May 5, 2012

ခွေးပြေးပြေးရတဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ..နယ်ခြားစောင့်တပ်ကိုတောင် မနိုင်ပဲ အစိုးရတပ်ကို တိုက်ချင်သေးတယ်

ကချင်ပြည်နယ် ပန်ဝါမြို့နယ်ခွဲ လုပီကျေးရွာအနီး တည်ရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးချုပ်ရုံး ကွပ်ကဲမှုအောက် အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်အား ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့သည် ၄င်းတို့၏ ကျဆင်းနေသော စစ်ရေးသိက္ခာ မြှင့်တင်နိုင်ရေး နယ်စပ်မြို့ဖြစ်သည့် ပန်ဝါမြို့နယ်ခွဲအား သိမ်းပိုက်နိုင်ရေး၊ ကေအိုင်အေ အမာခံနယ်မြေ ဖြစ်စေရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ သိမ်းပိုက်ချဲ့ထွင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၁၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှစ၍ အင်အားအလုံးအရင်းဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။

 အဆိုပါ ကေအိုင်အေ(ကချင်) လက်နက်ကိုင် အင်အားစုများအား အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်မှ တပ်မှူးနှင့်တကွ အရာရှိ/စစ်သည်မိသားစုများက ဧပြီလ ၂၇ ရက်နေ့အထိ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်သကဲ့သို့ လှုပ်ရှားတပ်မတော် စစ်ကြောင်းများမှလည်း ဧပြီလ ၂၇ ရက်တွင်ပင် စစ်ကူပစ်ကူ အချိန်မီရောက်ရှိပြီး နယ်ခြားစောင့်တပ်နှင့် ပူးပေါင်းတိုက်ပွဲဝင်ခဲ့ရာ ဧပြီလ ၂၉ ရက်နေ့ တပ်မတော်စစ်ကြောင်းများ၏ တန်ပြန်တိုက်ခိုက်မှု အပါအဝင် တိုက်ပွဲကြီးငယ် ၁၁ ကြိမ်ဖြစ်ခဲ့ပြီးနောက် ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့များသည် အထိအခိုက်အကျအရှုံးများစွာဖြင့် အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်၏ တောင်ဘက်နှင့် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့ပါသည်။ ဆုတ်ခွာထွက်ပြေးလျက်ရှိသည့် သောင်းကျန်းသူများနောက်သို့ တပ်မတော်စစ်ကြောင်းများမှ ထက်ကြပ်လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သိရှိရပြီး မေလ ၃ ရက်ထိ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့ဘက်မှ လက်နက် ၁၄ လက်၊ အလောင်း ၂၉ လောင်း၊ အရှင်ဖမ်းဆီးရမိ တစ်ဦး၊ ခဲယမ်းနှင့် မိုင်းအမြောက်အမြား သိမ်းဆည်းရမိကာ တပ်မတော်ဘက်မှ စစ်သည်နှစ်ဦး တိုင်းပြည်အတွက် အသက်စွန့်ခဲ့ရပြီး အရာရှိသုံးဦးနှင့် စစ်သည် ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် တိုက်ပွဲကြောင့် အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်ရှိ ရိက္ခာဂိုဒေါင် အဟောင်းတစ်လုံး မီးလောင်ပျက်စီးပြီး စစ်သည်နေအိမ် အဆောက်အအုံများ လက်နက်ကြီး/ လက်နက်ငယ် ကျည်များထိမှန်ကာ အနည်းငယ်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ 

ထွက်ပြေးဆုတ်ခွါနေသော ကေအိုင်အေသူပုန်များ
အဆိုပါ ကေအိုင်အေ သောင်းကျန်းသူအဖွဲ့များသည် လမ်းခရီးတစ်လျှောက် ဒေသခံတိုင်းရင်းသားများအား စစ်ဆင်ရေး အထမ်းသမားများအဖြစ် ကျေးရွာပေါင်း ၂၃ ရွာမှ ရွာသူရွာသား ၃၄၅ ဦးအား အဓမ္မဖမ်းဆီး ခေါ်ဆောင်အသုံးပြုခဲ့ကြောင်း၊ ထွက်ပြေးလွတ်မြောက်လာကြသည့် အထမ်းသမားနှစ်ဦးမှ ပြောကြားခဲ့သည်။

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ