Nov 2, 2012

KIO ကဖမ်းပြီး ABSDF(၈၈)ကျောင်းသားသတ်မတော်(မြောက်ပိုင်း) တပ်ဖွဲ့သို့ လက်ဆောင်ပေးလိုက်တဲ့ မပြည့်ပြည့်ဝင်း(၁၉နှစ်)အိမ်ပြန်လိုကြောင်း ဆက်သွယ်ခဲ့

From:ဟာကြူလီ(ကသာ) ၈၈မျိုးဆက်ကျောင်းသား တပ်မတော်(မြောက်ပိုင်း)အတွင်းရောက်ရှိနေသော ဖမ်းဆီးခံအရပ်သူတစ်ဦး နေရပ်ပြန်လိုသော်လည်း အခက်အခဲတွေ့ကြုံနေရပါတယ် ။

၂၀၁၂ခုနှစ် မတ်လအတွင်း ၀ိုင်းမော်မြို့နယ်အောင်မြေ၁တွင် နေ့စား မုန့်ညှင်းရိပ်လုပ်ကိုင်သူ မပြည့်ပြည့်ဝင်း(အသက်၁၉နှစ်)နှင့်အိမ်ရှင်သမီးဖြစ်သူတို့အား ကေအိုင်အိုအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပါသည်၊ မပြည့်ပြည့်ဝင်း၏ အဖိုးဖြစ်သူနှင့် သူ၏မိတ်ဆွေများက ကေအိုင်အို တပ်တည်ရှိရာလိုင်ဇာအနီးစုံစမ်းရာစုလှိုင်နှင်းဆိုသူနှင့်အတူမပြည့်ပြည့်ဝင်းမှာ၈၈မျိုးဆက်ကျောင်းသားတပ်မတော်အတွင်း ရောက်ရှိနေကြောင်း ခိုင်လုံစွာသိရှိခဲ့ရပါသည်၊



ထိုသို့ရောက်ရှိနေခြင်းမှာ ဖမ်းဆီးခေါ်ဆောင်ခဲ့သူများမှ မပြည့်ပြည့်ဝင်းနှင့် မစုလှိုင်နှင်း တို့နှစ်ဦးအား ၈၈မျိုးဆက်ကျောင်းသားတပ်မတော်သို့ လက်ဆောင်ပေးခဲ့ခြင်းကြောင့်ဖြစ်သည်ဟုသိရပါသည်၊

သူတို့နှစ်ဦးမှာ ၈၈မျိုးဆက်ကျောင်းသားတပ်မတော်အတွင်း တစ်ရက်လျှင် (၁)နာရီခန့်ကင်းစောင့်ခြင်းအလုပ်ကို လုပ်ကိုင်နေကြရပါသည်၊ယခုအခါ ထိုအမျိုးသမီး(၂)ဦးမှာ မိဘများထံပြန်နေလိုကြပြီး မိဘများမှာလည်း အထူးစိုးရိမ်ပူပန်လျှက်ရှိနေကြောင်း အဖိုးဖြစ်သူဦးတင်မှ ကျွန်တော်ထံလာရောက်ပြောကြားခဲ့ပါသည်၊

အသက်၆၄နှစ်အရွယ်ရှိ ဦးတင်သည် ဒီပဲယင်းမြို့နယ် ကံမြားရွာတွင်နေထိုင်သူဖြစ်ပြီး သူတို့မြေးအဖိုး ပြန်လှယ်အတူ နေထိုင်ခွင့်ရရေးအတွက် လူသားချင်း ကြင်နာစိတ်များဖြင့် ကူညီပေးကြရန်လည်း ပြောကြားခဲ့ပါသည်၊
ဦးတင်အား ဆက်သွယ်မေးမြန်းလိုသူများအနေဖြင့်
 ဖုန်း(၀၉-၄၀၀၄၆၆၁၁၀)သို့
ဆက်သွယ်နိုင်ပါကြောင်း သတင်းရရှိပါသည်၊
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ