Oct 28, 2012

ပါတီ အတွင်း စုတ်ပြတ်သတ်နေသော အကျင့်များကြောင့် ပုသိမ် NLD များ ပါတီစွန့်ခွါမှု သတင်းဓါတ်ပုံများနှင့် ဆင်ခြယ်ဖွယ်နောက်ခြေတလှမ်း ( ဓါတ်ပုံ )

ပါတီအတွင်း ဒီမိုကရေစီစနစ်မရှိခြင်း ဗဟိုချုပ်ကိုင်မှုစနစ်ရှိခြင်း ဗဟိုနှင့်နီးစပ်သူများက အာဏာပြခြင်း ထိုင်ခုံလုခြင်းများကြောင့် ပုသိမ် NLD ပါတီဝင်များ ၅၀၀ ကျော်နှုတ်ထွက်ခဲ့ပါတယ် ။ဒေါ်အောင်ဆန်းစုကြည် ပုသိမ်သို့ရောက်ရှိစဉ်ကာလကလည်း မကျေနပ်ကြောင်း ဖော်ထုတ်ပြောဆိုခဲ့တဲ့ ပါတီဝင် ၅၀၀ လုံးကို လက်ခံတွေ့ဆုံခြင်းမရှိပဲ မိုးရေထဲမှာ ၆ နာရီလုံးလုံး ပစ်ထားခဲ့တဲ့အတွက် ပုသိမ်မြို့ NLD ပါတီဝင်များက စိတ်နာပြီး အခု ပါတီဆိုင်းဘုတ်နဲ့ အလံကို ဖြုတ်ချလိုက်ပါပြီ ။
ဆိုင်းဘုတ်ကိုလည်း နောက်ဆုံးအချိန်မှာ အဝတ်ဖြူ အုပ်လိုက်ပါပြီ ။မြန်မာ့အယူအဆအရ နောက်ဆုံးအချိန် အဝတ်ဖြူအုပ်တယ်ဆိုတာ သေသူများ မသာ များကိုသာ အုပ်လေ့ရှိတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ် ။ဒါကြောင့် ပုသိမ်မြို့ NLD ပါတီဝင်များရဲ့ နှုတ်ထွက်မှု မကျေနပ်မှုများမှ စကာ တနိုင်ငံလုံးရှိ NLD ရုံးများသို့ကူးစက်နိုင်ပါတယ် ။NLD အတွက် အဝတ်ဖြူအုပ်ခြင်း နီးစပ်လာတော့မည်လားဟု သုံးသပ်မိပါသည် ။ပုသိမ် NLD ပြီးရင် ဒုတိယ အကွဲအပြဲ ဇတ်လမ်းမှာ ထားဝယ် မြို့ NLD ရုံးဖြစ်ပြီး ယခုလည်း ပုသိမ်ဒီချုပ်များ နှုတ်ထွက်မှူ လမ်းစဉ်ကို လိုက်တော့မည့် အလားအလာများ တွေ့နေရပါသည် ။ယခုဆိုလျှင် တနသာင်္ရီဒေသရှိ NLD ရုံးများသို့ ရုံးချုပ်အနေဖြင့် ဖုန်းအဆက်အသွယ်အမြဲပြုလုပ်ကာ ပုသိမ်ပါတီဝင်များ လမ်းစဉ်ပုံစံလျှောက်လှမ်းမည်ကို စိုးရိမ်တကြီး စောင့်ကြပ်နေပါတယ် ။











နောက်ဆုံးအဝတ်ဖြူလွမ်းတယ်ဆိုတာ မသာတွေကိုမှ လွှမ်းပေးတာပါ


(မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ခံယူချက်မရှိဘဲ အားလုံးက အခွင့်အရေးရမလား ဆိုတဲ့ အပေါစား စည်းရုံးမှုနဲ့ လှုပ်ရှားခဲ့ကြတာကို ဒီလို အကွဲအပြဲနဲ့ပဲဇာတ်သိမ်းသွား မှာပါ စနစ်တကျ ထူထောင်ထားတဲ့ အဖွဲ့အစည်းမျိုးမှ မဟုတ်တာ ဒေါ်စု သေရင် ပိုတောင်ဆိုးလာဦးမယ် မူလလက်ဟောင်း NLD တို့ New Generation NLD တို့ တပတ်နွမ်း NLD တို့ ဖြစ်လာဖို့ရှိသေးတယ်...စောင့်သာကြည့်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ