Apr 23, 2012

ကျနော် စစ်ထောက်လှမ်းရေးပါ

နှိပ်စက်တာ မခံနိုင်လို့ စစ်ထောက်လှမ်းရေးပါလို့ ပြောလိုက်ရသူတဦး ၏ ၏ လောကငရဲအကြောင်း 
ကျနော့်ကို ၁၉၉၁ခု-နိုဝင်ဘာလလယ်မှာ SIO ထောက်လှမ်းရေးက-သံလိုင်ကတောင် (လိုင်စင်နဲ့ တဂိတ်ကျော်)လမ်းမှာ- ကျော်ထင်ဦ၊းမောင်ထွေး၊ဖိုးနှောင်း၊သက်နှင်းတို့ က မူးမူးနဲ့ -အတင်း ၀င်ဖမ်းပါတယ်။ကျော်ထင်ဦး အဓိကပါ။
လက်သီးနဲ့ ထိုး -လက်မ လက်ထိပ်ခတ်ပါတယ်။ ကျနော်တို့ လိုင်စင် စခန်းဂိတ်တဲ အရောက် မီးပုံက ထင်းမီးစနဲ့ မျက်နှာကို ရိုက် ...မီးစနဲ့ ထိုးပြီး- လမ်းတောက်လျှောက် ဆဲဆိုရိုက်နှက်လာပါတယ်။
 
စခန်းမှူး အောင်ရဲစိုး(အရာခံဗိုလ်)က လှမ်းဟောက်လိုက်ပါတယ်။နောက် ထောက်လှမ်းရေးတဲကို အရောက်မှာ-သရေနံပါတ်ဒုတ်နဲ့ မျက်နှာနဲ့ခန္ဓာကိုယ်အနှံ့ ကို ရိုက်ပြီး-မင်အိုး ၂အိုးနဲ့ရိုက်ခွဲပါတယ်။ ကျနော့ တကိုယ်လုံး မင်တွေကော-သွေးတွေကော ရောကုန်ပါတယ်၊။
နောက် စစ်ရုံး အခန်းထဲ ခေါ်သွားပြီး လက်နောက်ပြန်ကြိုးတုပ်ပြီး-ကြသောင်းဝါးအချောင်း ၂၀လောက် ပုံထားပြီး-ခြေထောက်၂ချောင်းကို မေးလိုက် ရိုက်လိုက်-လုပ်လိုက်တာ ၀ါးချောင်းတွေဟာ ယင်လှန့် တဲ့ ယပ်လို ဖြစ်သွားပါတယ်။
ကျနော်က ထောက်လှမ်းရေးလို့ ဝန် မခံပါ၊။ခန္ဓာကိုယ်တခုလုံးက စုတ်ပြတ်နေပါပြီ။ ”နောက်ထပ် စစ်မယ်”ပြောပြီး-အချုပ်ဆောင်ကို ခေါ်သွားပါတယ်။
အချုပ် အဆောင်ဝမှာ လုံခြုံရေးတပ်စိတ်က ”လကော်”လို့ ခေါ်တဲ့ အ၀တ်လှော်ဒုတ်ထက် ၅ဆလောက်ကြီးတဲ့ဒုတ်တွေနဲ့ဆီးရိုက်ကြပါတယ်။ဘယ်နှစ်ချက်မှန်း မသိပါ။ ”အဲ့ဒါ အချုပ်ဝင်ကြေး...” တဲ့။
အချုပ်အဆောင်ထဲရောက်တော့-တန်းစီး ဘာဘူ(ခ)၀င်းမြင့် အပါအ၀င် ၅ယောက်က ထောင် စည်းကမ်း တွေ ပြောလိုက်-ရိုက်လိုက်ပါပဲ။

(အဲ့ဒါက-မျိုးဝင်းတို့ သင်ပေးတဲ့ လုပ်ခိုင်းတဲ့-န၀တ ထောင်ပုံစံပေါ့။)
အချုပ်သားချင်း စိတ်မပါဘဲ ရိုက်တာဆိုပေမယ့် .. ကျနော်ကတော့ ပြီးရင် နာပေါ့။
(ဘာဘူ(ခ)၀င်းမြင့် ဆိုတဲ့ကောင်ကတော့ စိတ်ပါပုံ ရတယ် ။မျိုးဝင်းတို့ ကြိုက်ရင် သူ အနေချောင်မယ် ယူဆသလားတော့ မသိပါ။ )
ကျနော့် ပါးစပ် နဲ့ မျက်နှာတ၀ိုက်-ခန္ဓာကိုယ်အနှံ့  ဒဏ်ရာတွေနဲ့ ဆိုတော့ မငယ်(နန်းအောင်ထွေးကြည်)က ”ထမင်းစားနိုင်မှာ မဟုတ်ဘူး-။ဆန်ပြုတ်တိုက်ဖို့ လုပ်ရအောင် ” ဆိုပြီး ဆန်ပြုတ် ကျို ပါတယ်။ ကျနော်လည်း တပတ်လောက် ဆန်ပြုတ်သောက်ပြီး-ဒဏ်ရာ သက်သာသွားပါတယ်။
စောင်ပါးလေးတထည်ရပြီး ထိပ်တုံးခတ်ထားပါတယ်၊။လက်ကို ကြိုးတုပ်ပြီး-မျက်နှာကို အ၀တ်စီးပါတယ်။ (နေ့ စဉ် ရေခဲတဲ့ ဒေသမှာ စောင်တထည် ရတာဆိုတော့ စဉ်းစားသာကြည့်ပါ။)
နှစ်ပတ်အကြာမှာတော့-နောက်တကြိမ် လာခေါ်ပါတယ် ။ SIO ရုံးကို တန်းခေါ်သွားပြီး- တုတ်တွေနဲ့ ရိုက်ပေမယ့်-ကျနော်က ”ထောက်လှမ်းရေး”လို့ မပြောလို့ -အဲ့ဒီရုံးအနားမှာရှိတဲ့ ကွင်းလေးထဲက-လက်ဝါးကပ်တိုင်မှာ ချည်ပြီး- သားရေဒုတ်နဲ့ ရိုက်လိုက် ..ပြန်သွားလိုက်.. လုပ်ပါတယ်။
မနက်-၁၁နာရီလောက်က စချည်တာပါ။ (အဲ့ဒါကို ယေရှုခရစ်နဲ့ တွေ့ တယ်လို့ ခေါ်ပါတယ်။) နေလှန်းပြီး ..မျက်နှာကို နေကို ကြည့်ခိုင်းပါတယ်။ တနေကုန် လှန်းထားပြီး ညနေ-၅နာရီ ကြိုးဖြေတဲ့အချိန်မှာ ကျနော်လည်း ပျော့ခွေလဲပြိုသွားပြီး-ပါးစပ်က အမြှုပ်တွေ ထွက်တာကို- သတိမလစ် တလစ်နဲ့ သိနေပါတယ်။

(လက်တွေကို သံနဲ့ မရိုက်တာကိုပဲ ကျေးဇူးတင်မိနေတယ်။) (ကိုထွန်းအောင်ကျော် ညီလေး ကိုချိုကြီးတုန်းက လက်ဝါးကို သံချောင်းတွေ ရိုက်တာပါ။)
"လက် မေးထောက်ထားသူမှာ သန်းဇော်(ယခု ပြည်တွင်း)"
ပြီးတာနဲ့ ကျနော့်ကို သန်းဇော်(ယခု ပြည်တွင်း)က ဆွဲခေါ်သွားပြီး-အိုင်အိုတဲထဲမှာ မီးလှုံခိုင်းထားပါတယ်၊။ မိနစ်၂၀လောက်အကြာမှာ တယ်လီဖုန်း ၀ိုင်ယာကြိုးစကို-ပါးစပ်ထဲ လှည့်ပြီး၊ သွားနဲ့ ကိုက်ခိုင်းပြီး-လက်ကိုင်ကို ဆွဲလှည့်တော့ ကျနော့်ခေါင်း တခုလုံး ကျင်တက်သွားပြီး-ခါထွက်သွားပါတယ်။
ကျနော်က ဆွဲဖြုတ်ပစ်လိုက်ပါတယ်။ကျနော့ကို ဒုတ်နဲ့ ထပ်ရိုက်ပြီး ..”ဒီတခါ ဆွဲဖြုတ်ရင်-ပလာစတာကပ်ထားမယ်-မင်းကို အများကြီးညှာထားတယ်” လို့ သန်းဇော်က ပြောပါတယ်။ (သူ.. ညှာတာက လူကို ၀ိုင်ယာရှော့ ရိုက်ပြီး-ရာဘာဒုတ်နဲ့ ရိုက်တာပါ။)

တတိယအကြိမ်မြောက် ၀ိုင်ယာကြိုးကို ပါးစပ်ထဲ ပြန်ထိုးထည့်ပြီး သွားနဲ့ ကိုက်ရပါတယ်-။ ပိုပိုပြီး ပြင်းလာတော့ ကျနော် မခံနိုင်တော့ပါဘူး-။ဆွဲဖြုတ်ပြီး-”ပြောမယ်”လို့ ပြောလိုက်ပါတယ်။
” ခဏ စဉ်းစားဦးမယ် ”ဆိုပြီး ကျနော်စဉ်းစားပါတယ်။”ဘယ်လိုပြောရင် ကောင်းမလဲ-။”
”ယုတ္တိ မတန်တာကို-ပြောမယ်”ဆိုပြီး---
"ဘိုဘို(ခ)မိုးကျော်သူ "
”ဒီပြဿနာမှာ အသက်(၁၈)နှစ်နဲ့ စစ်ထောက်လှမ်းရေး- တပ်ကြပ်ကြီး ရာထူးပေးထားတဲ့-ဘိုဘို(ခ)မိုးကျော်သူဟာ ကျနော့်အထက် အရာရှိ-။ကျနော်က ရဲဘော်ပါ-။” လို့ ပြောလိုက်တာကိုလည်း သူတို့ လက်ခံသွားပါတယ်-။
”ဘာတွေလုပ်ခိုင်းသလဲ” တဲ့-။
”အထက်အောက် မကျေနပ်မှုတွေပေါ် မူတည်ပြီး ၀င်ပါ ပေးရတယ်။” လို့။
ဒီလိုနဲ့ -သူတို့သတ်မှတ်တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ဝင် ဖြစ်သွားပါတယ်။
ကျနော့်ထက်ရာထူးကြီးတဲ့-ဘိုဘိုက-၁၉၇၃ခုမွေးပြီး-အသက် ၁၈နှစ်နဲ့ ထောက်လှမ်းရေးတပ်ကြပ်ကြီး-။

ဒုတ်တွေနဲ့ ရိုက်-၊လက်ဝါးကပ်တိုင်ချည်-နေလှန်း၊လျှပ်စစ်ရှော့ရိုက်မှတော့-”ကျနော်လည်း အသက်၂၀နဲ့ စစ်ထောက်လှမ်းရေးပါ..”လို့ ပြောလိုက်ရပါတယ်။
မပြောဘဲ ပေခံနေရင်-ကိုယ့်ရှေ့ မှာ-လက်ဖြတ်ခံရတာတွေ- စစ်ကြောရင်းနဲ့ အသက်ပေးလိုက်ရတာတွေက ရှိနေတယ်လေ။
ဟုတ်ကဲ့-ကျနော် စစ်ထောက်လှမ်းရေး ဖြစ်သွားပါတယ်။
ဝန်ခံတာ မဟုတ်ဘူးနော်-။ နှိပ်စက်တာ မခံနိုင်လို့ -ပြောလိုက်တာ။

မကဒတ မြောက်ပိုင်း ရဲဘော်ဟောင်းတဦး
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

အရှိအတိုင်း said...

font တွေက ဖတ်မရလို့ ..ကူညီပါဦး

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ