Apr 26, 2012

KIA ဖိနှိပ်ခံ ရှမ်းလူမျိုးများဘ၀နှင့် ငြိမ်းချမ်းရေးလိုချင်တဲ့ ကချင်လူမျိုးများရဲ့ ကံကြမ္မာ

မြန်မာနိုင်ငံရဲ့ မြောက်ဖျားပိုင်းက ကချင်ပြည်နယ်မှာ ခရိုင်(၄)ခု၊ မြို့နယ်(၈)ခု၊ မြို့နယ်ခွဲ(၁၁)ခုရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ပြည်နယ်တွင်းမှာ လူဦးရေ(၁၆)သန်းကျော်ရှိပါတယ်။ လူဦးရေ(၁၆)သန်းရှိပေမဲ့လည်း မြန်မာပြည်အနှံ့အပြား နေရာဒေသအမျိုးမျိုးမှ လူမျိုးပေါင်းစုံ လာရောက်စီးပွားရှာကြတဲ့ ပြည်နယ်တစ်ခု ဆိုရင်လည်း မမှားနိုင်ပါဘူး။ အဓိကနေထိုင်သူများကတော့ ကချင်လူမျိုး(၅) သိန်းကျော်၊ ဗမာလူမျိုး(၄) သိန်းကျော်၊ ရှမ်းလူမျိုး(၃) သိန်းကျော်နှင့် အခြားတိုင်းရင်းသားပေါင်းစုံ(၃)သိန်းကျော် နေထိုင်တဲ့ပြည်နယ် တစ်ခုလို့ ဆိုနိုင် ပါတယ်။ 


အပစ်အခတ်တွေမရှိတဲ့အချိန်မှာ တိုင်းရင်းသားများပျော်ရွှင်အေးချမ်းစွာ စီးပွားရှာခဲ့ကြတဲ့ ပြည်နယ်ကြီးဟာ ၂၀၁၁ ခုနှစ်၊ ဇွန်လကစတင်ပြီး အစိုးရနဲ့တိုက်ပွဲများပြန်လည်စတင်ခဲ့ပါတယ်။ တိုက်ပွဲများစတင်ခဲ့ကြပြီး ငြိမ်းချမ်းရေး အတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြပေမဲ့လည်း ငြိမ်းချမ်းရေးအတွက် အဓိပ္ပါယ်ဖွင့်ဆိုခြင်း မတူညီခဲ့ကြခြင်းကြောင့် ကိုယ့်နယ်မြေကိုကာကွယ်သွားမယ်ဆိုတဲ့ မတူညီတဲ့အကြောင်းပြချက်နဲ့ အချိန်ကာလ ကြာလာတာနဲ့အမျှတိုက်ပွဲများ ပြင်းထန်လာခဲ့ကြပါတယ်။ 

KIA က အစိုးရတပ်ကို တိုက်ခိုက်နိုင်ဖို့ဆိုရင်တော့ လူအင်အား၊ လက်နက်အင်အားရှိဖို့လိုအပ်ပါတယ်။ လက်နက်အတွက်ကတော့ ငွေကြေးအင်လားရှိတဲ့ KIA အတွက် အခက်အခဲမရှိပေမဲ့ လူအင်အားရဖို့အတွက် အနည်းဆုံးတော့ KIA တပ်ဖွဲ့အတွင်း ၀င်ရောက်လာအောင်စည်းရုံးရမှာပါ။ KIA နဲ့အစိုးရတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲများက ရှည်ကြာလာတဲ့အတွက် လူအင်အားလျော့နည်းလာခဲ့လို့ ဒီလိုမျိုးစည်းရုံးရေးတွေ လုပ်နေမယ် ဆိုရင် KIA အဖွဲ့အတွက် အချိန်တိုအတွင်းအင်အားများများရရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လက်နက်ဖြင့်ခြောက်လန့် ပြီး အတင်းအဓမ္မ စည်းရုံးခဲ့ရတယ်ဆိုတာ KIA မှ ပြန်ထွက်ပြေး အလင်းဝင်လာခဲ့ကြသူများမှ သက်သေပြနေပါတယ်။


          နိုင်ငံရဲ့ဝိသေသအရ နေရာဒေသအနှံ့အပြားမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ နေထိုင်ကြပါတယ်။ ကချင်ပြည်အတွင်းမှာ ရှမ်းလူမျိုးများနေထိုင်ကြသလို ရှမ်းပြည်နယ်အတွင်းမှာလည်း ကချင်လူမျိုးများ နေထိုင်ပါတယ်။ ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးကောင်းစားရေးလို့အကြောင်းပြခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) မှာတော့ ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ရှမ်းလူမျိုးများပါဝင်နေလို့ ထူးခြားတဲ့အဖွဲ့အစည်း တစ်ခုလို့ဆိုရမှာပါ။ KIA ဟာ ကချင်ပြည်နယ်၊ ကချင်လူမျိုးကောင်းစားရေးအတွက် တိုက်ခိုက်နေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်လို့ ကချင်လူမျိုးများနဲ့ဖွဲ့စည်း သင့်ပေမဲ့ KIA ရဲ့အင်အားတစ်ဝက်လောက်ဟာ ရှမ်းလူမျိုးတွေပါဝင်နေပါတယ်။
KIA မှအတင်းအဓမ္မဖမ်းဆီးခံရလို့ စိတ်မပါပဲအမှုထမ်းနေရတဲ့ ရှမ်းလူမျိုးများဟာ ကချင်လူမျိုး KIA တပ်ဖွဲ့ဝင် တွေလောက် အခွင့်အရေးတွေမရခဲ့ကြပါဘူး။ ရှမ်းလူမျိုး KIA စစ်သားများဟာ ကချင်လူမျိုး KIA စစ်သားတွေ မသွားချင်တဲ့ရှေ့တန်းတွေကို အများဆုံးသွားရပါတယ်။ ကချင်လူမျိုး KIA စစ်သားတွေကိုသာ ရာထူးအဆင့် တိုးပေး ခြင်း အရေးကြီးနေရာများကို ကချင်လူမျိုးများကိုသာ တာဝန်ပေးပါတယ်။ ရှမ်းလူမျိုး KIA တပ်ဖွဲ့ဝင်တွေဟာ ဘယ်လောက်ပဲအရည်အချင်းရှိရှိ ကချင်လူမျိုးတွေလောက် အခွင့်အရေးမရကြပါဘူး။ KIA ထဲကိုဝင်လာချိန်မှာလည်း ဖမ်းဆီးခြိမ်းခြောက်ခံရလို့ ၀င်လာသူများဖြစ်တဲ့အတွက် ရှမ်းလူမျိုးတပ်ဖွဲ့ဝင်များအပေါ် အယုံအကြည်မရှိပဲ အမြဲတမ်း စောင့်ကြည့်ခံနေရတဲ့အတွက် KIA မှ ရှမ်းလူမျိုးများအပေါ် လူမျိုးရေး ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေ ရှိနေတယ်ဆိုတာ သိသာထင်ရှားပါတယ်။
စစ်သင်တန်းပေးခံနေရသော ရှမ်းများ

 KIA မှ ရှမ်းလူမျိုးများအပေါ်မတရားသတ်ဖြတ်ခဲ့တဲ့ စပေါ့ချောင်းမှော် လူသတ်ပွဲကြီးဟာ ရှမ်းလူမျိုးများ အတွက် ဘယ်လိုမှဖျောက်ဖျက်လို့မရပဲ ရှမ်းလူမျိုးများရဲ့ သမိုင်းဝင်ဖိနှိပ်ခံရမှုလို့ ဆိုရမှာဖြစ်ပါတယ်။ ဟိုးယခင်တုန်း ကတည်းက ဖိနှိပ်ခံလာရတဲ့ရှမ်းလူမျိုးများဟာ ယနေ့ထိ KIA ရဲ့ဖိနှိပ်မှုအောက်က မလွတ်မြောက်သေးတာကို တွေ့မြင်ကြားသိနေရပါတယ်။ ရှမ်းလူမျိုးတွေနေတဲ့ တာလောကြီးရွာကို အစိုးရတပ် များရှိနေကြောင်း အကြောင်းပြပြီး ရွာအတွင်းပစ်ခတ်ခဲ့တဲ့အတွက် ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ စာသင်ကျောင်း(၅)ကျောင်း၊ ရွာသား (၅) ဦး သေဆုံးသွားခဲ့တဲ့အပြင် တာလောကြီးရွာသူ ရှမ်းအမျိုးသမီး ၄ ဦးကိုလည်း KIA မှ မုဒိမ်းကျင့်ခဲ့ကြတာဟာ ရှမ်းလူမျိုးများမှ KIA အဖွဲ့အပေါ်မေ့မရနိုင်တဲ့ ရက်စက်မှုများပဲဖြစ်ပါတယ်။ 


KIA တပ်ဖွဲ့အတွင်းမှာလည်း မတရားဖမ်းဆီးခံရတဲ့ KIA တပ်ဖွဲ့ဝင်ဖြစ်သွားခဲ့ကြတဲ့ ရှမ်းလူမျိုးများ မှာလည်း အကြောင်းအမျိုးမျိုးပြ နှိပ်စက်ခံနေရပါတယ်။ ဒီလိုမျိုးလူမျိုးရေးခွဲခြားဖိနှိပ်တာကို မခံနိုင်လို့ ရှမ်းလူမျိုး KIA တပ်ဖွဲ့ဝင် များဟာ ထွက်ပြေးပြီးအစိုးရတပ်မှာ သွားရောက်ပူးပေါင်းနေကြတဲ့အတွက် ယခုလိုအခြေအနေမျိုးမှာ ဖိနှိပ်မှုတွေပိုမို ပြင်းထန်လာနိုင်ပါတယ်။ တာလောကြီးရွာသားများကိုးကွယ်တဲ့ ကျောင်းထိုင်ဘုန်းကြီး ဆရာတော်ကို ထွက်ပြေးသွား သူများကို အကူအညီပေးကြောင်းစွပ်စွဲပြီး ရက်ရက်စက်စက်သတ်ဖြတ်ပစ်ခဲ့တာတော့ အလွန်ပဲနာကျည်းစေတဲ့ လုပ်ရပ်လို့ပြောရမှာပါ။
မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ဖားကန့် ဒေသတွေဟာ ရှမ်းလူမျိုးတွေ အများစုနေထိုင်ရာ ဒေသတွေဖြစ်ပြီး KIA ရဲ့ လူသစ်စုဆောင်းမှု၊ ဆက်ကြေးတောင်းခံမှု တောင်ယာလုပ်ကိုင်ခွင့် ကန့်သတ်ပိတ်ပင်မှုများ အများဆုံး ခံကြရပါတယ်။ KIA တပ်ဖွဲ့အတွင်းရှိနေတဲ့ ရှမ်းလူမျိုးများဟာ လူမျိုးခွဲခြားဖိနှိပ်မှုပိုမိုဆိုးရွားစွာခံနေရသလို ၊အစိုးရတပ် တွေနဲ့ တိုက်ပွဲတွေမှာလည်းကျဆုံးမှုများလာပါတယ်။ KIA လူမျိုးရေးခွဲခြားထောက်ပံ့မှုများကြောင့် အနေဆင်းရဲ အစားဆင်းရဲပြီး ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကြောင့် ကျန်းမာရေးထိခိုက်လာပြီး ဆေးကုသရန်အတွက် ဆေးဝါး မလုံလောက်တဲ့ ဆင်းရဲဒုက္ခများကို ခက်ခဲပင်ပန်းစွာ ရင်ဆိုင်နေရပါတယ်။ မိုင်းထောက်ဖောက်ခွဲရာမှာလည်း ကျွမ်းကျင်မှုမရှိခြင်းကြောင့် ကိုယ့်မိုင်းနဲ့ကိုယ် သေဆုံးဒဏ်ရာရမှုများနဲ့ ရင်ဆိုင်နေရပါတယ်။ 

မကြာခင်က KIA တပ်မဟာ(၅)မှ တပ်ကြပ်ကျော်ဆန်း ရှမ်းလူမျိုးဦးဆောင်သည့် တပ်ဖွဲ့ဝင်(၄၂)ဦးဟာ အလင်းဝင်ရောက်လာခဲ့ပါပြီ။ ဒီလိုမျိုးပင်ပန်းဆင်းရဲမှုနဲ့ မတရားနှိပ်စက်မှုကိုမခံနိုင်တဲ့ ရှမ်းလူမျိုးအများစုပါဝင်တဲ့ KIA တပ်ဖွဲ့ဝင်တွေဟာ နေ့စဉ်လိုလို အစိုးရတပ်စခန်းတွေမှာ အလင်းဝင်ရောက် နေကြပါတယ်။

ကချင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ အစိုးရနဲ့ KIA တို့ရဲ့ တိုက်ပွဲများ အဆုံးမသတ်နိုင်တဲ့အပြင် KIA ခေါင်းဆောင်ပိုင်းရဲ့ လူမျိုးခွဲခြားမှု၊ ဖိနှိပ်ရက်စက်မှုများကြောင့် ရှမ်းနဲ့ ကချင်လူမျိုးများအကြား ဖိနှိပ်မှုစစ်ပွဲများထပ်ပြီး ကြုံတွေလာမယ်ဆိုပါက ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးများ၏ ကံကြမ္မာလို့ပဲဆိုရတော့မှာဖြစ်ပါတယ်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ