Apr 28, 2012

အရှေ့ဒဂုံမြေကွက်များ မူလပိုင်ရှင်ထံ ပြန်ပေးမည်

မတ် ၇ ရက်တွင် အိုးအိမ်ဦးစီးဌာနမှ ပါမစ်တစ်ကွက် ၁၂၀၀၀ ကျပ် ပြန်အမ်းခြင်းဖြင့် ဒဂုံမြို့သစ်အရှေ့ပိုင်း ဝန်ထမ်းဟောင်း မြေကွက်များ ပြန်သိမ်းနေမှုကို ရပ်ဆိုင်းရန် ညွှန်ကြားထားကြောင်းနှင့် မူလပိုင်ရှင်များအား ပြန်ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ဧပြီ ၂၅ ရက်အပြီး မီဒီယာများနှင့် တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေမှ ပြောကြားလိုက်သည်။ “ဝန်ထမ်းတွေကို ပြန်ပေးမယ်။ လယ်စိုက်ထားရင် ရပ်ခိုင်းမယ်” ဟု ဝန်ကြီးချုပ်မှ ပြောသည်။

 “ကျွန်တော်တို့ကို မြေကွက် ၃၅၅ ကွက်ကို ဆင်းစစ်ကြည့်ပြီးပါပြီ။ ဂရန်ပေါက်ပြီး အိမ်ဆောက်နေတာ ၁ လုံး၊ ကျူးကျော်ဝင်ရောက် နေထိုင်တာ ၇၂ လုံး၊ ကျန်တာပါမစ်နဲ့ နေကြတယ်။ ဒါတောင် ပိုင်ရှင်အစစ် မဟုတ်ကြတော့ဘူး။ ပိုင်ရှင်ဆီကနေ ဝယ်ပြီးနေကြတယ်” ဟု အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။ 

ကျူးကျော်တွေကို ဖယ်ခိုင်းမှာပါ။ ဘယ်နေ့ နောက်ဆုံး ဖယ်ရမယ်ဆိုတာကတော့ မသတ်မှတ်ရသေးဘူး” ဟု အဆိုပါတာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးမှ ထပ်လောင်းပြောကြားသည်။ နိုင်ငံတော်မှ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်တွင် လွန်ခဲ့သည့် နှစ် ၂၀ ခန့်က နိုင်ငံ့ဝန်ထမ်းများအား အရစ်ကျပေးသွင်းမှုစနစ်ဖြင့် မြေကွက်ပေါင်း ၈ ထောင်ကျော်ကို ချထားပေးခဲ့သည်။ မတ် ၇ ရက်တွင် အဆိုပါမြေကွက်အချို့၏ နေရာတွင် စိုက်ပျိုးရေးစီမံကိန်း အထူးဇုန် ဖော်ဆောင်ရန်အတွက် ဟုဆိုကာ မူလပေးသွင်းထားသော တန်ဖိုးငွေအား ပြန်အမ်း၍ မြေကွက်များကို ပြန်အပ်ရန် နိုင်ငံပိုင်သတင်းစာမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

 မတ် ၃၁ ရက် နောက်ဆုံးထား အပ်နှံရန်နှင့် သတ်မှတ်ကာလ ကျော်လွန်ပါက မြေကွက်မူလတန်ဖိုးကိုလည်း ထုတ်ပေးသွားတော့မည် မဟုတ်ဘဲ အပ်နှံပြီးဟု သတ်မှတ်သွားမည်ဟု ဖော်ပြပါရှိခဲ့သော်လည်း မြေကွက်ပိုင်ရှင် အများစုမှာ ပြန်လည်အပ်နှံလိုခြင်း မရှိခဲ့ကြကြောင်း တရားဝင် ထုတ်ပြန်ချက်များတွင် ပြန်လည်အပ်နှံရမည့် မြေကွက်ပေါင်းမှာ တစ်ရက်လျှင် ၁၀ ဦးနှုန်းသာ ရှိခဲ့ကြောင်း သိရသည်။ ပြန်လည်အပ်နှံလိုခြင်း မရှိကြသည့် မြေကွက်ပိုင်ရှင်များမှာ ထိုအချိန်က သက်ဆိုင်ရာသို့ အသနားခံစာများ တင်ပြလုပ်ဆောင်ခဲ့ကြကြောင်း ၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ