Apr 24, 2012

ဒေါ်စု အား လွှတ်တော်မှ ကြိုဆိုနေသည်ဟု သမတ္တကြီးမှ ပြောကြား

လွှတ်တော်ထဲဝင်မလာတာ သူ့ရဲ့သဘောဆန္ဒအတိုင်းသာဖြစ်ပြီး လွှတ်တော်ကြီးက သူ့ကိုကြိုဆိုနေပါကြောင်း မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ဧပြီ ၂၃ရက်နံနက်က ဂျပန်နိုင်ငံ တိုကျိုမြို့ နယူးအိုတာနီဟိုတယ်တွင် သမ္မတကြီးက ဂျပန်သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ဂျပန်သတင်းထောက်တစ်ဦး၏ ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်မတက်ခြင်းနှင့်ပတ်သက်သည့် မေးခွန်းကို ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်က ထိုမေးခွန်းကိုဖြေကြားရာတွင် ယင်းအတိုင်းတိုတိုတုတ်တုတ်ပင်ဖြေကြားခဲ့သည်။
သို့သော်ရှေ့ပိုင်းမေးခွန်းများကိုဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုများရှိခဲ့ကြောင်း၊ မတူတာဘေးဖယ်ထားပြီး တူတာတွေ လက်တွဲလုပ်ကြမည်ဟု သဘောတူညီချက်ရရှိထားကြောင်းပြောကြားသည်။


ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အား ၀န်ကြီးအဖွဲ့ထဲဝင်လာနိုင်မည်လား မေးခွန်းများနှင့်ပတ်သက်ပြီး သမ္မတကြီးက ထိုကိစ္စသည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောဆန္ဒအတိုင်း၊သူမရွေးချယ်မှုအတိုင်းသာဖြစ်ပါကြောင်းပြန်လည်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲသို့ ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် သတင်းဌာနများတက်ရောက်ကြသည်။

  Yangon Media Group

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ