May 4, 2012

ဆုငွေဘတ် ၁ သန်းတန် မူးယစ်ရာဇာ စောလားပွယ်ကို ထိုင်းအစိုးရက လာပြီးအဖမ်းခံဖို့ တောင်းဆိုနေပြီ



ဗိုလ်နှုတ်ခမ်းမွှေး(ခေါ်)ဗိုလ်ချုပ်စောလားပွယ်ဟာ ကလို့ထူးဘောတပ်ဖွဲ့ ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင် ကနေ ထိုင်းအစိုးရကို အာခံအံတုပြီး ထိုင်းနိုင်ငံ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်စီးလုပ်မယ့်အကြောင်း၊ နယ်စပ်ဒေသ မတည်မငြိမ်ဖြစ်အောင် လုပ်မယ့်အကြောင်း၊ ထိုင်း-မြန်မာ နယ်စပ်တံတားကို အသုံးပြုလို့မရအောင် ပိတ်ပင်သွားမည့် အကြောင်းနဲ့ ထိုင်းဒုဝန်ကြီးချုပ် ချရုမ်လ်ယူဘန်းရှုး(Chalerm Yoobamrung) ကိုလည်း မမှန်မကန်စွပ်စွဲမှုအတွက် ဖြေရှင်းပေးရမည်ဟု သတင်းထောက်တွေရဲ့ရှေ့မှာ ကမ္ဘာသိ စိန်ခေါ်အံတုနေလို့ ထိုင်းအစိုးရက စောလားပွယ်ကို ထိုင်းအစိုးရထံ လာရောက်အဖမ်းခံဖို့ ထိုင်းရုပ်သံကနေတဆင့် တောင်းဆိုထားပါတယ်။

 
ဒီနေ့ နယ်စပ်ကရရှိတဲ့သတင်းများအရ ကလို့ထူးဘောတပ်ဖွဲ့လှုပ်ရှားရာဒေသရှိ နယ်စပ်တလျှောက် ဖုတ်ဖဒေသနှင့် အုန်းဖန်ဒေသတွေမှာ ထိုင်းစစ်တပ်မှ လုံခြုံရေးတပ်များ အင်အားတိုးမြှင့်ပြီး တင်းကြပ်စွာ ချထားကြောင်း၊ နယ်စပ်ရှိ ထိုင်း ပြည်သူများကိုလည်း ကလို့ထူးဘောတပ်ဖွဲ့နယ်မြေအတွင်းသို့ ဖြတ်သန်း သွားလာခြင်းမပြုရန် ထိုင်းစစ်တပ်မှ ပိတ်ပင်တားဆီးထားကြောင်း သိရှိရပါတယ်။
စောလားပွယ်ဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ လှည့်လည်ကျက်စားနေပြီး မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းဝယ်ခြင်းနှင့် ဓါတ်သတ္တု၊ ခဲမဖြူ၊ ခနောက်စိမ်း စတာတွေကိုလည်း တရားမဝင်တူးဖော်ကာ စီးပွားရှာလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံက အလိုရှိနေတဲ့ မူးယစ်ရာဇာတစ်ဦးဖြစ်သလို မြန်မာအစိုးရအနေဖြင့်လည်း မူးယစ်ဆေးဝါးနဲ့ပက်သက်လာရင် လက်ခံမှာမဟုတ်ပါဘူး၊ ထိုင်းအစိုးရရဲ့ တရားဝင်တောင်းဆိုမှု မရှိသေးလို့သာ အခြေအနေကိုစောင့်ကြည့်နေတာ ဖြစ်နိုင်တယ်လို့ ထိုင်း-မြန်မာနယ်စပ်မှ နိုင်ငံရေးစောင့်ကြည့်လေ့လာသူ မြဝတီမြို့သားတစ်ဦးက ဝေဖန်ပြောကြားခဲ့ပါတယ်။
 ထိုင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် နယ်စပ်တလျှောက်ရှိ နှစ်နိုင်ငံ ပြည်သူလူထုများကလည်း စောလားပွယ်ရဲ့ ကလို့ထူးဘောတပ်ဖွဲ့များနှင့် ထိုင်းစစ်တပ်ကြား ပဋိပက္ခဖြစ်ပြီး စစ်ပွဲများဖြစ်လာမှာကို စိုးရိမ်ကြောင်းနှင့် ထိုင်းအစိုးရအနေဖြင့် မူးယစ်ရာဇာ စောလားပွယ်ကို ဘယ်လိုကိုင်တွယ်သွားမယ်ဆိုတာကို အထူးစိတ်ဝင်စားလျက်ရှိပြီး စောင့်ကြည့်နေကြပါတယ်။
 _______________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

စောလားပွယ်လည်းစောက်ကျင့်ကောင်းသူမဟုတ်။ဆန်ကုန်မြေ
လေးသမားတွေ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ