Oct 1, 2012

ဒေါ်စုနှင့် မိုးသီးဇွန်တို့ ဘာကြောင့် အခြေခံဥပဒေ ကိုပြင်စေချင်တာလဲ

ဒေါ်စု ဘာကြောင့် အခြေခံဥပဒေကိုပြင်ချင်တာလဲ မိုးသီးဇွန် လည်းဘာကြောင့် ပြင်ချင်တာလဲ ။
အဲ..ဘယ်လိုခေါ်ရမလဲ..မင်းသမီး မလုပ်ရရင် ဘာလုပ်မလဲ..ပတ်မကြီးထိုးဖောက်မယ် ။ရှေ့တတ်နေတဲ့
လူရှိရင် ဘာလုပ်မလဲ..တတောင်နဲ့ တွက်မယ်...အဲလို..အဲလိုတွေရှိတယ် ။ကောင်းပြီ...သူတို့ ကို ဟန့်တား
နေတဲ့ အဓိက အချက်တွေက ဘာများပါလိမ့် ။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကို တစ်ချက်
လောက် ဖတ်ကြည့်ရအောင်လား ။
ဟော...စဖတ်ဖတ်ချင်းပဲ တွေ့ပါပြီ ။ အပိုင်း (၃)  နိုင်ငံတော် အကြီးအကဲ ဆိုတဲ့ ကဏ္ဍမှာစတွေ့ပါပြီ ။
ဘာများရေးထားလဲ ..ဟုတ်လား ။ ဒီလို သတ်မှတ်ထားတယ်လေ ။
 ________________________________________________________________________
ဖွဲ့စည်းပုံ အခြေခံဥပဒေ / အပိုင်း ၃ / နိုင်ငံတော် အကြီးအကဲ
ပုဒ်မ ၅၉  အပိုဒ် (စ)

မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊
မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်
သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်
ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ
ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများ
သည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊
တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေး
များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ ။
________________________________________________________________________

အဲဒီမှာ ဒေါ်စုတစ်ယောက် မြွေချောက် ကိုက်တာပဲ ။ ဒါကြောင့်လည်း အတင်း ပြင်ချင်နေတာလေ ။ အယင်
တုန်းကလည်း နိုင်ငံတော်ကို အုပ်ချုပ်ချင်တယ် လို့ ပြောခဲ့သေးတယ်မလား ။ နိုင်တီ နိုင်တီး တုန်းကလည်း
သရဖူ တစ်ယောက်တည်း ဆောင်းချင်တာနဲ့ ရွှေညောင်ပင် လမ်းခွဲတွေ ဖြစ်ခဲ့သေးသကိုးဗျ ။
အခုလည်း အဖ သမ္မတကြီး ဦးသိန်းစိန် က ပြည်သူလူထု လက်ခံရင် သူလည်း လက်ခံမယ်လို့ ပြောတာကို
မီဒီယာ ငဖွ များက ဒေါ်စုကို သမ္မတ  အဖြစ် လက်ခံတယ်ဆိုပြီး မြန်မာစကားကို မလိမ့်တပတ်သုံးပြီး ဖွရှာ
လေရော့တယ် ။ အေးလေ သူတို့လည်း ပါးစပ်လှုပ်မှ ဗိုက်ဝ နေရတဲ့ အဆင့်မရှိတဲ့ မီဒီယာဆိုတော့လည်း
ငဖွအဆင့်ကကို တတ်မလာရှာဘူး ။အဲဒါနဲ့တင် ဒေါ်စုလည်း ဘဝင်တွေမြောက် အောက်စတွေလွတ် အ
အေးတွေပတ် ၊ ပြေးဒေါင်းများကလည်း အိုးစည်တွေတီးကြ ၊ မီဒီယာဆိုတဲ့ ငနာလေးတွေလည်း ကိုယ့်ဖွလုံး
ကိုပြန်မိပြီး အဟုတ်တွေထင်ကြ ။ အဲဒါကြောင့် သူတို့တွေရော မှိုင်းမိနေတဲ့ လူများရော ဖတ်ဖို့ အခြေခံဥပ
ဒေ စာအုပ်ကိုင်ပြီး ထပ်ပြီးထောက်ပြပေးလိုက်ပါအုံးမယ် ။
_______________________________________________________________________
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ/ အပိုင်း(၃) /နိုင်ငံတော်အကြီးအကဲ
ပုဒ်မ (၆ဝ) 
 (က) နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်ရမည်၊
( ခ ) သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့သုံးဖွဲ့ဖြင့                                                       အောက်ပါအတိုင်း  ဖွဲ့စည်းရမည် -
(၁) တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ
ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်
ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊
(၂) မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍ လည်း
ကောင်း ရွေးကောက်တင်မြှောက်သည့်လွှတ်တော်ရှိ ရွေးကောက်
တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊
(၃) ဖော်ပြပါလွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကအမည်စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော်
ကိုယ်စားလှယ်များအစုအဖွဲ့။
( ဂ ) ယင်းအစုအဖွဲ့တစ်ဖွဲ့စီကဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်
များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှ ဖြစ်စေ
ရွေးချယ်တင်မြှောက်ရမည်၊
________________________________________________________________________
တကယ်တော့ ဒေါ်စုရော မိုးသီးဇွန်ရောက ဒီမိုကရေစီသာပြောနေသာ အခြေခံဥပဒေကို နားမလည်ကြ
ဘူးဗျ ။သူတို့လိုချင်တာက ငါ့ကိုရွှေးတယ်..ငါပဲဖြစ်ရမယ်..ငါကို အာမခံနဲ့ ဆိုတဲ့ပုံတွေ ဖြစ်နေတယ် ။

အဲဒီ နှစ်ချက်က သူတို့ ရဲ့ အိမ်မက် ထဲက ဆင်စွယ် နန်းတော်ကြီးဆောက်ဖို့ အနှောင့်အယှက်ဖြစ်နေတယ် ။
ဒါကြောင့်လည်း လူကြားကောင်းအောင်သာ ဘာအရေး ညာအရေးနဲ့ ပြင်မယ် ဆင်မယ် လုပ်နေတာ
သူတို့ နှစ်ယောက်လိုချင်တဲ့ ပြုပြင်ချင်တာ သူတို့ သမ္မတ လုပ်ချင်တဲ့ အရေးမှာ သမ္မတ အရည်အချင်းနဲ့
သူတို့မကိုက်ညီလို့ အတင်း ညှိနေကြတာ ။ တကယ်လို့များ အခြေခံဥပဒေ ပြင်ဟေ့ဆိုရင် အဲဒီ နှစ်ချက်ကို
ဦးစားပေး ပြီး ပြင်မယ် ဆိုတာတော့ မြေကြီးကို ခြေဆောင့်ချရင်တောင် လွဲချင်လွဲသွားပါလိမ့်မယ် ။ဒါက
တော့ အသေအချာပါပဲ

(မောင်ကျောက်ခဲ)
======================================================

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ