Nov 28, 2012

ယနေ့ဖြစ်ပေါ်နေသော စိုးရိမ်ဖွယ်ရာ မြင်ကွင်းများ မြင်သလိုဆွေးနွေးကြပါစို့

အစိုးရသစ်ကာလ ၂နှစ်နီးပါးဖြစ်လာချိန် အကောင်းအဆိုး အကြောင်းအမျိုးမျိုးတွေထဲမှာ
အပြုသဘောကြည့်ရင်တိုးတက်တယ်ဆိုရမှာဖြစ်ပေမဲ့ လိုအပ်ချက် အားနည်းချက်တွေလည်းမနည်းဘူးလို့ဆိုရပါမယ် ဒါပေမဲ့ ဦးသိန်းစိန် ကြည့်ရတာတကယ်ကိုရှေ့ဆက်သွားတော့မယ်လို့ ထင်ရသလို နောက်ပြန်မလှည့်ဘိုလု့ မြန်မာသိ နိုင်ငံတကာသိ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်အာမခံနေမှုဟာလည်း ယုံကြည်လောက်ဖွယ်ဖြစ်သလို မယုံမရဲဖြစ်စရာ ၀န်ကြီးဌာနအချို့ရဲ့ အားနည်းချက်တွေ အထူးသဖြင့် စာရေးသူရဲ့ကိုယ်ပိုင်ထင်မြင်ယူဆချက်ပါ ရှေ့ဆက်သွားပြီးခရီးမရောက်စေချင်သူ၊ပြည်တွင်းပြည်ပ လူတစ်စု အဖွဲ့အစည်းအချို့ ဟာ သူငယ်တန်းတက်ပြီး ညီ/ညီမငယ်တစ်ယောက်ရနေချိန်ထိ နို့မပြတ်တဲ့ ကလေးလို သမားရိုးကျ ၀မ်းရေးအလုပ်လိုရပ်တည်လုပ်ကိုင်ခဲ့ကြတဲ့အရသာကို မစွန့်နိုင်ကြဘဲ ၈၈ ပုံစံ ပြန်ဖန်တီးနေကြတာ ရင်လေးစရာ ထင်ထင်ရှားရှားမြင်နေရပါပြီ။

ပွင့်ပွင့်လင်းလင်း ကိုယ့်အမြင်ကိုယ်ပြောရရင် ဒီလူတွေကို ကျနော်တော့ လုံးဝမကြိုက်ပါ။
ကျနော်တို့မြန်မာနိုင်ငံရဲ့ ၂၁ ရာစုမျိုးဆက်သစ်တွေကို ၂၀ ရာစုရဲ့ ခါးသီးမှုမျိုးတွေ မကြုံစေချင်တော့ပါ။
တချို့က ကလေးတွေကိုသမိုင်းဆိုးကိုလက်ညိုးထိုးပြပြီး ဒီလိုပ်မှ သူရဲကောင်းဆိုတာမျိုး
ပေါ်ပြူလာနိုင်ငံရေး ကျနော် အမည်ပေးကြည့်မယ် ဘာမဆို'' NO ''  ဖော်မြူလာကိုသွင်းပေးနေသလိုပါပဲ
ကလေးဆိုလူငယ်ဆိုတာထိုးထွက်ဆန့်ကျင်ကိုယ်တိုင် စမ်းသပ်ချင်တတ်တဲ့သဘ၀ကိုအသုံးချနေ
သလိုမြင်ပါတယ်။

ကျနော့အမြင်ပါ ဒီခေတ် ဒီ/မို ကိုစပြီးလျှောက်နေတဲ့ခေတ်မှာ အမေရိကားမှာ စင်ကာပူမှာ
ရနေတဲ့ right တွေကိုပဲမြင်ပီး ပြပီး ဒါတွေရအောင် ဒီလိုတိုက်ယူ၇မယ်ဆိုတဲ့ ယခင်စစ်အစိုးရစကားပဲယူသုံးပါမယ် Confrontation လိုင်းပေါ်ပဲတင်တာထက် democratic practice တွေရလာအောင် ပညာရေးနယ်ပါယ်မှာ သင်ကြားပေးဖို့ မိမိလုပ်ဆောင်မှုတွေဟာ out of law မဖြစ်အောင် ပြုမူကျင့်ကြံဖို့ဆိုတာမျိုးတွေ လက်ဆင့်ကမ်းပေး တည့်မတ်ပေးတာ ပိုကောင်းမလားလို့ပါ ။ဒါမှ Next decateျမှာ ကျနော်ကလေးတွေဟာ International standard ဖြစ်ပြီး ရင်ဘောင်တန်းနိုင်မယ်လို့မြင်ပါတယ်။

နောက်တစ်ခုကတော့ ပြည်တွင်းငြိမ်းရေး မဖြစ်မနေရမှ ကျနော်တို့နိုင်ငံ ဒီ/မို အပြည့်အဝ
ရမယ်လို့မြင်ပါတယ်။ကျနော်ထင်တယ် ဦးအောင်မင်း weight လောက်နဲ့တော့  အပြည့်အဝ
လုပ်နိုင်စွမ်းမရှိလောက်တော့ဘူလို့ ထင်ပါတယ်။

အစိုးရပဲတာဝန်ရှိတယ် လို့ခံယူပီးအပြစ်ပုံချနေကြမဲ့အစား ဒီအရေးကမှ All inclusive ဖြစ်သင့်တာမို့ အော်လိုက် ဆိုလိုက် ဈေးရောင်းလိုက် အလှူခံလိုက် ပန်းချီရောင်းလိုက် ဟိုလှူဒီပေး ပေါ်ပြူလာ ဖော်မြူလာတွေနဲ့မငြိမ်းချမ်းနိုင်တာ ငြင်းလို့မရတဲ့အတွက်ပြည်သူအားလုံးကိုယ်တိုင် ငြိမ်းချမ်းရေးအတွက်အာသီသရှိစွာနဲ့ သူတို့အပ်နှင်းထားတဲ့အစိုးရနဲ့ ပြည်သူ့ဆန္ဒလို့တစ်ချိန်လုံး ပြောနေကြတဲ့ ကိုယ်စားလှယ်ကြီးများကို တိုက်တွန်းရမှာဖြစ်ပါတယ် ဒီလိုမှမဟုတ်ရင် ကျနော်တို့မျှော်မှန်းချက်တွေပျက်သွားမှာဖြစ်ပါတယ်။

အစိုးရအားထုတ်ပေမဲ့ လွှတ်တော်ကနှာစေးနေတယ်လို့အပြောခံရလောက်အောင်
တကယ်လည်း နှာစေး ငြိမ်ကုပ်နေတာ တကယ်တော့မကောင်းပါ။ ကျနော့အမြင် တာဝန်မဲ့လွန်းသည်ဟုထင်ပါသည်။မြင်ရတာတော့ အစိုးရဆီက အာဏာလုနေသလိုမျိုးခံစားရပါတယ်။
ခုံရုံးပြသနာမျိုးဟာ လွှတ်တော်ရဲ့အာဏာနဲ့ အခွင့်အရေးအတွက်မဟုတ်ပါဘူး ဘယ်လောက်ပဲဆိုဆို အခုပြောနေကြသလို "" လူညီလို့   ဤ ကို ကျွဲ ဖတ် "" ကြခြင်းသည် လွှတ်တော်၏ အဆိုးဝါးဆုံသော ဂုဏ်သိက္ဒ္ခ္ခာဆုံးရှုံးမှု ပြည်သူနှင့်နိုင်ငံတကာရဲ့အထင်သေးမှု မှတ်ကျောက်ဖြစ်စေခ့တာတွေ့ရပါတယ်
အချို့တိုင်းရင်းသားအဖွဲ့များလည်းမရိုးသားဟုမြင်ပါသည်။ငြိမ်းချမ်းရေးအကြောင်းပြပီး လုပ်စားနေသလိုထင်ရပါသည်။ပင်လုံမှာ မရိုးသားသောတိုင်းရင်းသား တချို့၏အသုံးချ တပတ်လှည့်မှုကို ဗိုလ်ချုပ်ပင် အဟုတ်ထင်ပီး ခုထိရှင်းမရသော အမယ်ဘုတ်ရဲ့သူ့ချည်ခင်ဖြစ်နေလို့ ဒေါ်စုတောင် ပင်လုံကိုမအော်တော့တာတွေ့ရပါတယ်။(ပင်လုံဆိုဖင်တုန်အောင်ကြောက်ပါပီတော့)
ယနေ့တိုင်းပြည်မှာ ကျနော်မြင်မိသော စိုးရိမ်ဖွယ်တွေကတော့တစ်နိုင်ငံလုံး ဆန္ဒပြ နေကြသည်။

ဖြစ်သင့်တာကိုတောင်းဆိုခြင်းသည် ဥပဒေအရပဲဖြစ်စေချင်ကြပါသည်။နေရာတိုင်းမှာ ဆန္ဒပြအောင်များဖန်တီးပေးနေ သလားလို့ထင်လာရပါသည်။ဒီလိုနေရာတိုင်းကို တချို့သောလူပုဂ္ဂိုလ်များ တရားဝင်မှတ်ပုံတင်ထာခြင်း ရှိ/မရှိမသိရသောအမည်အမျိုးမျိုးတပ်ထားသော အဖွဲ့အမျိုးမျိုးတို့မှလည်း အချိန်မီတန်းပြီးရောက်နေကြသလိုကို်ယ့်ထမင်းကိုယ်စားပြီး လာရောက်ကူညီနေကြ တာလား ? စဉ်းစားစရာပါ။တဖြည်းဖြည်း ပုံဖော်နေသည်မှာ ၁၉၈၈ အရေးအခင်းပုံစံမျိုးဖော်နေသလို သံသယဖြစ်ဖွယ်
လုပ်ဆောင်မှုတွေလို့ထင်မြင်လာမိပါတယ်။

ဒီလိုဆိုးဝါးတဲ့အနိဌာရုံမျိုးမမြင်မကြားချင်တောုတာအမှန်ပါ။
သေချာတွေးရင်စိုးရိမ်စရာ ရင်လေးစရာအခြေအနေဖြစ်နေပါပြီ။
အစိုးရကော လွှတ်တော်ကော ပြည်သူပါ သတိမမူမိရင် ရှေ့ကိုမလှမ်းနိုင်ဘဲ တိုင်းပြည်
နောက်တစ်ကြိမ်ပြန်ပျက်သွားနိုင်ပါတယ်။
လက်ရှိ နေရာအနှံ့ဖြစ်နေသောအခြေအနေအရပ်ရပ် ( ဆန္ဒပြ့ ပွဲတွေ -ဥပမာ စက်ရုံ အလုပ်သမား လယ်သမား ဈေးသည် မြေယာ လက်ပန်းတောင်းတောင် ကျောင်းသား ဘုန်းကြီး ငြိမ်းချမ်းရေး မြစ်ဆုံ ကျောက်မီးသွေး ဆည် စုံနေတာပါပဲ ထူးတာက ရခိုင်အရေး
ဆန္ဒပြတာတော့ မတွေ့မိသလိုပဲ)ကိုစေ့စေ့ငှငှလေ့လာကြည့်တော့ တစ်စုံတစ်ခုသော အဖွဲ့အစည်းကြီးတစ်ခုခုက စီမံ ထောက်ပံ့မှုရှိနေတယ်ထင်ပါတယ်။မြန်မာနိုင်ငံသမိုင်းတစ်လျောက်ဖြစ်ခဲ့တဲ့ သမိုင်းဖြစ်ရပ် တွေအားလုံးနီးပါးကိုပြန်ကြည့်တော့ ဖြစ်နိုင်ဖွယ်ရှိတာတွေ့နေရတာကို အားလုံးသတိပြုမိစေချင်ကြပါတယ်တချို့ကလည်း ဒါကိုပဲအခွင့်အရေးတစ်ရပ်လိုလုပ်စားနေတာဖြစ်ပါတယ်။နောက်ဆုံးတော့ ပြည်သူပဲနစ်နာတာပါပဲ ။
ပြည်သူကိုမှန်ကန်သောလမ်းကြောင်းပေါ်သာတင်ပေးကြပါ။အခုပြည်ပရင်းနှီးမြှပ်နှံမှုတွေ ထင်သလောက်ဝင်မလဘူးလို့ထင်ပါတယ်။ဒါဟာ Investment Law ကိုပုံချလို့မရပါ။

ကျနော့အမြင်ပါ ၈၈ အဖွဲ့ရဲ့ အလုပ်သမားတွေကို ဆန္ဒပြပွဲတွေဖြစ်အောင်ဖန်တီးပေးပြီး
ကယ်တင်ရှင် ကူညီသူ ဆိုတဲ့ အတွေးတိမ်တိမ်လုပ်ဆောင်မှု အခုဆို လက်ပန်းတောင် လိုမျိုးတွေဟာ ပြည်ပရင်းနှီးမြှပ်နှံလိုသူတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်လာပီး နောက်တွန့်နေကြတာမှ
တိုင်းပြည်တကယ်နစ်နာစေတာလို့မြင်ပါတယ်။

ကိုယ့်နိုင်ငံသားတွေ လုပ်ခလစာ အခွင့်အရေး ပိုတာဝမ်းသာပါတယ်။ တောင်းဆိုမှုမှာ ဆန္ဒပြမှဆိုတာတော့မဟုတ်သေးဟုထင်ပါသည်။မင်းကိုနိုင် သမတ လုပ်ချင်တာ ပြည်သူကိုဆန္ဒပြခိုင်းတဲ့ဖော်မြူလာမသုံးပါနဲ့တော့ ကလေးတွေကို၈၈ ပုံစံမသွင်းပါနဲ့ ဥပဒေကိုလေးစားလိုက်နာတတ်အောင် အသုံးချတတ်အောင်သာ ဒီ/မိုဆိုတာသင်ပေးပါ။ပါတီထောင်ရင်လည်း ၈၈ ရဲ့ ၈ ဦးလောက်သောကျောင်းသားဟောင်းတွေ ထိုင်ခုံလုနေတဲ့ အဖွဲ့တွင်းကြိတ်ရှင်းနေရတဲ့ ပြသနာ ရှိနေမှန်းလည်း သိနေကြပါတယ်။
တကယ်ဆို အစိုးရကမထောက်လို့သာပါ အချို့သော လူထီးလူမ များ အသင်းများအဖွဲ့များဟာ ယနေ့ခေတ်ဥပဒေအရဆိုရင် ၀င်ငွေနဲ့ပတ်သက်ပီး မကြေငြာတာတွေဟာ အရေးယူလို့ရပေမဲ့လွှတ်ထားပေးတာ ကျနော်တို့လည်းမြင်နေပါတယ်။

ပြည်ပရင်နှီးမြှပ်နှံမှုဟာ လက်ရှိအချိန်မှာမဖြစ်မနေလိုပါတယ် ၀င်လာရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ရကိုရမှာဖြစ်ပါတယ်။လတ်တလော ကြားနေရသော တိုင်းရင်းသားများရဲ့ ထူးခြားသော ဖက်ဒရယ် ဟုထင်မိသောကိုယ်ပိုင်အုပ်ချုပ်ခွင့် မှသည်ကိုယ်ပိုင်စစ်တပ်ဖြင့် နေမည် တရုတ်က တစ်နိုင်ငံ စနစ်၂မျိုး
ဟုလေ့လာဖူးပါသည်။ကျနော်တို့နိုင်ငံမှာ တစ်နိုင်ငံ စစ်တပ် ၁၃၅ ခုပုံစံဖြစ်ချင်နေသလား။
ဒါတွေပြည်သူသိသင့်ပါသည် ။ဒါမှဒို့နိုင်ငံဒီလိုလုပ်ရင်ဘယ်လိုဖြစ်သွားနိုင်တယ်ဆိုတာ စာတမ်းဖတ်ပွဲ
(အစိုးရ လွှတ်တော် ပါတီ အသင်းအဖွဲ့ပယောဂမပါသော)များလုပ်ပီး ပြည်သူတွေရဲ့ အသိအမြင်ပိုမိုကျယ်ပြန့်လာအောင်ပြုလုပ်သင့်ပါကြောင်း။


 From:[_မောင်မြန်မာ _]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

သိချင်ပါသည်-
ယနေ့ ဖြစ်ပေါ်နေသည့် ဆနပြမှု့များ ၊ အဖွဲ့အစည်းမျိုးစုံ အမည်တတ်ပြီး မြှောက်ပင့်ပေနေသည့် (၈၈) အပါအ၀င် အဖွဲ့များ၏ လုပ်ဆောင်နေမှု့များသည် တိုင်းပြည် တိုးတက်ရေးဆီသို့ ဆောင်ရွက်နေတာလား ၊ ဒါမှမဟုတ်(၈၈)တုန်းကလို မြေပေါ် မြေအောက် လှုပ်ရှားမှု့များ တပြိုင်နက်လုပ်ဆောင်ပြီး တိုင်းပြည်ပျက်အောင် လုပ်နေတာလားဆိုတာကို လွှတ်တော် အပါအ၀င် တာဝန်ရှိသူတွေ ပြည်သူပြည်သားတွေ သတိမူဖို့ လိုနေပါပြီ ။ ပြည်သူ့ဆန ပြည်သူ့ အသံကို အကောင်အထည် ဖော်နေကြသူများ အနေဖြင့် ယနေ့ လှုပ်ရှားမှု့များသည် အမှန်တကယ် အသံတွေလား ၊ ကြိုတင်စီစဉ် ဆောင်ရွက်နေသည့် အသံတွေလား ဆိုတာ မခွဲခြားပဲ ဒီလိုပဲ လွှတ်ထားမယ် ဆိုရင်ဖြင့် ကျနော်တို့ထက် အဆပေါင်းများစွာ အမြင်ကျယ်တဲ့ အခြားနိုင်ငံတွေက ဒီကို ဘယ်သူမှ လာ ရင်းနှီးမြှုတ်နှံရဲ မှာလဲမဟုတ်ပါဘူး ။ တနေ့ တနေ့ ဆူပူနေတာတွေကို ကြည့်နေရင်း အခုလုပ်ရပ်တွေဟာ နောက်ကြောင်းပြန်လှည့် အောင် တမင်စီစဉ်နေတဲ့ ပုံလဲ ပေါက်နေပါတယ်။ အခု ဆရာကြီးလုပ်နေတဲ့ (၈၈)အဖွဲ့တွေရဲ့ လုပ်ရပ်ဟာ ဒီနေ့ ကျောင်းသားတွေ အထိ လိုက်ဒုကပေးနေလို့ ကလေးတွေလည်း စာသင်ပျက်ရပြီ။ မလိုအပ်ပဲ ကလေးတွေ ဘ၀နစ်နာရတော့မဲ့ အနေအထားလည်း ဖြစ်နေပါပြီ။ သူတို့ရင်ထဲက အငြိုးတွေ အာဂါတ တရားတွေ လက်ကိုင်ထားပြီ ယခင် ဗကပ တွေရဲ့ နည်းဗျူဟာ အတိုင်း ပြန်လုပ်နေတာတွေကို မြင်နေရလို့ ပြည်သူ့ အသံဆိုတာနဲ့ ခွဲခြားနားလည်ပြီး ဒီကိစကို လွှတ်တော်အမတ်များလည်း နှာစေးသလို လုပ်မနေကြဖို့နဲ့ ဘာကြောင့် ဒီအကြောင်းတွေကို လစ်လျူရှု့ထားကြောင်း သိချင်နေပါသည် ။

Anonymous said...

ဟေ့...ဒီမိုကရေစီခေတ်မှာ လူတိုင်းလူ့အခွင့်အရေးအပြည့်အ၀ရဖို့လိုတယ်။ ကိုယစ်ထုပ်တို့က သူတို့နှစ်သက်တဲ့ တောအရက်ကိုလွတ်လပ်စွာသောက်ခွင့်ရှိသလို..အရက်ပျံရေရောရောင်းတဲ့ ကိုစီးပွားကလည်း အရက်သမားထုအကြိုက် ခပ်ပြင်းပြင်းလေး စပ်ရောင်းခွင့်ရှိရမယ်။ ရွာက မရှပ်တေးကလဲ မြို့ပေါ်က ဖောက်သည်ကြီး/ငယ်တွေကို လွတ်လပ်စွာမြှူဆွယ်ခွင့်ရှိသလို မြို့ပေါ်က၀ါသနာအိုးတွေကလည်း မရှပ်တေးလို ဌက်မလေးတွေဆီ လွတ်လပ်စွာပျံသန်းခွင့်ရှိရမယ်။ ကိုဘူဇွာကလည်း မရှပ်တေးနဲ့ ဘဘကြီးတို့လိုလူတွေ အဆင်ပြေအောင် ပွဲခမြတ်မြတ်လေးယူပြီးလွတ်လပ်စွာညှိနှိုင်းပေးခွင့်ရှိရမယ်။
ပြာဂလောင်တို့အုပ်စုကလည်း လွတ်လပ်စွာလမ်းပေါ်မှာဘော်လုံးကန်ခွင့်၊ စိတ်မပါရင် ကျောင်းမတက်ဘဲ ရုပ်ရှင်ရုံသွားခွင့်၊ မထင်ရင်မထင်သလို ဆရာတွေကိုခံအော်ခွင့်ရှိရမယ်။ ဒါကမှ မြန်မာ့ဒီမိုကရေစီကွ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ