ကန်တုံ၊ ရန်ရန်ချမ်း၊ အနဂ္ဂ နဲ့ သံသာရေ၊
သူငယ်ချင်းတို့ရေ ကိုယ်ပါကွ။ နေပြည်တော်ရွှေမြိှု့တော်ရဲ့
ပုပ္ဗသီရိမြိှု့နယ်က အမတ်မင်း ဖြိုးဇေယျာသော်ပါကွ။ နယ်နယ်ရရ မှတ်သလားဟေ့
မဲလာပေးတဲ့ ၄၆၆၇၁ မှာမှ ကိုယ်က ၂၃၆၅၁ မဲနဲ့ အနိုင်ရခဲ့တာပါ။
အမတ်လောင်းဘ၀ကနေ အမတ်ဖြစ်လာပြီဆိုတော့ ကိုယ်ရဲ့ ၀န်ထုပ်ဝန်ပိုးကြီးကို
အလေးချိန်ကို မင်းတို့ စဉ်းစားမိသလား၊ နေပြည်တော်ဆိုတဲ့နေရာက
အစိုးရ၀န်ထမ်းတွေကတောင် ပေးလိုက်ကြတဲ့မဲဆိုတော့
နှယ်နှယ်ရရအောင်မြင်မှုမဟုတ်ဘူးတဲ့ အမေစုမြွက်ကြားခဲ့သလိုဘဲ ကိုယ်တော့
သေသေချာချာလုပ်ရတော့မယ်။
ခုလောလောဆယ်မှာတော့ သင်္ကြန်အတွင်းမှာဘဲ
လုပ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကိုယ်အပါအ၀င်
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေကို ပို့ချတဲ့ ဥပဒေသင်တန်း၊
ပဋိပက္ခ ဖြေရှင်းခြင်းနည်းလမ်း၊ အလုပ်သမားဥပဒေ၊ လယ်ယာဥပဒေ၊ ရပ်ကွက်
ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေသင်တန်းတွေကို တက်နေရတယ်ကွာ။ မင်းတို့ကတော့
ရေစိမ်ခံပြီး ဇိမ်ကျနေမှာ မလိုနာဘူးကွာ။
ကိုယ်က
ကိုယ်တတ်ထားတဲ့အနုပညာနဲ့ ပြည်သူတွေ၊ ၀န်ကြီးဌာနတွေမှာ
စိတ်မလန်းဆန်းဘဲရှိနေကြတဲ့ ၀န်ထမ်းတွေကို စိတ်အပန်းပြေအောင် တတ်ထားတဲ့
အနုပညာနဲ့ တစ်ဖက်တစ်လမ်းက အလုပ်အကျွေးပြုဖို့ ရည်ရွယ်ထားတာကွ။ ဒါကြောင့်
ဒီသင်တန်းတွေဟာဖြင့် ကိုယ့်အတွက် နည်းနည်းတော့ ကသိကအောင့်ဖြစ်တာပေါ့။
ဒါပေမယ့် အနိုင်ရအမတ်အားလုံးထဲ ကိုယ်ကအငယ်ဆုံး၊ ဖင်အပေါ့်ဆုံးက ရှေ့ဆုံးက
ငိုက်နေရင်မကောင်းတာနဲ့ စိတ်ထဲက သီချင်းစပ်ရင်းဘဲ သကြံန်ရက်တွေကို
ကုန်ဆုံးခဲ့ရပါတယ်။
ပြီးရင်တော့ ကိုယ်မဲဆနနယ်မြေမှာ
ငွေကြေးကိစ္စတွေကို အပြီးသတ် လုပ်ထားရဦးမယ်။ အဲဒီငွေကြေးကိစ္စ တွေကို
သက်ဆိုင်ရာ ခရိုင်ကော်မရှင်တွေမှာ ကျမ်းကျိန်တာတွေ လုပ်ရဦးမယ်။ ကိုယ်ကတော့
လွှတ်တော်တက်ဖို့ဘဲ အာရုံရှိတယ် ဟေ့ကောင်ရေ။ ဆွေမျိုးတွေကလည်း ကိုယ်ဟာ
လွှတ်တော်ထဲမှာ အငယ်ဆုံး၊ အလားအလာအရှိဆုံးဖြစ်လာမယ်ဆိုပီး ပြောနေတာနဲ့
ရင်တွေတောင် ခုန်နေတာကွ။
လွှတ်တော်ထဲမှာတော့ အမေစု ထိုင်ဆိုထိုင်၊
ပြောခိုင်းတာပြောရမှာပေါ့ကွာ။ အမေစုက ဒီမိုကရေစီသာအော်နေတာ၊ သူက ဒါလုပ်ဆို
လုပ်မှကြိုက်တာ၊ နွားရှေ့ထွန်ကြူုးသလားဆိုပီး ပြောသေးတာကွ၊
နိုင်ငံခြားမှာအနေကြာလာတော့ စကားပုံတွေဘာတွေ
သိပ်မခိုင်းနှီုင်းတတ်ဘူးပေါ့ကွာ။
အေး၊ ခုတော့ အမေစုက
ဦးညဏ်ဝင်းနဲ့ ခေါင်းကြီးလို့ခေါ်တဲ့ ဟံသာဝတီဦးဝင်းတင်တို့
စကားနားယောင်ပြီး လွှတ်တော်မတက်သေးဘူးဆိုပီး လုပ်နေပြန်ပီဟေ့ကောင်ရေ။
လွှတ်တော် ထဲသွားတဲ့အခါ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဟာ ပုဒ်မ ၁၂၅ အရ ဇယား
(၄) ပါစာသား ကို ဥက္ကဌရှေ့မှာ ကျမ်းကျိန်ရမယ်။ အဲဒီမှာပါတဲ့ စာသား
““ကာကွယ်စောင့်ရှောက်ပါမည်”” ဆိုတာနဲ့ ““ လေးစားလိုက်နာပါမည်”” ဆိုတဲ့
စကားရပ် ၂ခု ၀ိဝါဒ ကွဲနေတာကြောင့်ပါကွာ။
ငါရယ်၊ ကျန်တဲ့ အမတ် ၃၀
လောက်ရယ်က လွှတ်တော်ထဲ သွားချင်နေပါပီကွာ။ ကိုယ့်ကို အမတ်အဖြစ် တင်ထားတဲ့
ပြည်သူတွေကို ခေါင်းပေါင်းစတလူလူနဲ့ ပုံစံတော့ ပြသင့်တယ်မဟုတ်လား။
ပြီးတော့ကွာ၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွန့်ပြစ်၊ ရွှေဂုံတိုင်
ကြေညာစာတမ်းကို စက္ကူစုတ်လုပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်က
ကျင်းပတဲ့ ရွေးကောက်ပွဲကိုတောင် ၀င်ခဲ့ပြီးမှ အခု ဒါလေးကို ဘာလို့
ကပ်သပ်ငြင်းခုန်နေကြတာလဲ။ အမေစုက စကားကတော့ အောင်တယ်ဗျ၊
ဆန်ရှင်ရုတ်သိမ်းဖို့ လာတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ကိုတောင်
ဆိုင်းငံ့ဖို့ဘဲလုပ်ပေးဖို့ ပြောနိုင်တာကိုဘဲကြည့်လေ။ အဲဒီ
ကြေညာချက်လည်းရရော အမေစုက စကားလုံး သေးသေးလေးကအစ NLD ပြောလို့
ပြင်ရတယ်ဖြစ်အောင် လုပ်တော့တာဘဲကွာ။
သမတကြီးကလည်း မပြင်ပေးဘူးတဲ့၊
ဟုတ်တယ်လေကွာ၊ လွှတ်တော်ထဲရောက်နေတဲ့ အမတ်အားလုံးက ဒီအတိုင်း
ကျန်းကျိန်ထားပီးသားဟာကို။ ဦးအုန်းကြိုင်ကလဲ တစ်မှောင့်ကွာ၊
ဌာနချုပ်ကိုလာလာပြီး သူပြန်သွားရင် ပြသနာအသစ်တိုးလာပြန်ရော။ ဒီကနေ
လွှတ်တော်စလုပ်ပီကွ၊ ငါ့နေရာလေးကို လိုက်ရှာမိတယ်။ အမေစုက ““လွှတ်တော်ကို
မတက်ဘူးလို့ မပြောဘူး။ သွားနိုင်မယ့်အချိန်ကို စောင့်နေတာပါ” လို့ပြောတယ်။
ရှင်းနေတာကို ရှုပ်တာမှ နိုင်ငံရေးလို့ တောင်တွင်းကြီးမြို့နယ်က
ဦးအောင်ကြည်ညွန့်နဲ့ အမေစုပြောနေတာ ကြားမိပါတယ်ကွာ။
ကိုယ်သိတာတစ်ခုတော့ရှိတယ်။ ဒါပေမယ့် အမေစုက လက်မခံဘူး၊ မင်းတို့ကိုတော့
အဲဒါသိသင့်တယ်ထင်လို့ ပြောပြချင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ၄၇ မှာကတည်းက
အဲဒီအတိုင်းဘဲပါတယ်။ ၄၇ ဥပဒေဆိုတာက အမေစုအဖေ အဘိုးအောင်ဆန်း လက်ရာဘဲ၊
အမေစုက အဖေ့လက်ရာကို ဖျက်နေတာကွ၊ ကိုယ်ါရယ်၊ မရမ်းကုန်းက ဒေါက်တာ
စန်ဒါမင်းရယ်၊ စစ်ကိုင်းက ဦးခင်မောင်သိန်းရယ်က တောင်ငူက ဦးမျိုးခိုင်ရယ်က
အချက်အလက် အထောက်အထားပြ ရှင်းတော့ အန်တီသိပြီးသားပါတဲ့၊
အန်တီ့ကိုဘဲကြည့်ပါ၊ အန်တီလုပ်သလိုလုပ်ပါ၊ အန်တီ့နောက်သာလိုက်ခဲ့ကြပါတဲ့။
ဒါပါဘဲသူငယ်ချင်းတို့ရေ၊ ကိုရင်ဝတ်ရမယ်ဆိုလို့ သင်္ကန်းတောင်း ကျက်ထားပြီးခါမှ ရှင်မပြုရသေးလို့ ကိုရင်မဖြစ်သေးပါဘူးကွာ။
မင်းတို့ကို ချစ်ခင်နေတဲ့
ဖြိုးဇေယျာသော်
ပုပ္ဗသီရိမြို့နယ်အမတ်

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။