Apr 28, 2012

ဘာကြောင့် ရိုဟင်ဂျာ ကိုမြန်မာတိုင်းရင်း သားအဖြစ် လက်မခံ နိုင်တာလဲ

ကျွန်တော်ဘာကြောင့် ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားအဖြစ် လက်မခံနိုင်တာလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိစေချင်လို့ အခု လိုရေးသားရခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Muslim ဘာသာဝင် လူမျိုးပေါင်းစုံ ရှိပါတယ်။ ဗမာတွေ ကိုယ်တိုင် Muslim နဲ့ အိမ်ထောင်ပြုပြီးတော့ဘာသာပြောင်းသွားတဲ့လူလည်းရှိပါတယ်။ ကြုံတုန်းပြောပါရစေမလေးရှားနိုင်ငံမှာအလုပ်လုပ်တုန်းကအတွေ့အကြုံကမလေးရှားနိုင်ငံသား
ဘာသာခြားမည်သည့်လူမျိုးမဆိုမလေးလူမျိုးနှင့်အိမ်ထောင်ပြုလျှင်
Muslim ဘာသာကို ပြောင်း ရပါသည်။ အဲဒါ မလေးရှား နိုင်ငံရဲ့ ဥပဒေ ပါ။

နောက်ပြီးတော့ ကျွန်းပေါ်မှာနေတဲ့ဆာဘား၊ ဆာယာဝပ် လူမျိုးတွေမလေးပြည်မကြီးပေါ်တက်ပြီးတော့အခြေချမယ်ဆိုရင် Muslim ဘာသာကိုပြောင်းမှ ရှောရှောရှုရှုနဲ့ မှတ်ပုံတင် ထုတ်ပေးပါတယ်။ဘာသာရေးနဲ့ပက်သက်လို့
သင်တန်းများကိုပါတက်ရောက်စေပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာဘာသာခြားကို အဲဒီလိုမျိုးနှိပ်ကွပ်တဲ့ဥပဒေလုပ်ရပ်မရှိပါဘူး။ အစိုးရရုံးအသီးသီးနဲ့ဝန်ထမ်းအဖွဲ့အစည်းတွေအတွင်းမှာလည်းဘာသာခြားတွေအများကြီးရှိပါ
တယ်။ ဗိုလ်မှုးချုပ် အေဘယ်(လ်) ဆိုရင်လည်း ဘာသာခြားပေမယ့် တိုင်းပြည်ရဲ့စီးပွားရေးနဲ့သက်ဆိုင်တဲ့ရာထူး တစ်နေရာကို တိုင်းသိ ပြည်သိ နိုင်ငံတကာသိ ရခဲ့ဖူးပါတယ်။

ယခုအချိန်ထိလည်း တိုင်ပြည်ရဲ့ ThinkTank အဖွဲ့အတွင်းမှာ ရှိနေပါသေးတယ်။ဘာသာခြားတွေကို အစိုးရကနှိပ်ကွပ်ရင်တောင် ကျွန်တော်တို့မြန်မာပြည်သူတွေကလက်မခံကြပါဘူး။ ယခုရိုဟင်ဂျာ ပြသနာက တိုင်းရင်းသားလူမျိုးစုတစ်ခုအနေနဲ့ သတ်မှတ်ပေးရမယ်လို့ တောင်းဆိုလာတဲ့အတွက်လုံးဝ(လုံးဝ) မဖြစ်နိုင်တဲ့အတွက်ကန့်ကွက်ရတာပါ။

BBC ရဲ့ လုပ်ရပ် ကို ကြည့်ပါ Egypt မှာရှိတဲ့ Christian တွေနဲ့ ပက်သက်လို့သူတို့ ဒီလိုမျိုး ရေးရဲပါ့မလား?ဒီလိုပါပဲ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုမယ်ဆိုရင် အခြား Muslim ဘာသာဝင် လူမျိုးခြားတွေကိုလည်းကျွန်တော်တို့က တိုင်းရင်းသား (Ethnics) အဖြစ် အသိအမှတ် ပြုရတော့မှာလား…

မြန်မာပြည်မှာ Muslim ဘာသာဝင် လူမျိုးပေါင်းစုံရှိပါတယ်။ အဲဒီလူတွေကရေ ရိုဟင်ဂျာတွေတောင်းဆိုသလိုမျိုး တောင်းဆိုလာခဲ့ရင် ဘယ်လို လုပ်ကြမလဲ သူတို့ မတောင်းဆိုပါဘူးလို့ မည်သူကအာမခံချက်ရဲရဲကြီးပေးရဲမှာလဲး အခုရိုဟင်ဂျာ ပြသနာနဲ့ပက်သက်ပြီး Facebook မှာနာမည်ကြီး တော်တော်များများကလက်ရှောင်နေကြပါတယ်။အမုန်းခံရမှာဆိုးလို့ တစ်ခြားAccountတွေနဲ့ပဲကန့်ကွက်နေကြသလားဆိုတာကတော့ကာယကံရှင်တွေပဲသိမှာပါ။
ယခင်ကFacebookတွင် တိုင်းပြည်ကိုသူတို့လောက်တောင် ဘယ်သူမှမချစ်ဘူးလို့ထင်အောင်ရေးတတ်ပြောတတ်
တဲ့Accountပိုင်ရှင်တွေ နှာစေးနေကြပါတယ်။(တိုက်ခိုက်တာမဟုတ်ပါ မြင်တဲ့အတိုင်းပြောခြင်း ဖြစ်ပါတယ်)။                          

ဒါကတော့လူဆိုတာကိုယ့်သဘောကိုယ်ဆောင်တာပဲလို့ပြောလို့ရပါတယ်။အများပြောကြတဲ့လူ့အခွင့်အရေးဆိုတာ
ပါပဲ။ လူသားတစ်ယောက်ရဲ့  လွတ်လပ်ခွင့် ဒီမိုကရေစီရဲ့ အခြေခံသဘောတရားစသည်ဖြင့်ကျွန်တော်တို့ ကြီးကြီးပြောနိုင်သလောက် ကြီးပါတယ်။ လူမျိုးရေး ခွဲခြားတာနှင့်ဘာသာခြားကို နှိပ်ကွပ်တာ မတူပါဘူး။

India မှာဆိုရင် ဇာတ်နိမ့်၊ဇာတ်မြင့် ယခုထက်တိုင်ရှိနေပါတယ် ဆိုတာငြင်းလို့မရပါဘူး။တစ်ခါ Japanမှာဆိုလည်းလူမျိုးရေးခွဲခြားခံရတဲ့Japan နှင့်အခြားသောလူမျိုးများမှပေါက်ဖွားလာတဲ့အရပ်က
Japanတွေဟာသာမာန် Japanတွေရဲ့နှိမ့်ချ ဆက်ဆံခြင်းကို ခံရပါတယ်။ လေ့လာဖတ်ရှုနိုင်ပါတယ်။

ဗိုလ်ချုပ်တို့ အင်္ဂလန်သွားပြီး အရေးမဆိုခင် India Congress Party ရဲ့အခြမ်း (၂) ခြမ်းဖြစ်တဲ့ Hindu နဲ့ Muslimနှစ်ခြမ်းစလုံးကို ၀င်ရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာနေရူးနဲ့တွေးပြီးနောက် ယခုPakistan ဖြစ်နေတဲ့နေရာမှာ Muslim ခေါင်းဆောင်ကြီး ကိုတောင် ၀င်ရောက်တွေ့ ဆုံခဲ့ပါသေးတယ်။ အဲဒီအချိန် တုန်းကတည်းက Muslim ခေါင်းဆောင်တွေက ဗိုလ်ချုပ်အောင်ဆန်းကို သတိပေးပြောကြားခဲ့တာကတော့ မြန်မာပြည်လွတ်လပ်ရေး ရပြီးရင် ရခိုင်
ပြည်နယ်ဘက်က ခွဲထွက်လိုတဲ့ လူမျိုးစုတစ်ချို့ဟာ မြန်မာပြည်ထဲမှာ မနေပဲ Pakistan ထဲမှာ ပူးပေါင်းချင်လို့လာရောက် အရေးဆိုထားတယ် ဆိုတဲ့ ပြသနာကို သတိပေး ပြောကြားခဲ့ပါတယ်။ သို့ပေမယ့်  အဲဒီလို ဖြစ်ရပ်မျိုးဘယ်တော့မှ ဖြစ်မလာစေရဘူးလို့ Muslim ခေါင်းဆောင်များဘက်က ဗိုလ်ချုပ်အောင်ဆန်းကို ရဲရဲကြီး အာမခံထားခဲ့ပါတယ်။ (အသေးစိတ်ကို သေချာသိချင်လျှင် သတင်းစာဆရာ ဦးပုကလေး (ငါတို့ဗိုလ်ချုပ်ဘာတွေလုပ်ခဲ့သလဲ) စာ
အုပ်မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်)။

အဲဒီကတည်းကရခိုင်တိုင်းဆိုတာကို မြန်မာပြည်ထဲကနေပြီးတော့ ရရင်ရသလိုဖဲ့ ထုတ်၊ခွဲ၊ခြမ်းဖို့ကြိုးစားနေတဲ့လူတွေရှိတယ်ဆိုတာ အတိအလင်းသမိုင်းကသက်သေခံပါတယ်။ ပြသနာက အဲဒီကတည်းက စနေပါပြီ။

ရခိုင်လူမျိုးတွေရဲ့ ရှေ့မှောက်မှာ သူတို့ကို ရခိုင် ကုလားလို့ပြောရင် အရမ်းကိုဒေါသထွက်ကြပါတယ်။ ရခိုင် ကရခိုင်ကုလားကကုလားဘာမှမဆိုင်ဘူးလို့ဒေါသတကြီးတုန့်ပြန်တတ်ကြပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့်ရခိုင်လူမျိုးတွေ  ကအဲဒီခွဲထွက်ချင်တဲ့လူမျိုးတွေရဲ့ရန်ကို မျိုးချစ်စိတ်ဓာတ်အပြည့်နဲ့ ရှေးယခင်ကတည်းကထိမ်းသိမ်း၊စောင့်ရှောက်  လာခဲ့ တယ်ဆိုတာ သိသာထင်ရှား လှပါတယ်။

မလေးရှားမှာမြန်မာနိုင်ငံသံရုံးကို မီးရှို့ခဲ့တာလည်း ရိုဟင်ဂျာတွေပဲဆိုတာသိတဲ့လူတွေသိမှာပါ။ အခုလိုမျိုးမီဒီယာ  ကနေ (ဥပမာ BBC, Facebook) ဆူညံအောင် လုပ်တဲ့ ရိုဟင်ဂျာ တွေကြောင့် ဒီပြသနာဟာ ပိုကြီးမား လာတာပါ။  ရိုဟင်ဂျာနဲ့ ပက်သက်ရင် မြန်မာပြည်သူလူထုကြီးဟာ လူသားခြင်းစာနာထောက်ထားသောအားဖြင့် သဘောထား   ကြီးကြီးမသိကျိုးကျွံ ပြုထားသည်ကို အခွင့်ကောင်းယူပြီးရိုဟင်ဂျာကို မီဒီယာကနေ Promote လွန်ကျူးစွာပြုလုပ်   လာခြင်းအတွက် ကျွန်တော်တို့က၀ိုင်းဝန်းဆန့်ကျင်ရခြင်း ဖြစ်ပါတယ်။

ထပ်ပြီးပြောချင်တာကတော့ ဘာသာရေးနှင့် ပက်သက်ပြီး နှိမ့်ချ ဆက်ဆံလိုစိတ် လုံးဝ (လုံးဝ) မရှိပါ။ လူမျိုးရေး   ခွဲခြားလိုစိတ်လည်းလုံးဝ(လုံးဝ) မရှိပါ။ သို့သော်ယခုလိုမျိုး ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးစုတစ်ခုအဖြစ် သော်လည်းကောင်း၊   အစဉ်အလာ ကြီးမားသော လူမျိုးစုကြီးတစ်ခု အဖြစ်အသိအမှတ် ပြုရန်သော်လည်းကောင်း ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာပြည်နယ်တစ်ခု အနေဖြင့် ရေးသားနေခြင်းများကို လည်းကောင်း၊

 ရိုဟင်ဂျာများနှင့်ပူးပေါင်းလျှက်စားသောက်နေကြသော(တစ်နည်းအားဖြင့် ရိုဟင်ဂျာကိုလက်ညိုးထိုးလျှက် စီးပွားရှာနေကြသော၊ ရိုဟင်ဂျာကိုအကြောင်းပြလျှက်နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးပြသနာများကိုတိတ်တခိုးဖန်တီးနေကြသောလူများ) နိုင်ငံကိုလက်ညိုးထိုးရောင်းစား နေကြသည့်
 မြန်မာပြည်သူ လူထု၏ နောက်ကျောကို ဓားနှင့်ထိုးကြမည့် ကိုယ်ကျိုးရှာလူယုတ်မာများ၏လုပ်ရပ်များ၊ သတင်းများကိုနားနှင့်မဆံ့အောင် ကြားသိနေရသဖြင့်လည်းကောင်း ရိုဟင်ဂျာပြသနာ
ကိုအလေးထား ကန့်ကွက်ရခြင်း ဖြစ်ပါတော့သည်။

မနောသုခ ဘုန်းတော်ကြီးကျောင်း

_______________________________________________


Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ