Feb 10, 2012

စစ်တပ်သည်အစိုးရမဟုတ်ပါ

၁။       အစိုးရနဲ့တပ်မတော်ကို ခွဲခြားပြီးပြောပါ။

၂။       တပ်မတော်ဟာ အစိုးရရဲ့ မူဝါဒအတိုင်း လုပ်ရမှာပါ။ ဗိုလ်ချုပ်တွေက အစိုးရတက်လုပ်နိုင်လို့                    အတိုက်အခံကိုနှိမ်နင်းခိုင်းရင် နှိမ်နင်းမှာပဲဖြစ်သလို N L Dက အစိုးရဖြစ်လာပြီး သူတို့နဲ့အတိုက် အခံကို နှိမ်နင်းဖို့ တပ်ကိုအသုံးချလည်း တပ်ကတော့ ခိုင်းတဲ့အတိုင်း လုပ်ရမှာပါပဲ။

၃။       စစ်တပ်ကိုး ။ အထက်အမိန့် နာခံတတ်အောင် လေ့ကျင့်ထားတာပါ။ အမိန့်မနာခံဘဲနဲ့လဲ စစ်တိုက် လို့ မရပါ။ ရှေ့တန်းမှာ ဒီလမ်းက ဒီတောင်ကုန်းကို တက်သိမ်းဆို မိုင်းရှိရှိ ၊ ငြောင့်ထောင်ထောင် စက်သေနတ် ဘယ်နှစ်လက်နဲ့ပစ်ပစ်  တက်ရမှာပါ။ နောက်နေ့မှတိုက်ပါရစေ ၊ တခြားလမ်းကသွား ပါရစေ လုပ်လို့မရပါ။ စစ်သားရဲ့တွေးခေါ်ပုံကိုက အရပ်သားနဲ့မတူပါ ။ မတူအောင်လည်း လေ့ကျင့်ထားတာပါ။ စစ်သားကို စစ်တရားရုံးနဲ့ပဲ တရားစီရင်ခွင့်ရှိတာဟာ စစ်သားရဲ့စဉ်းစားပုံဟာ အရပ်သားနဲ့မတူလို့ပါ။

၎။       စစ်တပ်ကို လက်ကိုင်ဒုတ် စစ်တပ်မဖြစ်စေချင်ရင် စနစ်ကို ခိုင်မာအောင်လုပ်ပါ။ ဘယ်သူတက် တက် စစ်တပ်ကို အသုံးချလို့မရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွဲထားပါ။ အမေရိကန်နိုင်ငံသ မိုင်းမှာ နိုင်ငံရေးသမားတွေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေပက်မ၀င်အောင် ဆွဲခဲ့လို့ စစ်တပ်က အာဏာသိမ်းတာ တစ်ခါမှမရှိပါ။ တပ်မတော်ကလည်း အသုံးချခံချင်လှတယ်တော့ မရှိပါ။ ဒါပေမယ့် အစိုးရကို ပုန်ကန်တဲ့တပ်မတော် ပိုပြီးမဖြစ်လိုပါ။ စစ်တပ်မျက်စိကကြည့်လျှင် အထက် အမိန့်မနာခံတဲ့ တပ်မတော်ဟာ အန္တရာယ်အကြီးဆုံးပါ။ အမေရိကန်စစ်ကားထဲမှာ တပ်ခွဲမှူးက သူ့ရဲဘော်ကို စစ်မြေပြင်မှာ ပြောတဲ့အတိုင်း ပြောရရင်  “ ငါတို့က ဒီမိုကရေစီကို ကာကွယ်ဖို့ ဒီနေရာကိုရောက်နေတာ - - - ကျင့်သုံးဖို့မဟုတ်ပါ ” တဲ့ ။

၅။       ဗိုလ်ချုပ်တွေ မသမာမှုလုပ်ခွင့်ရတာ ဗိုလ်ချုပ်ရာထူးကြောင့်မဟုတ်ပါ။ အာဏာသိမ်းပြီး နိုင်ငံရေး ရာထူးတွေ ယူခွင့်ရသွားလို့ပါ။ နိုင်ငံရေးသမားများအချင်းချင်း ညီညွတ်လျှင် အာဏာသိမ်းလို့မရပါ။ ဘယ်တပ်မတော်မှလည်း နိုင်ငံရေးပယောဂမပါဘဲ အချောင်နာမည်ပျက်ခံပြီး အာဏာသိမ်းလိုမယ် မဟုတ်ပါ။


၆။       စစ်တပ်ကိုလဲ သိပ်ပြည့်စုံနေတယ်မထင်ပါနဲ့ ။ ကျွန်တော် တပ်မတော်ကအငြိမ်းစားယူတဲ့အထိ စစ်တိုက်ရမယ့်နေရာကို ရဟတ်ယာဉ်နဲ့ တစ်ခါမှ အပို့မခံရဖူးပါ။ စစ်သားတွေ ဒဏ်ရာရရင် အိပ်ယာခင်းစောင်ကြားကို ၀ါးလုံးနဲ့လျှို ပုခက်လုပ်ပြီး နှစ်ရက်သုံးရက် လူနဲ့ထမ်းပြီး သယ်ရတာပါ။ ရိက္ခာ (၅)ရက်စာဆို (၁၀)ရက်စာ စားရတာပါ။ စစ်ဆင်ရေး (၃)လလောက်ဆို ရဲဘော်တွေဝတ်စုံ ဟာ ချုပ်ရာ၊ဖာရာ အထပ်ထပ် ဖိနပ်ကလည်း ညှပ်ဖိနပ်ဖြစ်နေပါပြီ။ တပ်ကြပ်ကြီးကို မပြောရကောင်းလားလို့ သွားမဆူပါနဲ့ ။သူ့မှာလည်း အားလုံးပေါင်းမှ ရဲဘော်တွေထက် ၀တ်စုံတစ်စုံ လောက်သာ ပိုချမ်းသာတာပါ။ စစ်ကြောင်းရုံးကို ကြည့်လိုက်ပါဦး။ စစ်ကြောင်းမှူးဘောင်းဘီလည်း ဖင်အဖာနဲ့ပါပဲ။ စစ်သည်တစ်ယောက်ဟာ သေနတ်၊ ရိက္ခာ ၊ ကျည်ဆံ၊ ချပ်ဝတ်တန်ဆာနဲ့ဆို ပေါင်(၄၀)လောက်ရှိနေပါပြီ။ စစ်ကြောင်းအဆင့်ဆို ပွိုင့်ဖိုက် ၊ ၈၁ မမစိန်ပြောင်း၊ ပွိုင့်ဖိုက် ကျည်ဆံ (၁၀၀၀)ပုံး တစ်ပုံးဟာ တိုက်ပွဲဖြစ်လျှင် (၅)မိနစ်လောက်ပဲ ပစ်လို့ရပါတယ်။ ဗျူဟာအဆင့်မှာ လာပါပြီ ၁၂၀ မမစိန်ပြောင်းကြီး ဗုံးသီးတစ်လုံးက ပေါင် (၃၀)လောက် ၊စက်ရုံကထုတ်တဲ့ဗူးကိုဖွင့် ပြီး ထမ်းပိုးနဲ့ ရှေ့နောက်ကြိုးချည် ရဲဘော်တစ်ယောက်ကို ထမ်းပိုးတစ်လက်နဲ့ မသိလျှင် ကန်စွန်းဥတွဲလေးတွေကျလို့ ။ ပေါ်တာဆွဲတာကို ကျွန်တော်တို့လည်းမကြိုက်ပါ ဒါပေမဲ့ ရဲဘော်ပဲထမ်းဆို ရဲဘော်တစ်ယောက်ကို ပေါင်(၇၀)လောက် ရှိနေပါပြီ။ စစ်ကြောင်းက တစ်ရက်လုံးမှ (၅)မိုင်တောင် ခရီးမပေါက်ချင်. . . ဒဏ်ရာရလူနာသာပါလျှင် စဉ်းစားကြည့်ပါတော့ ပေါ်တာဆွဲလျှင်လည်း အရေးယူခံရ၊ မဆွဲဘဲ ကိုယ်တိုင်ထမ်းရတော့လဲ တိုက်ပွဲဖြစ်တဲ့အခါ ရန်သူက လက်သီးနဲ့ဆင်းထိုးလျှင်တောင် ခံရတော့မလောက် အလေးအပင်တွေနဲ့ သူများနိုင်ငံ တပ်မတော်တွေလည်း ကြည့်ကြည့်ကြပါ။ စစ်သားဟာ ၀န်တင်နွားမဟုတ်ပါ။

၇။       လူ့အခွင့်အရေးဆိုလို့ ပြောရဦးမယ်။ ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက် ရှေ့တန်းရောက်ဖူးပါသလဲ။ တောထဲကို မရောက်ဖူးဘဲနဲ့တော့ တောရဲ့အကြောင်းကို မသိနိုင်ပါ။ တောမှာ ရဲစခန်းမရှိပါ၊ တရားရုံးမရှိပါ ။တောထဲမှာရှိတာ တောရဲ့ဥပဒေပါ။ အင်အားကြီးတဲ့လူက အင်အားနည်းတဲ့လူကို ချေမှုန်းတာ နားထောင်လို့မကောင်းပါ။ မထောက်ခံပါ ဒါပေမယ့် ကိုယ်ရှင်သန်နိုင်ဖို့ ကိုယ့်တပ်ဖွဲ့ရှင်သန်နိုင်ဖို့ ရုန်းကန်ရာမှာ နည်းလမ်းရွေးချယ်ခွင့်မရှိတော့တဲ့ အခြေအနေတွေ အများကြီး ကြုံတွေ့ရနိုင်တာ။ တစ်ဦးတစ်လေကတော့ ခင်ဗျားတို့ ပြောပြောနေတဲ့ လူသားချင်းစာနာမှုအတွက် သူ့အသက်ကို စတေးချင်စတေးမှာပါ။ ဒါပေမယ့် လူတိုင်းတော့မဟုတ်ပါ။ ခင်ဗျားတို့ထဲမှာ ရန်သူကနှိပ်စက်ပြီး ဓားနဲ့လှီးသတ်သွားတဲ့ ကိုယ့်ရဲဘော် အလောင်းကို ဘယ်သူမြင်ဖူးပါသလဲ ။ ရွာအ၀င်လယ်ကွင်းထဲက ကောက်စိုက်ဟန်ဆောင်နေတဲ့ ရွာသားထင်ရတဲ့သူက သေနတ်နဲ့ တေ့ပစ်တာကို ဘယ်သူခံဖူးပါသလဲ။ ရွာထဲက (၅၇)နဲ့ ထောင်းထမောင်းကြေအောင် ပစ်ခံရလို့ ကိုယ့်ရှေ့မှာပဲ ကိုယ့်ရဲဘော်တွေ ကျဆုံးကုန်တဲ့ သူပုန်နဲ့ရွာသား ခွဲမရတဲ့ တပ်ခွဲမှူးဘ၀ကို ဘယ်သူကိုယ်ချင်းစာဖူးပါသလဲ။ ခင်ဗျားမှာ ဒုတိယနည်းလမ်း ရွေးချယ်ဖို့မရှိခဲ့လျှင် ခင်ဗျားရွာထဲကို ပြန်ပစ်မလား ? ခင်ဗျားတပ်ခွဲ အသေခံမလား?

၈။       ကြံ့ဖွံ့၊ကြံ့ဖွံ့နဲ့ ခင်ဗျားတို့ ဆဲချင်ဆဲပါ ဒါပေမယ့် စစ်တပ်နဲ့ ကြံ့ဖွံ့ ဘာမှမဆိုင်ပါ။ ကြုံ့ဖွံ့ခိုင်းတာလုပ်နေရတာ ကြံ့ဖွံ့အစိုးရနေရာရောက်နေလို့ပါ။ ရဲ ၊ မီးသတ်၊ ရ.ယ.က စွမ်းအား၊စည်ပင် ၊ လ.၀.က၊ အခွန်၊ဆောက်လုပ်ရေး ၊ပညာရေး ၊က ည န ၊ ထွေ/အုပ်ဝန်ထမ်း အားလုံးလိုပဲ စစ်တပ်ကလည်း ၀န်ထမ်းပါ။ ခင်ဗျားတို့ မမေ့ဖို့က ခင်ဗျားတို့မှပြည်သူမဟုတ်ပါ ၀န်ထမ်းတွေအားလုံးကလည်း တက်လာတဲ့အစိုးရခိုင်းတာ လုပ်ရတဲ့ပြည်သူတွေပါ။ ခင်ဗျားတို့ နိုင်ငံရေးသမားအများစုလည်း (၂၂)နှစ်မှာ အနှစ်(၂၀)လောက်က ပုဆိုးခြုံထဲက လက်သီးပြနေတာပါ။ ခုမှ ဘာညာနဲ့တော့ ၀န်ထမ်းများကို လာမပြောစေလိုပါ။ အုပ်ချုပ်တဲ့သူကောင်းဖို့ဆိုတာ အားလုံးမှာတာဝန်ရှိတာပါ။ ခင်ဗျားတို့ အခုလို တစ်ဖက်သတ် ကိုယ့်ကိုယ်ကို ပုံပြင်ထဲကသူရဲကောင်းလို၊ မင်းသမီးလေးလိုလုပ် ကျန်တဲ့သူတွေကိုတော့ ပုံပြင်ထဲကစုန်းမကြီးလို၊ မကောင်းဆိုးဝါးကြီးလို လုပ်နေပုံနဲ့တော့ နိုင်ငံကို ကောင်းအောင်၊ တိုးတက်အောင် အုပ်ချူပ်နိုင်ဖို့ဝေးလို့ (၂)နှစ်(၃)နှစ်လောက်ဆိုရင်ကို ကိုယ့်ပါတီကို နိုင်အောင်အုပ်ချုပ်နိုင်ဖို့ မလွယ်ပါ။

(YE MOE-Facebook)
Print Friendly and PDF

19 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ကြိုက်တယ်ဗျာ ရေးသားချက်တွေ .. အားပေးနေတယ်ဗျိုးးးး ကွန်မန့်သာမပေးဖစ်တာပါ ဒီဆိုက်ကို နေ့တိုင်း ရောက်တယ်။။။။

Anonymous said...

ကြိုက်တယ် စစ်သားဆိုတာ ခွေးအလုပ်ရော နွားအလုပ်ရောလုပ်နေရတာ
ဒါပေမယ့် ဒီမိုကရေစီလိုပြောမယ် တန်ရာတန်ကြေး ဘာအခွင့်ရေးတွေများ ပေးထားလို့လဲ

တိမ်ကြားမင်းခေါင် said...

ခုလိုခွဲခွဲခြားခြားမြင်တတ်၇င်အကောင်းဆုံးပေါ့ဗျာ။ပြည်သူတွေလဲသိတတ်မြင်တတ်ပါစေ။စစ်တတ်ကိုမုန်းတယ်လို့ပြောနေတဲ့လူတွေလဲအမြင်ကြည်လင်ကြပါစေ။အကယ်လို့မုန်းနေမယ်ဆိုရင်လဲ တပ်မတော်ဟာပြည်သူချစ်ဖို့အတွက်ရှင်းပြမှာမဟုတ်ပါဘူး။လိုအပ်မှသာပြည်သူကိုအသက်နဲ့လဲပြီးကာကွယ်သွားပါလိမ့်မယ်ဆိုတာကိုတော့သိစေချင်ပါတယ်။

Anonymous said...

I really appreciate the author.
I am Commission officer from Myanmar military and now I am studying in one of the West Europe Country. I don't want to say like that but most of the opposition people thought that the soldiers are very stupid, uneducated and have no Idea about Democracy. And they also have very good impression on the Western Country. Now you will know that I am studying higher education and I am not a stupid guy.
Before I came here, I was neutral and had no feeling on my organization. But, after more than five months in here, now I am very proud of myself as a soldier in Myanmar. Yes of course. It is because of the opposition people. I am going to explain it.
Whenever I am reading the news and using face book, most of the opposition people talked the soldiers like a dog. I am feeling very sorry and bad. We are human being and we also have the same feeling like you. Nothing more and nothing less. But we are taking responsibility for our country and people with a different point of view.
As you might know that every organization has the good guys and the bad guys, not only in the military but also in others. I do believe that all of opposition organization will be more or less the same with us. So why are you still blaming us?
We, the younger generation didn't do anything wrong but we are being treated like a dog and robber.
For instants, if something is going wrong in our country like the 8888 uprising, what the military should do? Do you think your lovely politicians can manage this event very well? They were already tested their ability in 1958 and 1988. They couldn't do anything in that period. They were just fighting and arguing with each other. That's all. Nothing more.
Now I am living in well developed Democratic country. To be honest, I like this system very much, no doubt. I really like the way they are living in here. I also don't want to hear about my country which is ruled by military junta.
But if someone is trying to manipulate our National solidarity and sovereignty, we will have no choice. If we do it again, we will be labeled as tyrant. WHATEVER YOU NAME US, WE WON'T CARE YOU ANYMORE. This is the way we are going to live in our whole life. Do you know what is the reason behind it?
The reason is very simple that WE ARE SOLDIERS.

Anonymous said...

Hard reality is the fact of life for soldiers but many occasions whether these hard reality is required we have to examine. Time is the best judge for all, I have been writing since 1998 debunking and shredding the claims of socalled DoAyay and blind quislings and democampers in internet.
But still, there definitely is something we, as a Tatmadaw, can do, to alleviate these hard reality of soldiers. Yes Tatmadaw is NOT government but it was a big part of government till very recently.
ordinaryman

Anonymous said...

Yes! Definitely. We, Tatmadaw is still a big part of the Government. It is very hard to accept it. That is one of the reasons , the opposition people have been blaming us. But sooner or latter we are going to step out gradually from political field.

Nowadays, most of the opposition people who have been living in Foreign countries, are trying to come back and do politics inside the country. Welcome back!!!! But there will become more and more players in the Game and I am afraid that they will be fighting and arguing again like 1958 and 1988.

For my subjective opinion, I think NLD would be the landslide winner in 2015 election. CHEERS!!!My suggestion is that after having power in your hand, please organize all the politicians to be unity (I know that you could have different Ideas but please try to find out the peaceful way to develop our country). And, I also know that Generals are still watching what the politician are doing. The only thing in their heads is that the STABILITY AND PEACE OF THE COUNTRY.If they believe in our lovely Politicians, they will never enter the complex game. From a politician point of view, it is very difficult to accept it. But it is true whether you like it or not.

I do believe that The Tatmadaw never ever want to do that. But, unfortunately they were pushed into the complicated game in the history. And then they do the politics like the way they live in their whole life. It is terrible.

Being a soldier's life is very simple. As everybody know that the ex-military persons are very hard to make relationship in the civilian life. But their thinking is very straight forward and they always have two options: YES or NO.

For being a politician's life is very tricky. They need to think everything at the same time and they may have many options: Yes, No or May be, etc....

In here, what I would like to highlight is that there are different situations between Soldiers and Politicians life. Not only Politician shouldn't behave like a soldier but also soldier shouldn't behave like a politician. Otherwise they will be lost in their game.

For us, we, the younger generation in Tatmadaw are not interesting in Politics and we just want to do our own jobs: Infantry soldiers would be trying to upgrade their stamina for the combat, the military medical personnel would be studying in their respective subjects. That is all we want to do, etc....Nothing more and nothing less.

But our leaders give us an order to do something, we must follow the order no matter what happen. I hope this kind of day will not be coming in the Future of our country.

KIND REGARDS,

THE ONE WHO IS REALLY PROUD HIMSELF IN SOLDIER'S LIFE

Than said...

တပ်မတော်သည်. . . . .. . .တိုင်းပြည်အတွက်
တိုင်းပြည်သည်. . . .. . . . .တပ်မတော်အတွက်မဟုတ်
စည်းကမ်းမရှိတဲ့ .. . .. . . . စစ်တပ်ရှိနေမဲ့အစား
အဲဒီစစ်တပ်မရှိတာ. .. . . . .တိုင်းပြည်အတွက် . . . .. . .ပိုကောင်းတယ်

ဗိုလ်ချုပ်အောင်ဆန်း

တိမ်ကြားမင်းခေါင် said...

စည်းကမ်းမရှိတဲ့တပ်မတော် မရှိတာတိုင်းပြည်အတွက်ပိုကောင်းတယ်ဆိုတဲ့အချက်ကိုရှင်းပြပေးပါအပေါ်ကပုဂ္ဂိုလ်။ဘယ်တပ်မတော်ကစည်းကမ်းမရှိတာလဲ။ဘယ်လိုစည်းကမ်းမရှိတာလဲ။တပ်မတော်ကဘာတာဝန်တွေပျက်ကွက်ခဲ့လဲ။ပြီးတော့တပ်မတော်အပေါ်ကိုဘယ်သူတွေကတာဝန်တွေပျက်ကွက်ခဲလဲ။တပ်မတော်လဲပြည်သူပါ။စစ်သားလဲပြည်သူပါပဲ။စစ်သားလဲလူပါပဲ။သူတို့တွေလခတစ်ပဲခြောက်ပြားနဲ့ဘာဖြစ်လို့အသေခံလုပ်နေကျတာလဲ။စဉ်းစားဖူးပါသလား။အကျင့်ပျက်ဝန်ထမ်းတစ်ချို့ကိုပဲကြည့်ပြီး တပ်မတော်တစ်ခုလုံးကိုမထိခိုက်ပါနဲ့ဗျာ။သေသေချာချာစဉ်းစားကြည့်ဲကြပါ။သိအောင်လုပ်ပါ။တတ်အောင်သင်ပါ။ပြီးမှဝေဖန်ပါ။မှားတာရှိရင်ခွင့်လွတ်ပါ။လူဆိုတာအမှားနဲ့မကင်းနိုင်ပါဘူး

မောင်ရွှေရိုး said...

ဟီး...ဘာပြောရမှန်းမသိတော့ဘူး
အစိုးရသစ်ကိုဝေဖန်တဲ့ကောင်တွေကိုဆဲချင်တာ ...
ဘာပဲပြောပြောလေ .. အခုဆို ကားဈေးတွေကျကုန်ပြီ။ဒေါ်လာဈေးတော့ပြန်မတတ်စေခြင်ဘူး....

တိမ်ကြားမင်းခေါင် said...

အပေါ်ကပုဂ္ဂိုလ်ကကျွန်တော့်ကိုဘာကြောင့်ဆဲတာလဲ။ပြောစရာယဉ်ယဉ်ကျေးကျေးစကားလုံးတွေမရှိတော့ဘူးလား။လေတပ်အကြောင်းမသိဘူးလားလို့လို့ပြောရအောင် ခင်ဗျားကကောဘယ်လောက်သိလို့လဲ။ကျွန်တော်ပြောတဲ့စကားတစ်ခွန်းရှိတယ်။သိအောင်လုပ်။တတ်အောင်သင်လို့ပြောဘူးတယ်နော်။သိအောင်ကြိုးစားပါအုံးဗျာ။ခင်ဗျားမိုက်ရိုင်းတာ က မျိုးရိုးကဆင်းသက်လာတာထင်တယ်နော်။သတိထားအုံး။မျိုးရိုးပါ မကောင်းဖြစ်သွားမယ်။

Anonymous said...

(1) Tatmadaw ranks and files MUST understand and be interested in the politics and political process but NOT get involved in it while in uniform
(2) Tatmadaw MUST be the Pillar of Constitution and democracy while serving two main important tasks territorial integrity and sovereignty of Our Nation.
(3)Following the order Must also come with the sense of DUTY, Order itself Is NOT the key to follow but Sense of DUTY and Responsibility greater than that order and the person giving that order is the KEY. this is the only way Order-er gives the right judge order and Order-ee follows that order to the dot. VERY VERY IMPORTANT IN MILITARY. Otherwise non-sense orders from non-sense stupid leader (political or otherwise) will rack the country WHICH we server for.
Ordinaryman

Anonymous said...

Oh by the way Proud Soldier, NLD will not win a big time in 2015 or thereafter, party will dissipate after this by-election.

Anonymous said...

Dear my friend Ordinary man,

Thank you very much for your discussion. I totally understand your points which you want to highlight in here. Please let me explain you.

1. I agree with you that Thatmadaw should understand and interest in Political process.

2. And I realize that according to the situation of our Country, Thatmadaw is now the pillar of Constitution (2008).

3. What I understand in this point is that we should follow the right order which comes from the right leader. I partly agree in this point. I am going to explain to you.

This is a perfect concept and we will be very lucky when we always get the right order from the right leader. Unfortunately, we are living in the real World and this cannot be always fulfilled while we are in the field. We just make assumption that all of the orders are right and which is coming from the right person. I do know that this is unacceptable. But if you let the military to scrutinize every orders, this can be the worst for the country and they will be fighting each other in the near future. I would like to say that it is impossible.

But, here is the thing that we can do something better for this kind of situation. We should try to polish our promotion system to give the authority to the right one who is intelligent and has a good character. It is possible but many limitations.

And the last thing, there were some bad images in the history of our lovely Tatmadaw. This is not because of the soldiers who followed the order but just because of the system which chose the wrong one to lead the country. (SYSTEM ERROR)


KIND REGARDS,

Anonymous said...

Dear,

To be honest, I don't like NLD and I will not vote it in the election. But it doesn't mean that I want to demolish the party from the political field.

As we realized that we already had a big party in the 2010 election and which is USDP. Now our political system needs another big party to make counter balance to USPD otherwise we will return back to the previous situation: the only one party controlled everything in the country (1974-1988). In the other hand, USPD can also make counter balance to NLD. Therefor the country will be equilibrium in political situation.

Anyway, I think it is good for our country and our people but I am not sure that whether the politicians form USPD and NLD will like this kind of situation or not.

Regards,

The one who is really proud himself to be soldier

Anonymous said...

တပ်မတော်ကိုဖြိုခွဲတာ ဘယ်သူမှမဟုတ်ပါဘူး...တပ်မတော်ကြီးကိုခုတုန်းလုပ်ပြီး သိပ်ချမ်းသာသွားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေပါပဲ...တပ်မတော်ထဲမှာ အေပိုး-ဘီပိုး-စီပိုး-အိုင်ပိုး-အိုပိုး အလုပ်သင်ပိုး...စုံတကာ့စုံတဲ့ ညစ်ပတ်နည်းတွေနဲ့ အရာရှိတွေကိုနည်းပေါင်းစုံနဲ့ ဖြုတ်ထုတ်လုပ်ခဲ့ပြီးပါပြီ...ဆက်လည်းလုပ်နေဆဲပါ...အဲဒီလိုနည်းလမ်းပေါင်းစုံနဲ့ခံခဲ့ရပြီး ဘ၀ပျက်နေတဲ့ စစ်တပ်ကအရာရှိတွေ အခု အပြင်မှာ အများကြီးပါဗျာ...ရေးရမှာ ရင်နာလွန်းလို့ ...ဒီလောက်နဲ့ပဲတော်တော့မယ်။

Anonymous said...

Perhaps you misunderstood the points proud soldier, (I'd like to call this to myself but I refrain myself doing so)I was not talking about ideal situation but I was talking about generic nature of quality judgement among soldiers(private to full colonel in field). Once you see enough you'd understand what I am talking about. Chains of Command shall never be broken but this is only as strong as its weakest link. Also it was not the system it was PEOPLE who rack the system and country. I wont comment system Vs people in length as it deserves a thesis level analysis and research!!! but anyway I did write here and there about myanmar tatmadaw leadership and hardship since 1998.
going back to the order-er and order-ee, system is to OBEY but PEOPLE carry out this concept. Once one side abuses this? think about it. If you are a platoon leader, you caught a rebel who surrendered, your company commander order you to kill all who surrendered. (forget about the hardship and some reality of jungle in this example)? well there are many things we need to do for Tatmadaw to become a pillar of our nation and beloved one by all citizens. One things for sure, to make sure our tatmadaw is well-disciplined and general education and training for all ranks is high. Most of all, these words are still in my heart" tatmadaw is the school where men can learn how to be the Best able man (Yautkyar kaung)". Are we all good enough to declare ourselves Yautkyar kaung? or how many percents of our Tatmadaw? nonetheless, we cannot have perfection in any organization but we cannot be lenient to any deviation from MAIN PRINCIPLES. that is where ORDERS MUST RESIDE.
ordinaryman

အမြင်မှန်စေချင်သူ said...

အပေါ်က..(တပ်မတော်ကိုဖြိုခွဲတာဘယ်သူမှနဟုတ်ဘူး တပ်မတော်ကိုခုတုံးလုပ်ပြီးသိပ်ချမ်းသာသွားတဲ့စစ်ဗိုယ်ချူပ်တွေ)လို့ပြောတဲ့အမည်မရှိသူခင်ဗျာ၊ မင်းပြောတဲ့စကားမှာတင်အဖြေပါပြီးသားကိုနီးရက်နဲ့ဝေးနေလို့သတိပေးတာပါ။အဲ့လိုချမ်းသာအောင်ကိုယ်ကျိုးရှာလို့ဖြူတ်ထုတ် ခံရတာပေါ့။ သူတို့မကောင်းလို့သူတို့ပြူတ်တာဘ၀ပျက်တာဘာဆန်းလဲ၊အများကြီးရင်းနှီးပေးဆပ်ပြိးဖြစ်လာတဲ့ရာထူးကိုဘယ်သူမှအကြောင်းမရှိမဖြူတ်ဘူး။နောက်တခုကမင်းပြောတဲ့ဘီ၊စီ၊အေပိုးစတာတွေကလဲအဲ့ပိုးရှိနေသူဟာတပ်မတော်ကပေးတဲ့တာဝန်ကိုဘယ်လိုမှမထမ်းဆောင်နိုင်တာလူတိုင်းနားလည်ပြီးသားကို မင်းတယောက်ထဲရူပ်နေတာပါ။ အဲ့ရောဂါရှိသူတွေဟာအပငါပမ်းမခံနိုင်တာလောက်မင်းသိသင့်တယ်၊အေပိုးဘဲအပင်ပမ်းမခံနိုင်တာပါလို့လာမပြောနဲ့နော်၊ဘီ၊စီ လဲဒီအတိုင်းဘဲဆရာဝန်နဲ့သာမေးတော့။ဒီလိုရောဂါပိုးရှိသူဟာကြမ်းတမ်းတဲ့စစ်သားဘ၀မပြောနဲ့နိုင်ငံတကာမှာတောင်အေ၊ဘီ၊စီ၊တီဘီပိုးစတာတွေစစ်ရတာအလုပ်ကြမ်းသမားရော ၊အဲယားကွန်းနဲ့ကွန်ပြူတာရှေ့မှာအလုပ်လုပ်တဲ့သူရောစစ်ရတယ်။အဲ့ဒါဘာကြောင့်လဲတော့အဲ့နိုင်ငံတွေသာသွားမေးတော့၊မင်းသမ္မတဖြစ်မှအဲ့လိုရောဂါပိုးရှိသူတွေစစ်တိုက်ခိုင်းဘို့အဆိုတင်သွင်းတော့..ဟုတ်ပြီလား၊ နိုင်ငံတကာမှာပါကန့်ကွက်ကွာ..ဟုတ်ပြီလား။

Anonymous said...

ထွီ.........................................................................................................................ဟီ.......ဟီ...........

Anonymous said...

Nice blog here! Additionally your website a lot up very fast!
What web host are you the use of? Can I get your affiliate hyperlink for your host?
I desire my site loaded up as fast as yours lol

Here is my web page: Strasbourg Hotels

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ