May 5, 2012

လွယ်ဂျယ်ကိုတိုက်ရန် KIA ဗဟိုက အမိန့်ပေးလိုက်ပြီ

ကချင်(KIA) တပ်ဖွဲ့တွေအနေနဲ့ လတ်တလောကျဆင်းနေတဲ့ စစ်ရေးသိက္ခာ ပြန်လည်အဖတ်ဆယ်ဖို့အတွက် တိုက်ကွက်ဖော်ဖို့ ပြင်ဆင်နေတယ်လို့ လိုင်ဇာမှလာတဲ့ သတင်းတွေအရသိရှိရပါတယ်။ KIA အနေနဲ့ ပန်ဝါဘက်မှာရှိနေ တဲ့ နယ်ခြားစောင့်တပ်တွေကို သွားရောက်တိုက်ကွက်ဖော်ခဲ့ရာမှာ ထင်သလောက်အောင်မြင်မှုမရှိဘဲ အကျအဆုံးများပြား စွာနဲ့ ဆုတ်ခွာထွက်ပြေးခဲ့ရတဲ့အတွက် အခုခါမှာတော့ လွယ်ဂျယ်ကို ၀င်တိုက်ဖို့ ပြင်ဆင်နေပါတယ်။KIAတပ်မဟာ(၂)နဲ့ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ရင်း(၁၄) ရင်း(၂၀)က တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ သူတွေကိုလိုင်ဇာဌာနချုပ်မှာ အင်အား ဖြည့်တင်းထားရှိပါတယ်။
    KIA တွေအနေနဲ့ ဒီတစ်ခါ လွယ်ဂျယ်ကို တိုက်ရင်တော့ အနိုင်ရအောင်တိုက်မယ်လို့ ကြုံးဝါးထားပါတယ်။ ဒါကြောင့်မို့ အဖက်ဖက်ကပြင်ဆင်တဲ့အနေနဲ့ စစ်ရေးမှာ လိုအပ်ရင် အသုံးပြုဖို့ အရပ်သားတွေကိုလဲ ဖမ်းထားသလို ရိက္ခာ နဲ့ ဆက်ကြေးတွေလဲ အတင်းအကြပ်ကောက်ခံနေပါတယ်။ ၀ိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာနားမှာ ရွှေကျင်း လုပ်ကိုင်နေတဲ့ လုပ်သား(၃၀)နဲ့ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအရှေ့တောင် နန့်ပန်းအောင်ချောင်းဖျားမှာ အလုပ်လုပ်နေတဲ့ရွှေမှော် လုပ်သား(၄၃)တို့ကို KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီလိုမျိုးအတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ သူတွေအားလုံးကို တိုက်ပွဲဖြစ်တဲ့နေရာတွေ ခေါ်သွားပြီး အထမ်းသမားများအဖြစ် အသုံးပြုဖို့စီစဉ်နေတယ်လို့ လိုင်ဇာမှာရှိနေတဲ့ KIA အရာရှိတစ်ဦးပြောပါတယ်။  လွယ်ဂျယ်ကို တိုက်တာနဲ့တပြိုင်နက် အနီးပတ်ဝန်းကျင်မှာရှိတဲ့ လမ်း၊ တံတားတွေပါ တစ်ပါတည်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးပစ်ဖို့ စီစဉ်ထားတယ်လို့ KIA ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရှိရပါတယ်။ KIA တပ်တွေအနေနဲ့ ကချင်ပြည်နယ်ရဲ့ နေရာအနှံ့မှာ အဖျက်လုပ်ငန်းတွေလုပ်နေတာဟာဖြင့် အလွန်ကို အကျည်းတန် ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ ဖြစ်နေပါတယ်။ လူသားချင်းစာနာထောက်ထားခြင်းမရှိသလို ကချင်ပြည်နယ်ကြီးအေးအေးချမ်းချမ်းဖြစ်နေမှာကိုလဲ မလိုလားပါဘူး။ ဒါကြောင့် KIA တပ်တွေဟာအဖျက်လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်နေသလို စစ်တပ်နဲ့ရဲစခန်းတွေကို လဲ လူအင်အားနဲ့တိုက်ခိုက်ဖို့ ပြင်ဆင်နေခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

wai hlaing said...

kia ကို အပြတ်တိုက်တာကောင်းပါတယ် ဘာဖြစ်လိုလည် ဆိုတော့ ဒီကောင်းတွေ က အဖျက်သမာတွေပါ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ