May 2, 2012

KIA အဖွဲ့မှပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များအဆက်မပြက်လုပ်ဆောင်လျက်ရှိ

၂၄ရက်နေ့တုန်းက မြစ်ကြီးနားပူတာအို လမ်းမှာ KIAကစစ်သားတွေက မနက်၈နာရီကျော် လောက်မှာ ယာဉ်တွေ ဆိုင်ကယ်တွေကို တားပြီးခရီးသည် (၄၅) ဦးလောက်ကိုထိုင်ခိုင်းပြီး ခရီးသည် တွေမှာပါလာတွေ ငွေတွေ လက်ဝက်လက်စားများကို  အဓမ္မသိမ်းယူခဲ့တယ်။ ၎င်းမှာပါသွားတဲ့ ဆိုင်ကယ် ကယ်ရီသမားတစ်ဦးက အခုလိုသူတို့(KIA) က လုပ်ဆောင်နေတာတွေက အကြောင်းမဲ့သတ်သတ် လက်နက် ကိုင်ပြီး ကျွန်တော်တို့ ကောင်းရောင်းကောင်းဝယ်ပြုနေတာကို အတင်းလိုက်ပြီးတော့ဒမြတိုက်သလို အနိုင်ကျင့် သလိုဖြစ်နေတယ်။ ပိုက်ဆံတွေနဲ့ လက်ဝက်လက်စား တွေကိုယူရုံမကဘဲ ဆွပ်ပရာဘွမ်ဆေးရုံမှ သူနာပြုဆရာမ (၂) ယောက်ကိုလဲခေါ်ဆောင်သွားခဲ့တယ်။ ဘာလုပ်ဖို့ခေါ်ဆောင်သွားလဲဆိုတာတွေတော့ မသိဘူး။ သူနာပြုဆရာမတွေ ဘာတွေလုပ်ခိုင်းမယ်ဘာတွေလုပ်မယ်ဆိုတာတော့ မသိနိုင်ပါဘူး။ အရင်တုန်း ကလည်း ဒီလိုဘဲမိန်းကလေးတွေကိုဖမ်းဆီးခေါ်ဆောင်ကြပါတယ်။ အမျိုးသမီးတွေရဲ့ဘ၀ ကတော့ အတွေးဝံ့စရာပါဘဲ။ တိုင်လဲမတိုင်ရဲကြပါဘူး။ တိုင်ရင်လဲ အသတ်ခံ ရမှာကိုကြောက်ကြတာကိုး။ ကချင်ပြည်နယ်ရှိတဲ့ပြည်သူများရဲ့ဘ၀ကတော့ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်း နေပါပြီး လူဖြစ်တာချင်းအတူတူ ကချင်ပြည်နယ်မှာလူဖြစ်တာ လူဖြစ်ရှုံးသလိုဖြစ်နတာပေါ့။

၂၉ရက်နေ့တုန်းကလဲ မိုးကောင်းမြို့မှာ ခရီးသည်ပို့ဆောင်ရေးဂိတ်မှူးများတွေကို ဆောင်းခါးတိုက်နယ် မှာရှိတဲ့ KIO ရုံးကိုခေါ်ဆောင်သွားပြီး အဲဒီကနေ နန့်ဟိုင်းကျေးရွာကိုဆက်လက်ခေါ်သွားပြီးရွာရှိအိမ် တစ်အိမ်တွင် ဂိတ်မှူးတွေကို ဂိတ်တစ်ဂိတ်လျှင် (၈)သိန်း ၂ ပတ်အတွင်းပေးဆောင်ရမယ်လို့ပြောပါတယ်။ မပေးနိုင်ရင် ခရီးသွား  လုပ်ငန်းကိုရပ်ဆိုင်းထားရမယ်လို့ သတိပေးထားခဲ့တယ်လို့သိရပါတယ်။ ဂိတ်မှူးများက တော့တော်တော်လေးကို စိတ်ညစ်နေတယ်။ မိုးကောင်းရှိဂိတ်မှူး တစ်ဦးက ခရီးလမ်းကလဲ KIA က လမ်းတွေမှာရှိတဲ့ တံတားတွေကို မိုင်းခွဲ ပိုက်ဆံတောင်းနေတာကြောင့် ခရီးသွားလုပ်ငန်းရော ကုန်စည် စီးဆင်းမှုပါအဆင်မပြေမှုတွေဖြစ်နေပြီး ခရီးသည်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင် အခက်အခဲဖြစ် နေကြတယ်။ ဂိတ်မှူးတွေက ခရီးသွားလုပ်ငန်း အဆင်မပြေတဲ့ကြားက အခုလိုငွေတောင်းခံနေမှုကြောင့် စိတ်ဒုက္ခရောက်နေ ရတယ်။ မပေးဘူးပြောပြန်ရင်လဲ အသတ်ခံရမယ်၊ ပေးဖို့ကလည်း ပိုက်ဆံကမရှိတော့ ဘယ်လိုလုပ်ရမှာလဲ ဆိုတာကိုစိတ်ဆင်းရဲနေကြရတယ်။  

ကြုံသလို ဓါးပြတိုက် မုဒိန်းကျင့် နေသော ကေအိုင်အေ ဓါးပြများ
၂၉ရက်နေ့ကဘဲ မိုးညင်းမြို့နယ်ရှိမော်ဟန်မြို့နယ်ရှိ  နန်းပေါင်ချောင်းဖျား ရွှေမှော်မှာ KIA စစ်သား  ၂၀ လောက်ရောက်ရှိလာပြီး ရွှေမှော်မှာ လုပ်ကိုင်နေတဲ့လက်လုပ်လက်စားရွယ်ကောင်းတဲ့လူငယ် ၂၃ယောက် အားကြိုးတွေနဲ့တုတ်ပြီးခေါ်ဆောင်သွားခဲ့တယ်၊ ခေါ်ဆောင်သွားတာတော့ ၁၃ နှစ်ကနေ ၂၅ နှစ် ပတ်ဝန်းကျင် လောက်တော့ရှိကြတယ်။ သူတို့ လူသစ်လာစုကြတယ်ထင်ပါတယ် အခုမှမဟုတ်ပါဘူး အခု နောက်ပိုင်းမှာ ခဏခဏ လာလာ ခေါ်နေပါတယ်။ သူတို့ဆီမှာ စစ်တိုက်ဖို့ခေါ်ဆောင်သွားတဲ့သူတွေကို သူတို့က အတင်းစစ်တိုက်ခိုင်းကြတယ်။ ဒီကလူတွေကတော့ တော်တော်လေးစိတ်ဆင်းနေကြတယ်။ ငြိမ်းချမ်း ရေးဆွေးနွေးနေတယ်လို့ကြားနေရပေမယ့် KIA ခေါင်းဆောင်ပိုင်းက ငြိမ်းချမ်းရေးမယူချင်ပုံရပါတယ်။ အဆင်ပြေတယ်ကိုမရှိပါဘူး။ သမ္မတကြီးက သဘောထားပြည့်နေပေမယ့်လဲ။ အခု သူတို့ KIA ခေါင်းဆောင်ပိုင်းရဲ့လုပ်ဆောင်ချက်တွေက အကြမ်းဖက်လုပ်ရပ်တွေဖြစ်နေတယ်။
တံတားတွေကိုမိုင်းခွဲတယ်။ ရွှေမှော်ကအလုပ်သမားတွေကိုအတင်းလူသစ်စု အတင်းစစ်တိုက် ခိုင်းတယ်။ အမျိုးသမီးငယ်တွေကို အဓမ္မပြုကျင့်တယ်။ အကြောင်းမဲ့လူတွေသတ်နေတယ်။ သမ္မတကြီးက ဘာဖြစ်လို့ ဒီလောက်တောင်သဘောထားတွေကြီးနေရတာလဲ။ ကျွန်တော်ကိုယ်ကျွန်တော် ရှက်မိပါတယ် ကချင်လူမျိုး တစ်ယောက်ဖြစ်နေတာကို။  အခုလိုဖြစ်ပျက်နေတဲ့ကိစ္စတွေက တစ်ခုတည်းမှမဟုတ်ပါဘူး အများကြီးပါ။ ကချင်လူမျိုးတွေကို စာနာသနားသောအားဖြင့် စဉ်းစားပြီး တာဝန်ယူဖြေရှင်းပေးကြပါလို့ ကျွန်တော် ကချင်လူမျိုးတစ်ယောက် ပြည်သူတစ်ယောက်အနေနဲ့ လက်တွေ့ခံစားနေရမှုတွေကိုရင်ဖွင့် လိုက်ရပါတယ်။



အဓမ္မစစ်သားအဖြစ်စုဆောင်းပြီး အတင်းမနိုင်သောစစ်ကိုတိုက်ခိုင်းခံနေသော KIA စစ်သားလေးများ

__________________________________________________________________
 

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ