Oct 3, 2012

OIC ကို သတိထားရန် ဘန်ကီမွန်း သတိပေး

 ဘင်္ဂါလီများကို နိုင်ငံသား အဖြစ် သတ်မှတ်ပြုပြီး ရပိုင်ခွင့်များ အပြည့်အ၀ပေးရန် မြန်မာနိုင်ငံကို တောင်းဆိုထားသော အစ္စလာမ် နိုင်ငံ ၅၀ ကျော်ဖြင့် ဖွဲ့စည်းထားသော OIC အဖွဲ့အစည်းကို သတိထား ဆက်ဆံရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံ သမ္မတကို သတိပေးလိုက်ကြောင်း ဘီဘီစီတွင် ဖော်ပြသည်။

 OIC နှင့် ဆက်ဆံခြင်းဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေနိုင်ကြောင်း ဘန်ကီမွန်းက ဆိုသည်။ OIC အဖွဲ့သည် လွန်ခဲ့သော လပိုင်းအတွင်းက ရခိုင်ပြည်နယ် အခြေအနေများကို လေ့လာခဲ့ပြီး ယခု ရုံးစိုက်လိုက်ပြီဖြစ်ကြောင်း ပြည်ပမီဒီယာများ၏ ဖော်ပြချက်အရသိရှိရသည်။

 ရခိုင်ပြည်နယ် အရေးကိစ္စကို ၀င်ရောက်စွက်ဖွက်ပြီး ရုံးစိုက်ထားသော OIC လုံးဝကန့်ကွက်ကြောင်းနှင့် ပြန်လည် ထွက်ခွါသွားရန် စက်တင်ဘာလ ၂၅ရက်နေ့မှ ၂၆ရက်နေ့ထိ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ကျင်းပသော ရခိုင်ဒေသ လူထု အစည်းအဝေး ဆုံးဖြတ်ချက်တွင် ပါရှိသည်။

 သမ္မတဦးသိန်စိန် ကုလသမဂ္ဂတွင် မိန့်ခွန်း အပြီးတွင် OIC အထွေထွေ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံခဲ့ပြီး ဘင်္ဂါလီများကို နိုင်ငံသား အဖြစ်အသိအမှတ်ပြုပြီး ရပိုင်ခွင့်များ ပေးပါက မြန်မာနိုင်ငံကို လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ဘီဘီစီတွင် ဖော်ပြထားသည်။

_______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ