိုတာပါဘဲ။

From: myanmarpyithar

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ