Apr 22, 2012

ဂျပန်ကြွေးမြီလျှော်ပစ်ကြောင်း တရားဝင်ကြေညာ

မြန်မာအစိုးရ အဆက်ဆက် ဂျပန်နိုင်ငံထံက ချေးယူထားခဲ့တဲ့ ကြွေးမြီ ဂျပန်ယန်းငွေ ဘီလီယန် ၃၀၀၊ အမေရိကန် ဒေါ်လာနဲ့ဆိုရင် သန်းပေါင်း သုံးထောင့် ခုနှစ်ရာကို လျှော်ပစ်လိုက်ပြီလို့ ဂျပန်အစိုးရက ဒီကနေ့ ကြေညာလိုက်ပါတယ်။



ဂျပန်နိုင်ငံကို သမ္မတ ဦးသိန်းစိန် ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါး (Yoshihiko Noda) နဲ့ ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက် ပူးတွဲ သတင်းစာရှင်းပွဲမှာ အခုလို ကြေညာ လိုက်တာပါ။ ဒီမိုကရေစီရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ လိုကြောင်းလည်း ဂျပန်ဝန်ကြီးချုပ် က ပြောသွားပါတယ်။

အရင်က ရပ်ဆိုင်းထားတဲ့ ဂျပန်အစိုးရရဲ့ နိုင်ငံရပ်ခြားအကူအညီ အိုဒီအေ ပြန်ပေးနိုင်ဖို့ အတွက် ပြင်ဆင်နေပြီလို့လည်း ပြောပါတယ်။

အခုလို ကြွေးမြီတွေ လျှော်လိုက်တဲ့အတွက် မြန်မာအစိုးရ အနေနဲ့ ဂျပန်နိုင်ငံထံက နှစ်ပေါင်း ၂၅ နှစ်အကြာမှာ ပထမဆုံးအကြိမ် အဖြစ် ချေးငွေတွေ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ