Feb 5, 2012

နာရေးကူညီမှူအသင်းသားများ ဆေးရုံအတွင်းမင်းမဲ့စရိုက်ဆန်ဆန် ကျူးလွန်မှူ(မော်လမြိုင်)

နာရေး ကူညီမှု အသင်းဆိုတာ ဘာလဲ ??
  အဖွဲ့ အစည်းရဲ့  Main Purpose က ဘာလဲ ??

          ဒီမေးခွန်းနှစ်ခုကို မေးလို့ ကျနော့်ကို .. လူသားချင်းစာနာထောက်ထားမှု မရှိတဲ့သူ .. ငတုံး တစ်ယောက် လို့ ထင်ကောင်းထင်ပေလိမ့်မည်. ဒါပေမဲ့ မနေ့က မော်လမြိုင်ဆေးရုံ  Surgical Ward (Male) မှာ ဖြစ်ခဲ့တာ . စာဖတ်သူတို့
မြင်ရင် ကျနော် ဘာကြောင့်မေးလဲ  သိပါလိမ့်မည်. နားလည်ပါလိမ့်မည်..

         ၃. ၂. ၂၀၁၂ မနက် ၈း ၀၀  - ၄ . ၂ ၂၀၁၂  မနက် ၈း ၀၀ ထိ Male Surgical Ward မှာ ကျနော် Duty ကျတယ် ။
ရှုပ်လိုက်တဲ့ နေ့တစ်နေ့ လို့ပဲ ဆိုရမလား မသိဘူး ။ တက်လိုက်တဲ့ လူနာက  ညပိုင်းမှာ တင် 16 ယောက် ။ နောက် တော်တော်
များများကလဲ .. Ill Case ( အခြေအနေ မကောင်းသော ) တွေ ချည်းပဲ ။

       ဒီလိုနဲ့ ည ၁၁ နာရီလောက်မှာ ပြသာနာက စရော ။  စစချင်း တင်တဲ့ လူနာက စက်ဘီးမှောက်တာ ။ စက်ဘီးမှောက်တယ်
ဆိုပေမဲ့ ပေါ့ပေါ့သေးသေးတော့ မပာုတ်ဘူးဗျ ။ နှာခေါင်း ပါးစပ် ဘယ်ဘက်ပါး နဲ့ မျက်စိ အားလုံး စုတ်သွားတယ် ။ GCS က တော့
၁၅ / ၁၅ ပါပဲ ။ ဒါပေမဲ့ Repair လုပ်ပေးရတာတော့ တော်တော် လက်ပေါက်ကပ်တယ် ။ အတွင်းပိုင်း ( subcutaneous ) ပါ ပြန်
repair လုပ်ပေးနေတုန်း  ............

      ပေါင် မြို့ က ..  ဘုန်းကြီးပျံပွဲ .. အဲ့ဒီပွဲမှာ ယမ်းပေါက်ပီး . လူနာ ၂ ယောက် Admission တင်လာတယ် ။ ၁ ယောက်က အဲ့ဒီပွဲမှာ
နာရေးကူညီမှုအသင်း အမည်ခံ ( ပိာတကာရီ ) နာမည် နဲ့ အဖွဲ့ ထဲက တစ်ယောက်နဲ့ အပြင်လူ တစ်ယောက်ပါ ။
      ပီာတကာရီ နာရေးကူညီမှုအသင်းက လူနာက ဘယ်ဘက်လက်မောင်းမှာ ယမ်းမှန်ပီး .. ရောက်လာပီး .. အပြင်လူ (ရွာခံ) ကတော့
မျက်နှာ (ပါး) မှာ ယမ်းစင်သွားတယ် ။ အဲ့ဒီရွာခံ က ဒဏ်ရာတော်တော်ပြင်းတယ် ။  Maxillary Sinus ထဲဝင်သွားတယ်ထင်တယ် ။ နှာခေါင်း ပါးစပ် အကုန် သွေးယိုနေတယ် ။ HB% ( သွေးစစ်ကြည့်တော့ ၇ mg% ) ပဲကျန်တယ် ။။

    ဒီလိုနဲ့ ၁ ခန်းထဲ ရှိတဲ့ Dressing ခန်းမှာ လူနာ ၃ ယောက်နဲ့ ကျနော် ရယ် Assistant Surgeon ရယ် ဗျာများခဲ့တယ် ။ စက်ဘီးမှောက်တဲ့ လူနာကိုတော့ ချုပ်ပေးပြီး .. ယမ်းမှန်ခဲ့တဲ့ လူနာ ၂ ယောက်ကိုတော့ .. Betadine နဲ့ ဆေး..  Bandage စည်းပေးပီး မချုပ်ဘဲ ထားခဲ့တယ် ။ Open Dressing ပေါ့  (အထဲမှာ ယမ်းကျန်နေလို့ ချုပ်လို့လဲ မရပါဘူး ) ။ သွေးလိုရင် သွေးယူဖို့လဲ ကြိုပြင်ထားခဲ့တယ် ။နက်ဖြန်မှ Ortho Ward ကို Show မယ်ဆိုပီး Check Down ခဲ့အပြီး ကုတင်နေရာ မကျန်တော့လို့ ဘရန်ဒါ တွေမှာ ကုတင်အပိုတွေ ထိုးပေးပီး နေရာချပေးအပြီး  အခြေအနေ ငြိမ်သက်သွားတယ်လို့ပဲ ဆိုရမယ်ပေါ့ ။ နာရီဝက်ခြားတစ်ခါလည်း  အဲ့ဒီလူနာကို Traumatic Emphysema ရနေလို့ Air တွေကို Squeeze out လုပ်ပေးဖို့  အချိန်ခွဲပီး ည ၂ နာရီလောက်မှာ Duty Report ကို ဆက်ရေးခဲ့ပါတယ် .. အော် ကြားထဲမှာ ( ၁နာရီ ကျော်ကျော်လောက်) Perforation တစ်ယောက် ကို urgent ခွဲပေးရင်း .. First Assistant Surgeon Dr Ag Moe Htun က အဲ့ဒီ ယမ်း ထိတဲ့ လူနာတွေကို လာကြည့်ပေးခဲ့သေးတယ် ။

  ဒီလိုနဲ့ မနက် ၃ နာရီ မှာ Duty Report တွေ အဆုံးသတ်အပီး အိပ်မယ် အလုပ် အသံတွေ ကြားတာနဲ့ ကျနော်လဲ .. New Admission များလားဆိုပီး .. သွား အကြည့် .. ခုနက (ပီာတကာရီ နာရေး ကူညီမှုအသင်းက ) လူ ၄၀ လောက် ဆေးရုံပေါ်တက်လာတယ် ။ ပီး သူတို့ လူနာ အနားသွားပီး .. လူနာကို ခွေးလို ထားရလား .. ဘာမှမလုပ်ပေးဘူးလားဆိုပီး .. ဆေးရုံ နံရံကို လက်သီးနဲ့ထိုး .. တံခါးကို ခြေထောက်နဲ့ကန် .. သောင်းကျန်းတော့တယ် ။ ဒီလိုနဲ့ ကျနော်က နေရာမရှိတော့ကြောင်း ပြောတော့ ဘာလို့ ချက်ချင်း မခွဲပေးတာလဲ . ပိုက်ဆံ မပေးလို့လား ဆိုပီး .. ၅၀၀ တန် လေးစည်းလောက် ထုတ်ပြပါတော့တယ်ဒီတော့ ကျနော်လည်း ခွဲပေးလို့ ရတဲ့ အခြေအနေမပာုတ်ကြောင်း . ခွဲစရာလည်း မလိုကြောင်း.. ပြောတော့ .. ဘာလို့ မချုပ်တာလဲဆိုပီး ထင်သောင်းကျန်းတယ် .. ပြီး မုဒုံ အခမဲ့ ဆေးခန်း ဆိုတဲ့ စာရွက်လေး ထုတ်ပြပီး .. ဒီလိုနေရာတွေ ရှိတယ် ခင်ဗျားတို့က ပိုက်ဆံကြည့်တာလား ဆိုပီး ကျနော့် မျက်နှာကို စာရွက်နဲ့ ပစ်ပေါက်ပြီး ထပ်ပြသာနာ ရှာတယ်
ကျနော်က မပာုတ်ပါဘူး.. ချုပ်လို့လဲ မရဘူးဆိုပီး .. ဆေးပညာ သဘောကို ရှင်းပြတယ် .. ဒီလိုနဲ့ နောက်ထပ်ဖြစ်လာတာက Nurse က ပိုက်ဆံ ၄၅၀၀ တောင်းတယ်တဲ့ . လုပ်လာပြန်ရော .. တကယ်တော့ ကျနော် သိပါတယ် .. Nurse က ပိုက်ဆံတောင်းတာ မပာုတ်ပါဘူး.. လူနာကို သုံးတဲ့ ဆေးဖိုးပစ္စည်းတွေကို စာရင်း သွားပေးတုန်း .. သူတို့က ပိုက်မဆံမပါလာလို့ .. အခု ဆေးရုံက စိုက်ထားပေးမယ် နောက်နေ့မှ ပြန်ဝယ်ပေးလို့ ပြောလိုက်တာပါ။

ဒီလိုနဲ့ပဲ Nurse တွေကို ထုတ်ပေး.. သတ်မယ် တကဲကဲ ကြိမ်းဝါးနေတဲ့  ကိုယ်တော်ချော တွေကို  ကျနော်ရယ် တာဝန်ကျတဲ့ Assistant Surgeon ရယ်က တာဝန်ခန်းကို ခေါ်ပီး .. ဘာကို မကျေနပ်တာလဲ လို့ မေးတော့ .. ကိုယ်တော်တွေ အူကြောင်ကြောင်ဖြစ်သွားတယ်။ ဒီတော့ ကျနော်တို့လည်း .. Consultant Surgeon ကိုခေါ်ပေးမယ် ပြောပီး .. CS ကို သွားအခေါ် သူတို့ လူနာကို သူတို့ သဘောအရ ပြန်ခေါ်ပီး ဆေးရုံက ဆင်းသွားခဲ့တယ် ။ သူတို့ယမ်းဖောက်လို့ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ လူနာကိုတော့ ချန်ထားခဲ့တယ် ။

ဒီတော့ ကျနော် သိချင်တာက .. ငြိမ်းချမ်းတဲ့ တရားဥပဒေ စိုးမိုးတဲ့ ဆိုတဲ့ နိုင်ငံမှာ ..

ခုလို ပြည်သူ့ ဆေးရုံမှာ အဖွဲ့ အင်အားနဲ့ မူးပြီး လာရမ်းကားလို့ရသလား ။
နာရေး ကူညီမှုအသင်းဆိုတာက ဘာရည်ရွယ်ချက်နဲ့ဖွဲ့ထားတာလဲ ။
နာရေး ကူညီမှုအသင်းက လူတွေက မူးနေလို့ပါဆိုရင်လည်း .. ဒီလို မူးရူးနေသူတွေကို အဖွဲ့ ထဲမှာ လက်ခံပါသလား ။
ဆရာဝန်တစ်ဦး 
Print Friendly and PDF

8 ယောက် ဆွေးနွေးခဲ့တယ်:

တိမ်ကြားမင်းခေါင် said...

ဒါလားစည်းကမ်းပြည့်ဝသောဒီမိုကရေစီလိုချင်တဲ့လူတွေ။တော်သေးတာပေါ့ဗျာ။လူနာတွေဘာမှမဖြစ်လို့။ဆရာဝန်တွေကိုတောင်ဘလိုင်းကြီးပြသာနာရှာရဲတယ်။ဘာမှလဲမတတ်ဘဲနဲ့များ။ဆရာဝင်တွေကိုအပြစ်ကပြောချင်သေးတယ်။အလိုကောင်မျိုးတွေကကုသိုလ်တစ်ပဲငရဲတစ်ပိသာာဆိုတဲ့အမျိုးတွေ။နာရေးကူညီမှုအဖွဲ့စည်းထဲမှာမထားသင့်ဘူးလို့တော့ထင်ပါတယ်။နယ်တိုင်းနယ်တိုင်းမှာစေတနာ့ဝန်ထမ်းလုပ်ပေးနေရတဲ့သူတော်ကောင်းတွေအတွက်ထိခိုက်တယ်ဗျာ။အကုန်လုံးကိုထုတ်ပြီးတော့သောင်းကျန်းမှုနဲ့အရေးယူသင့်တယ်လို့ထင်ပါတယ်။

Anonymous said...

ဤစာေ၇းသားသူသည် နိုင်ငံကောင်းကျိုး၊လူမျိုးကောင်းကျိုး၊တိုင်း၇င်းသားကောင်းကျိုး ဘာများလုပ်ခဲ့ပြီးပြီလဲ? ဘွ့ဲ့၇မှ ပညာတတ်ဟု သင်ထင်နေပါသလား? သင်သည် မိမိေ၇ာက်၇ှိ၇ာနေ၇ာတိုင်း၊နိုင်ငံတိုင်းတွင် အသိပညာ၊အတတ်ပညာနှင့်ပတ်သက်၍ လူတိုင်းက၇င်ထဲမှလှိုက်လှိုက်လှဲလှဲ ဆ၇ာ ဟုအခေါ်ခံ၇ဖူးပါသလား? တစ်ကမ္ဘာလုံးက တော်သည်၊တတ်သည်ဟု ချီးမွမ်းစံပြု ခံ၇သူ အမေ၇ိကန် သမ္မတကြီး အေဘ၇ာဟင်လင်ကွန်းသည် စာကိုေ၇းတတ်၊ဖတ်တတ်၇ုံ မျှသာကျောင်းပညာသင်ကြားခဲ့၇သည်ကို သင်သိပါသလား? မကောင်းမြင်ဝါဒဖြင့်ကြည့်လျှင် အ၇ာ၇ာတိုင်းကိုမကောင်းမြင်မှာပဲဆိုတာေ၇ာသင်သိပါသလား?ကိုယ်တိုင်
လည်းအများကောင်းကျိုး ဘာမှလုပ်နိုင်တဲ့ အ၇ည်အချင်းမ၇ှိ၊အများကောင်းကျိုးလုပ်နေသူများအား မကောင်းမြင်သူလောက် ဆန်ကုန်မြေလေးသူမ၇ှိဘူးဆိုတာေ၇ာသင်သိပါသလား? စိတ်သဘောထား
မြင့်မြတ်၊ဖြူစင်သူသည် အ၇ာအ၇ာကို အကောင်းမြင်ဝါဒဖြင့်သာကြည့်တတ်
သည်ကို သင်သိပါသလား? ဒါမှမဟုတ် သင်သည်ဤစာကိုအသုံးပြု၍ နိုင်ငံေ၇း၊ပါတီေ၇းတိုက်ခိုက်မှုလုပ်နေတာလား၊စိတ်ထားမြင့်မြတ်စွာထားတတ်
ပါစေ............

စိုးအောင်ကျော် said...

အပေါ်က ဘုန်းကြီးလေသံနဲ့ တူမောင်.တူမောင်က ဒီဘလော့ပိုင်ရှင်ကို အဲလို
ပြောရအောင် တူမောင်အဆင့်အတန်းကိုတူမောင် ပြောပြပါလား အမည်မဲ့တွေမလုပ်ပါနဲ့။ဒီဘလော့ကိုရေးတဲ့ ပုဂ္ဂိုလ်လေးဟာ ဦးသားရဲ့သူငယ်ချင်းလို့ပြောနေကြတယ်။ဦးရဲ့သားဟာနိုင်ငံခြားထုတ်ကုန်တစ်ခုရဲ့အရောင်းဌာနမှာပါ။ဒီဘလော့ကိုရေးခဲ့တဲ့ကောင်လေးတစ်ယောက်အကြောင်းဦးပြောပြပါ့မယ်။သူဟာ ဂျာမဏီနိုင်ငံမှာတောင် မာစတာသင်တန်းသားတွေကိုတောင်robotအကြောင်း စာပြန်သင်ပြပေးခဲ့တဲ့ သူငယ်လေးပါ။တချိန်မှာသူနဲ့စာတန်းအတူတူလုပ်နေတဲ့ကျောင်းသားတစ်ယောက်က မြန်မာမကောင်းကြောင်းပြောလို့ သူဒီလိုလူတွေနဲ့ ဆက်လက်မတွဲ
နိုင်ပါဘူးဒီကျောင်းကပေးတဲံပညာလည်းမယူပါဘူးဆိုပြီးကျောင်းရုံးတတ်ပြောခဲ့တဲ့ကောင်လေးလို့သိရပါတယ်။သူအခန်းမှာလည်းနိုင်ငံတော်အလံကိုခန်းလုံးပြည့်ချိတ်ထားတတ်တဲ့ကောင်လေးလို့ဦးရဲ့သားကပြောပါတယ်။တူမောင်ဆိုရင်ရော ဒီဘလော့အက်ဒမင်ကောင်လေးလို နိုင်ငံခြားကျောင်းသားတွေကို စာသင်ပြနိုင်ရဲံ့လား။နိုင်ငံခြားကျောင်းသားတွေက နိုင်ငံမကောင်းကြောင်းပြောလို့ သူလိုလုံးဝ လက်မတွဲလိုဘူးလို့ တာဝန်ခံတွေသိအောင်ပြောရဲလား။တူမောင် အရှက်မရှိရင် ဒီဘလော့မှာ ကွန်မန့်လာမရေးပါနဲ့တူမောင်။သူဘာသာသူ ရေးတဲ့စာတွေ ဘယ်ရောက်နေနေတူမောင်ထက်စာရင် အများကြီး သာပါသေးတယ်။တူမောင်လိုတော့ တိတ်တိတ်ပုန်း လက်သီးပုန်းမပြတတ်ဘူး။တူမောင် ဆွေးနွေးဖို့ ဆန္ဒရှိရင် ဦးရဲ့အီးမေးလ် soekk.lwinoo@gmail ပါ။
တခုတော့မှားနိုင်ပါတယ်။ဘာလို့လည်းဆိုတော့ ဦးရဲ့သားပြောတဲ့အဆိုအရ ဒီဘလော့ရဲ့အာဘော်နဲ့ရေးသားဟန်တွေက သူသူငယ်ချင်းတစ်ယောက်အကျင့်နဲ့ပြောပုံတွေကွက်တိပဲလို့ပြောပြီးသူဟာမောင်ကျောက်ခဲဆိုတဲ့နာမည်ဝှက်ကိုသုံးလေ့ရှိတဲ့အတွက် သူသူငယ်ချင်းဖြစ်နိုင်တယ်လို့ ပြောတဲ့အတွက်ကြောင့်ပါတူမောင်။မှားသွားရင်လည်း ဦးလေး တောင်းပန်ဖို့ဝန်မလေးဘူး။တကယ်လို့ မှန်နေတယ်ဆိုရင်တော့ တူမောင်ဟာ ဒီဘလော့ပိုင်ရှင်လောက် အဆင့်အတန်းမရှိတဲ့ လူငယ်တစ်ယောက် အသုံးမကျတဲ့လူတစ်ယောက်လို့ ဦးသုံးသပ်ပါတယ်။

Anonymous said...

this is the common problem in Myanmar, this type of behaviour and people encouraging such behaviour and the leader, however shouting loud about democracy,should noe deserve socalled democracy they are asking. Long Live Myanmar
ordinaryman

တိမ်ကြားမင်းခေါင် said...

ထောက်ခံပါတယ်။အပေါ်ကဦးလေးကို။မောင်ကျောက်ခဲကိုလဲထောက်ခံပါတယ်။တိမ်ကြားမင်းခေါင်ကိုလဲထောက်ခံပါတယ်။ဘာဖြစ်လို့လဲဆိုရင်နိုင်ငံရေးလုပ်တယ်ဆိုတာထောက်ခံပါတယ်တစ်လုံးသိယုံနဲ့ဖြစ်ပါတယ်။မယုံရင်NLDကိုဝင်လိုက်ပါ--ဟိဟိ

Ko Kyaw said...

အပေါ်က ဆရာဝန်နေရာမှာ မိမိသာဆိုရင်ဘယ်လို့ဖြစ်မလဲဆိုတာကို ကိုယ်ချင်းစာပါ
ဘယ်တော့မှ တစ်ဘက်တည်းမကြည့်ပါမိပါစေနဲ့..မိတ်ဆွေ..

Anonymous said...

အင်း....
ဒီလိုဖြစ်ရပ်တွေရှိတာ မကောင်းပါဘူး ။ နာရေကူညီမူအသင်းကလဲ ပြန်ပြီးအရေးယူဆောင်ရွက်သင့်တယ် ။ဒီပုံအတိုင်းဆို ဘယ်သူဆရာဝန်လုပ်ရဲတော့မလဲ...

Anonymous said...

ဦးစိုးအောင်ကျော်ခင်ဗျား... ကျွန်တော်လည်း နိုင်ငံခြားမှာ မာစတာဘွဲ့  နှစ်ခုယူခဲ့ဖူးပါတယ်။ နိုင်ငံခြားမှာ ကျောင်းတက်နေချိန်မှာ ကျောင်းသားတစ်ဦးက မြန်မာပြည် မကောင်းေုကာင်းပြောတာ မထူးဆန်းပါ။ အဲလိုပြောလာရင် ပြန်ရှင်းပြလိုက်ရုံသာ ရှိပါတယ်။ မကျေနပ်သေးရင် ကျောင်းကိုပြောပြီး မြန်မာပြည်အကြောင်း အချိန်ယူပြီး presentation လုပ်လို့ ရပါတယ်။ (မေးလာတဲ့ မေးခွန်းတွေကိုတော့ ချက်ကျလက်ကျ ပြန်ဖြေဖို့လိုပါတယ်။) ဒါကြောင့် ကျောင်းထွက်စရာ မလိုပါ။ ကျောင်းထွက်ရတဲ့ တခြားအကြောင်းရင်း ရှိရင်တော့ မပြောတတ်ပါ။ ကျောင်းမတက်၊ အလုပ်မလုပ်ပဲနဲ့  အဲဒီနိုင်ငံမှာ ဘယ်လိုဆက်နေနေပါသလဲ။ (ငယ်ငယ်ကတည်းက မိဘတွေနဲ့ ဂျာမဏီ ရောက်နေတာ ဆိုရင်တော့ ထားလိုက်ပါ။) လွဲနေတာလေးတွေ စဉ်းစားမိလို့  ထောက်ပြတာပါ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ