Apr 28, 2012

သွန်းနေစိုးရဲ့ ကာမလိမ်လည်မှု ဖြစ်စဉ်


စာရေးဆရာသွန်းနေစိုးနဲ့ ကာယကံရှင်ကောင်မလေး(၂၁နှစ်)ဟာ ဖေ့စ်ဘွတ်မှာ စသိကြတာပါ။ သွန်းနေစိုးရဲ့ ဖူးစာရှင်ရွေးချယ်ပွဲဆိုတဲ့ပွဲကို တက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ သူတို့တွေ ကြိုက်သွားကြပါတယ်။ မိဘတွေမသိအောင် လက်ထပ်စာချုပ်တစ်ခု လုပ်ခဲ့ပါတယ်။ အဲဒါဟာ နောက်ပိုင်းမှာပျက်သွားခဲ့ပါတယ်။ ပြီးတော့ ကောင်မလေးမှာ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိတယ်ဆိုပြီး ဖျက်ချပစ်ဖို့အတွက် သွန်းနေစိုးဟာ ကောင်မလေးကို ဒလဖက်ကမ်း ကိုခေါ်ဆောင်သွားပါတယ်။ ဟိုရောက်တော့ ကားနဲ့တင်ခေါ်သွားပါတယ်။ ကောင်မလေးက ကားပြန်လှည့်ဖို့တောင်းဆိုခဲ့ပေမယ့် မရခဲ့ပါဘူး။ ပုသိမ်ကိုပို့ပေးဖို့ ကောင်မလေးက တောင်းဆို ပါသေးတယ်။ ဒါပေမယ် ကားဟာ ဘိုကလေးကိုရောက်သွားခဲ့ပါတယ်။ ဘိုကလေး မှာ ကောင်မလေးက ပြန်ပို့ဖို့ တောင်းဆိုတိုင်း၊ အိမ်ကိုဖုန်းခိုးဆက်မယ်ကြံတိုင်း သွန်းနေစိုးက အကျပ်ကိုင်ခဲ့တာတွေရှိတယ်လို့ ပြောပါတယ်။ ““ဗြူးဗြူးဗြဲဗြဲလုပ်တာတွေကို ကြောက်တယ်။ ဖက်ကိုက်တာကို ကြောက်တယ်””လို့ ကောင်မလေးက ပြောပါတယ်။


 အဲဒါနဲ့ ဒုတိယအကြိမ် လက်ထပ်စာချုပ်ကို ဘိုကလေးတရားရုံးမှာချုပ်ဆိုဖို့ ကောင်မလေးကိုခေါ်သွားပါတယ်။ တရားသူကြီးရှေ့မှာလုံးဝမဟုတ်ဘဲ အခန်းတစ်ခုမှာ အတင်းလက်မှတ်ထိုးခိုင်းပါတယ် လို့ ကောင်မလေးကဆိုပါတယ်။ သင်္ကြန်တတွင်းလုံး ကောင်မလေးဟာ သွန်းနေစိုးနဲ့ အတူရှိနေ ခဲ့ပြီး ပြေးမရခဲ့ဘူးလို့ သိရပါတယ်။ ပြီးတော့ သူနဲ့ဖြစ်ပြီးတဲ့အချိန်ထိ သွန်းနေစိုးမှာ ဇနီးမယားနဲ့ သားသမီးရှိကြောင်းကို လုံးဝမသိခဲ့ပါဘူးတဲ့။ ““ဗြူးဗြူးဗြဲဗြဲလုပ်တာတွေကို ကြောက်တယ်။ ဖက်ကိုက်တာကို ကြောက်တယ်””လို့ပဲကောင်မလေးက တုန်လှုပ်ဆဲအသံနဲ့ ပြောရှာပါတယ်။
သူ့တပည့်တွေရှိတယ်။ တစ်ယောက်ကအမြဲမူးနေတာ။ သတ်ပစ်ဖို့ဝန်မလေးဘူး... စသဖြင့် သူမကို ပြောထားခဲ့တာကိုလည်း ကြောက်နေတုန်းပါတဲ့။




 ပြီးတော့ ကောင်မလေးရဲ့ အောက်က ညီမလေးကိုလည်း သူ့လိုဖြစ်အောင်လုပ်ပစ်မယ်လို့ ပြောထားတာကို သူမက ပိုကြောက်နေခဲ့တဲ့ပုံ ပါပဲ။ သွန်းနေစိုးနဲ့ ကောင်မလေးကို ရန်ကုန်မှာပဲပြန်တွေ့ပြီးဖမ်းဆီးခဲ့တာ ပါ။ ကောင်မလေး ဟာ ဆေးတက္ကသိုလ်မှာ နောက်ဆုံးနှစ်တက်ရောက်နေပါတယ်။ သူမရဲ့ဖခင်ဟာ လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ပါတယ်။,

နောက်ဆက်တွဲကြားသိရတာကတော့ သွန်းနေစိုး(ခ) ဒိဗ္ဗကျော်စွာ(ခ) ဒဿကျော်စွာဟာ ၉ တန်းနှစ်ကတည်းက အိမ်ထောင်ကျပြီး သားတစ်ဦး (ယခု ၂၀ နှစ်ခန့်) ရှိခဲ့ပါတယ်။ လက်ရှိ ဇနီးတစ်ဦးရှိပြီး သမီးတစ်ဦးလည်း ရှိပါတယ်။ယခု သွှန်းနေစိုး ကို ပုဒ်မ
ပ/၄၀၈(၂၀၁၂) ပုဒ်မ ၃၆၆ နဲ့ အရေးယူနေပြီ ဖြစ်ကြောင်း နောက်ဆုံး သတင်းရရှိပါတယ် ။

                                      ဒါကတော့ သွန်းနေစိုးရဲ့ လက်ရှိ အိမ်ထောင်နဲ့ သမီး ပါ

အကြောင်းအရာနဲ့ ပုံကိုတော့ သတင်းထောက်တစ်ဦးဖြစ်တဲ့ ဥက္ကာကိုကို ဆီက ရလာခြင်းဖြစ်ပါတယ်။
________________________________________________________________________ 
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ