Oct 1, 2012

ဗုဒ္ဓဘာသာနေရာများကို ဖျက်ဆီးခြင်းကို ဘင်္ဂလားဒေ့ရှ် ဒေသဆိုင်ရာ အာဏာပိုင်များ မျက်ကွယ်ပြုထားခဲ့

မနေ့ ကဖြစ်သွားတဲ့ ပန်းဝါမြို့ ကရှေးဟောင်းသမိုင်းဝင်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ ရုပ်ပွါး
တော်တွေ တန်ဘိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းပစ္စည်းတွေ ဖျက်စီးမီးရှို့ ခံရတဲ့ကိစ္စမှာ အာဏာပိုင်
တွေနဲ့  ဇာမက်ပါတီ၊ချီးဘီပါတီ၊ဘီအန်ပီပါတီ၊ဘာသာရေးအစွန်းရောက်တွေ၊မြန်မာနိုင်ငံကိုမတ ရားနယ်ချဲ့ ဖို ကြိုးစားနေတဲ့ကုလားဆိုးတွေပူးပေါင်းပါဝင်ကြတယ်။
 
ပန်းဝါမြို့ ဆိုတာရာဇ၀င် တွေဖတ်ဖူးသူတိုင်းသိကြမှာပါ ၊ရှေးရခိုင်ဘုရင်မင်းများလက်ထက်က အထင်ကရမြို့ တွေပါ၊ ဗန္ဓုလ ရဲ့ စခန်းနှစ်ခု ခုထိရှိနေဆဲပါဘဲ၊ ရခိုင်ပြည်နဲ့ အဖြောင့်တိုင်းမယ်ဆို
ရင် ကီလိုမီတာ ၄၀လောက်ဘဲဝေးပါတယ်၊ လက်ညှိုးထိုးမလွဲ ကျောင်းကန်ပုထိုး စေတီတွေပေါ
များပါတယ်၊ ဒါကြောင့်ရှေးနှစ်ပေါင်းများစွာက ဘုရားပုထိုးစေတီတွေဟာ ခုထိအတိတ်သမိုင်း
တွေကိုပြောပြနေဆဲပါ၊
 
ပန်းဝါမြို့ ဟာ ကော့ဘားဇားမြို့ နဲ့ ၁၅ ကီလိုမီတာဝေးပြီး ပန်းဝါမြို့ ရဲ့ အရှေ့ ဖက်တည့်တည့် ၁၈
ကီလိုမီတာအကွာလောက်မှာ နတ်ချောင်းစရီမြို့ တည်ရှိနေပါတယ်၊ဒီမြို့ ကလေးအ၀င်မှာBGB
15(ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး) ခန့် ခန့် နားနားတွေ့ ရပါတယ်၊ခက်တာက BGB15 နဲ့ ၈ ကီ
လိုမီတာလောက်တောတွင်းတနေရာမှာ ARNO(အာရ်ကန် ရိုဟင်ဂျာ အမျိုးသားစည်းလုံးရေး)ပါ
တီလက်နက်ကိုင် အဖွဲ့ ရှိနေတာကိုအံသြမိပါတယ်၊ဒါအပြင်နတ်ချောင်းစရီမြို့ ရဲ့ အနီးတ၀ိုက်တွေ
မှာလဲ ကုလားဆိုးတွေ(ARNO) အိမ်တွေဆောက်ပြီးနေကြတာကိုမြင်ရပါတယ်။

ဖျက်ဆီးခံရသော ရုပ်ပွါးတော်များ
 
 
 သူတို့ အိမ်တွေမှာ
လက်နက်ခဲယမ်းမီးကျောက်တွေအပြည့်ရှိနေမှာသေချာတယ်၊ သူတို့ ကိုဘာကြောင့် လက်ခံထား သလဲဆိုတာစဉ်းစားကြည့်ရင် ရှင်းရှင်းလေးပါ၊ဒါ့အပြင်ပန်းဝါမြို့ ရဲ့ တောင်ဖက် ၅ ကီလိုမီတာအ
ကွာလောက်မှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်ရှိပါတယ်၊ ပြည်သူ့ ရဲတပ် ဖွဲ့ အင်အား၂၀ ခန့် လည်းမြို့
ထဲမှာဘဲရှိတာပါ။
 
အခင်းဖြစ်ပွါးမဲ့နေ့ နေ့ လည်၂နာရီလောက်ကနေ ညနေ ၅နာရီတိုင်အောင်ပန်းဝါ ဗလီကြီးထဲမှာ
အထက်ကဖေါ် ပြခဲ့ပါတီတွေ၊အစွန်းရောက်တွေ၊သောင်းကျန်းသူတွေအားလုံးစုပေါင်းပြီး ဒီည အပြတ်ရှင်းမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချမှတ်ကြောင်းသိရတယ်၊အစည်းအဝေးမှာပန်းဝါမြို့ ကိုအခြေခံ
ပြီးမဲဆန္ဒခံခဲ့ တဲ့BNPပါတီကအမတ် (လုံဖူးရော်ဟောမင်းကာဇော်)ဟာမိန်းခွန်းစကားပြောခဲ့
ကြောင်း၊လိုအပ်တဲ့အကူအညီများပေးသွားမယ်ဖြစ်ကြောင်းပြောကြားခဲ့တယ်လို့ သိရပါတယ်
ည ၁၀း၃၀(၂၉/၉/၂၀၁၂ စနေနေ့ မှာ )မှာတော့ကားကြီးကားငယ် ရာပေါင်းများစွာဟာပန်းဝါ
မြို့ ရဲ့ အရှေ့ အနောက်တောင်မြောက် လေးဖက်ကချီတက်လာပြီး ပန်းဝါမြို့ ရဲ့ အထင်ကရဘု
ရားကျောင်းပုထိုးတော်တွေကိုဒလကြမ်းဝင်ရောက်မီးရှို့ ဖျက်ဆီးတော့တာပါဘဲ၊ရခိုင်လူမျိုးတွေဟာအသက်လုပြီး ထွက်ပြေးကြရတော့ တယောက်ကိုတယောက် အရေးမစိုက်နိုင်ကြဘူး။
 
 
အကြမ်းဖက်သမားတွေဟာ ဘိုရ၀ါ(မာရမာကြီး)တွေရဲ့အိမ်တွေကို မီးရှို့ ၊ပစ္စည်းတွေကိုလုနေ
ကြတဲ့အချိန်မှာဘဲသက်ဆိုင်ရာ အာဏာပိုင်တွေကိုအကြောင်းကြားကြပါတယ်။မီးသတ်ကား
ကိုတော့မြို့ ကိုလေးဖက်စလုံးကလမ်းပိတ်ဆို့ ပြီး မီးရှို့ ဖျက်ဆီးနေကြတဲ့အကြမ်းဖက်အုပ်စုက
အ၀င်မပေးခဲ့ဘူးလို့ သိရပါတယ်၊မြို့ ထဲမှာရှိတဲ့ ရဲတပ်ဖွဲ့ ရယ်၊မြို့ နဲ့ နီးနီးလေးမှာရှိတဲ့ စစ်တပ်
နဲ့ BGB15 တို့ ဟာလုံးဝရောက်မလာခဲ့ပါဘူး ။မြို့ တခုလုံးပြာကျသွားပြီးနောက် မိုးလင်းအာ
ရုံ ၃ နာရီ(၃၀/၉/၂၁၀၂ တနင်္ဂနွေနေ့ မှာ)လောက်မှာရောက်လာကြပါတယ်။အဒီအချိန်မှာ
တော့ ပွဲသိမ်းသွားပါပြီ၊ သူတို့ ကိုည၁၀း၃၀ နာရီကတည်းက အကြောင်းကြားခဲ့တာပါ။
ခုထိဒီမီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆက်လက်လောင်ကျွမ်းနေဆဲပါဘဲ၊
 
 
 
 မာတာဘာရီမြို့ ၊စစ်
တကောင်းမြို့ ၊အိုခီးယားမြို့ ၊မော်ရိစာ မြို့ ၊ကူဘာဇာမြို့ ၊၀ါးခွပ်ချောင်း ၊ မြို့ တွေရွာတွေမှာဘုန်းကြီး
ကျောင်းတွေ လူနေအိမ်တွေ ကိုခုသတင်းရေးနေချိန်မှာဘဲ မီးရှို့ ဖျက်ဆီးနေဆဲပါ။
 
မီးရှို့ခြင်းခံခဲံ့ရသော ဘုန်းတော်ကြီးကျောင်းတစ်ဆောင်
 
 
အ၀ါမေလီအစိုးရ ၀န်ကြီးချုပ်ရှပ်ဟားဆီးနာကတော့ နယူးယော့မှာ ငြိမ်းချမ်းဆုယူဖို့ ကြံနေစဉ်
မှာ တိုင်းပြည်ထဲကထွက်လာတဲ့သတင်းကိုကြားလိုက်ရတော့ ဆုယူဖို့ ကြံနေတုန်း ထမိန်ကျွတ်
သွားတဲ့မိန်ကလေးတယောက်လို ဆုကိုယူမလို ထမိန်ကျွတ်တာကိုကောက်မလို ဖြစ်သွားတော့
တာပါဘဲ။ဝန်ကြီးကတော့ရှက်အမ်းအမ်းနဲ့ အမိန့် ချလိုက်တာက စစ်တကောင်းဒေသတခုလုံးကို
တာဝန်ယူထားတဲ့စစ်တပ်ကို ကော့ဘားဇား သို့ ချက်ချင်းစေလွတ်ရန် ၊ကော့ဘားဇား ခရိုင်စစ်တပ်
ကိုစုံစမ်းစစ်ဆေးရန်၊ ပန်းဝါနဲ့ ကော့ဘားဇား ရဲတပ်ဖွဲ့ တာဝန်ခံအားချက်ချင်းစုံစမ်းစစ်ရေးရန်၊
ပန်းဝါစစ်တပ်နေရာတွင်စစ်တကောင်းစစ်တပ်က တာဝန်ယူဆောင်ရွက်သွားရန် ယခင်ကရှိနေဆဲ
ဖြစ်တဲ့ပြဿနာစုံစမ်းစစ်ဆေးရေးကော်မီတီကို ချက်ချင်းရုပ်သိမ်ြး့ပီး စုံစမ်းစစ်ဆေးရေးကော်မီတီ
အသစ်ဖွဲ့ စည်းစစ်ဆေးသွာရန် မီးသတ်ဌာနကို အရေးယူသွားရန်နှင့် ပျက်စီးသွားတဲ့ကျောင်းကန်
ဘုရားတွေကိုပြန်လည်တည်ဆောက်ပေး မည်ဖြစ်ကြောင်း မိန့် သွားပါတယ်။
 
မီးရှို့ဖျက်ဆီးခံရသော ရုပ်ပွါးတော်များ
 
 
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘီအန်ပီ၊ဇာမာက်၊ချီးဘီနှင့်သောင်းကြမ်းသူအဖွဲ့ အစည်းတွေအားလုံးကို အရေးယူသွားမည်ဖြစ်ကြောင်းပြောသွားပါတယ်
ဒီနေရာမှာတခုသတိထားမိတာက စစ်တပ်တို့ ၊ရဲတို့ နယ်စပ်လုံခြုံရေးတပ်တို့ မီးသတ်ဌာနတို့ ဟာ
နီးနီးလေးမှာရှိနေပါလျှက်နဲ့ ဘာဖြစ်လို့ မရောက်တာလဲ? ဆိုတဲ့အချက်ဟာကြောက်စရာကောင်း
အောင်စဉ်းစားရမဲ့အချက်ပါဘဲ၊။ဒီအာဏာပိုင်တွေပူးပေါင်းပါဝင်နေတာသေချာနေပါတယ်၊နောက်
တခုက နတ်ချောင်းစရီမြို့ မှာနယ်စပ်လုံခြုံရေးတပ်တွေအနားမှာ ARNO(အာရ်ကန်ရိုဟင်ဂျာအ
မျိုးသားစည်းလုံးညီညွတ်ရေးပါတီ) ကိုနေခွင့်ပြုထားဟာ နောင်မြန်မာနိုင်ငံအတွက်ရင်လေးစရာ
တခုပါ၊ဒါကိုတမျိုးသားလုံးစဉ်းစားကြစေလိုပါတယ်။
 from:Arakan Red
______________________________________________________________________  
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

fb account တစ်ခုပေါ်ကဓာတ်ပုံတစ်ပုံအတွက်နဲ့ ဒီလောက်တောင်ဖြစ်တယ်။ ငါ့ ဘာသာထိဓားကြည့်ဆိုရင်ဖြင့် ဟိုဗီဒီယိုရိုက်တဲ့ အမေရိကန် နိုင်ငံကကိုးကွယ်တဲ့ ခရစ်ယာန်ဘာသာ Church တွေကို မီးရှို့ ဖျက်စီးခြင်းကျတော့မလုပ်ရဲကြပါလား။ သတ္တိကလဲကိုယ့်ကိုပြန်မလုပ်နိုင်တဲ့လူတွေအပေါ်မှာပဲကာင်းတယ်ပေါ့။ Cox's Bazar မှာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ မရမာကြီးတွေ၊ (ဟိုတုန်းက မူဂျာဟစ်တွေရန်ကြောင့်ထွက်ပြေးခဲ့ကြတဲ့) ရခိုင်တွေလည်းရှိနေတယ်လေ။ သူတို့ ရဲ့ လွတ်လပ်စွာကိုးကွယ်နေထိုင်ခွင့် ကိုရောဘယ်သူက အာမခံနိုင်မလဲ။ Bangladesh အစိုးရကကောအာမခံနိုင်သလား။ ဒီဘင်ဂလီတွေဟာ သူများနိုင်ငံထဲကိုလည်းခိုးဝင်နေထိုင်တယ်။ ဒေသခံရခိုင် တိုင်းရင်းသားတွေကိုလည်းရန်ပြု စော်ကားတယ်။ မီးရှို့ ဖျက်စီးတယ်။ ပြီးတော့ဘာသာရေးဖိနှိပ်ပြီးတော့လူမျိုးတုန်းသတ်ဖြတ်နေပါတယ်လို့ လီဆယ်တယ်။ ဒီလိုအဆင့်အတန်းမရှိတဲ့ သတ္တ၀ါတွေကိုလက်ခံဖို့ OIC က တိုက်တွန်းမယ်ဆိုပဲ။ တရားကြသေးရဲ့ လား ကမ္ဘာကြီးရယ်။ သမ္မတကြီးရယ် (စုံစမ်းစစ်ဆေးရေးအဖွဲ့ ရယ်) အားကိုးပါတယ်။ ဒီကောင်တွေဟာ Bangladesh ကခိုးဝင်နေထိုင်ပါတယ်ဆိုတာကို ကမ္ဘာကသိမြင်အောင်ဖော်ထုတ်ပြီး ဒီကောင်တွေကိုမောင်းထုတ်ပေးပါ။ သူ့ ဟာသူ လူဦးရေပေါက်ကွဲမှု ဖြစ်တာ သူ့ နိုင်ငံထဲဖြစ်လေ။ ကိုယ့်နိုင်ငံထဲဘာကိစ္စလာပေါက်ကွဲခွင့်ပြူရမလဲ။ တိုင်းရင်းသားဖြစ်ဖို့ စကားထဲတောင်ထည့်ပြောစရာမလိုပါဘူး။ နိုင်ငံသားပြုခွင့်ရသူဖြစ်မဖြစ် ကိုတောင်သေသေချာချာစိစစ်ပြီး မှလက်ခံပေးပါ။ ၁၉၈၂ နိုင်ငံသားဥပဒေကိုပြင်ချင်ရင်တောင် ဒီကောင်တွေကိုမောင်းထုတ်ပြီး မှပြင်ပါ။ ။ မြန်မာနိုင်ငံဟာလွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံပါ။ ဘယ်နိုင်ငံ၊ဘယ်အဖွဲ့ အစည်း ရဲ့ တွန်းအားပေးတာကိုမှလက်မခံပါနှင့်။ ပြည်သူတစ်ရပ်လုံးအင်တိုက်အားတိုက် OIC ကိုကန့် ကွက်ကြပါဗျို့ ။ ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ