Sep 30, 2012

ဖားကန့်တွင် KIA မှလူသစ်စုသွားသော ကျောက်တူးသည့်ရခိုင်များ စစ်သင်တန်ဆင်းပြီ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) ထိန်းချုပ်နယ်မြေရှိ တပ်စခန်း တစ်ခုတွင် ဖားကန့်ဒေသတွင် ကျောက်တူးလာသည့် ရခိုင်လူမျိုးအားလူသစ်စုဆောင်းပြီး ၄င်းတို့ပါဝင်သော အမှတ်စဉ်(၁၀) ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်သင်တန်းကျောင်းဆင်းပွဲကို စက်တငဘာ ၂၈ နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

 KIA စစ်သင်တန်းဆင်းသူများတွင် အမျိုးသမီး ၁၃ ဦး၊ အမျိုးသား ၁၃၆ ဦး နှင့် ရခိုင်လူမျိုး ၂၉ ဦး စုစုပေါင်း ၁၇၈ ဦး ဖြစ်ကြောင်း တပ်ရင်း ၆ KIA အရာရှိတစ်ဦးပြောသည်။ သင်တန်းဆင်ပွဲအစီအစဉ်ကို အာနန် (Anang Hpyen It Dabang) တပ်စခန်းတွင် နံနက် ၁၁ နာရီမှ ၂ နာရီထိ ပြုလုပ်သွားခဲ့ကြောင်းသိရသည်။ အစီအစဉ်ပြုလုပ်ရာတွင် KIA ဗိုလ်ကြီး မဂျီနော်ရိန်း (Du Jum Maji Naw Ring)၊ တပ်ရင်းမှူး ဗိုလ်မှူး အင်ခွမ်ဇော်ဒွဲ (Dukaba Nhkum Zau Doi) နှင့် ဗိုလ်ကြီး ခေါင်ဂျုံး (Dukaba Hkawng Gyung) တို့မှ သင်တန်းဆင်း စစ်သားများအား သင်တန်းဆင်းပြီးပြီးချင်း ကေအိုင်အေအတွက် မည့်သည့်တိုက်ခိုက်မှု
မဆိုတိုက်ခိုက်ပေးရမည်ဖြစ်ကြောင့် အမိန့်ပေးခဲ့သည် ။

ယင်းနေ့လည်မှာပင် အစိုးရစခန်းများကိုတိုက်ခိုက်နေတဲ့ ဒေသများသို့ချက်ချင်းပင်ကားများနှင့်ပို့ဆောင်ခဲ့
ရာ ယင်းနေ့နေ့လည် ၃ နာရီတွင် ရွှာထဲသို့ ရိက္ခာဝင်ရှာပြီး ပြန်ထွက်လာသော ကေအိုင်အေ တပ်ဖွဲ့တစ်ခု
သည် ကင်းလှည့်နေသော မြန်မာ့တပ်မတော်နှင့် တွေ့ပြီး ကေအိုင်အေဘက်မှ စတင်ပစ်ခတ်ခဲ့သော်လည်း
မြန်မာ့တပ်မတော်၏ ခုခံမှုကြောင့် ၃ ဦးကျဆုံးကာ ပြန်ဆုတ်ခွါပြေးခဲ့ရပါသည် ။ယင်းနေ့မှ သင်တန်းဆင်း
ခဲ့သော လူသစ်စုခံရသည့် ကေအိုင်အေ သောင်းကျန်းသူတစ်ဦးသေဆုံးခဲ့ပါသည် ။ယင်းတို့၏ အမ် ၂၂  သေနတ် ၂လက်ကို မြန်မာ့တပ်မတော်မှ ကောက်ယူရရှိခဲ့ပါသည် ။

ထိုကဲ့သို့ အတင်းအဓမ္မလူသစ်စုဆောင်းထားကာ စစ်သင်တန်းပေးပြီးတိုက်ခိုင်းသောကြောင့် စိတ်မပါပဲ
တိုက်ရသဖြင့် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျဆုံးသူ၏ သူငယ်ချင်းမှ ပြောပါသည် ။၎င်းတို့နှင့်အတူတူဆင်း
ခဲ့သော ကေအိုင်အေ သောင်းကျန်းသူများထဲမှာ တစ်ချို့မှာ ၂၉ ရက်နေ့က  မိုးညှင်းနှင့် နမ္မားဘူတာကြား ရေပေါက်တံတားတစ်ခု ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မိုင်းခွဲခဲ့ရကြောင်း၊ တကယ့်တိုက်ပွဲများတွင် မိမိတို့
ကဲ့သို့ အတင်းအဓမ္မလူသစ်စုခြင်းခံရသော ကချင်များ ရှမ်းများ ရခိုင်များသာ တိုက်ရကြောင်း တိုက်ပွဲ
အခြေအနေမကောင်းလျှင် ကေအိုင်အေ တပ်ဖွဲ့ဝင်များက 4w ကားများ ဆိုင်ကယ်များနှင့် ဦးစွာ ဆုတ်ခွာ
ပြေးကြောင်း မိမိတို့နှင့် ပြည်သူ့စစ်များသာ အသေခံတိုက်ရကြောင်းလည်း ရှမ်းအမျိုးသားတစ်ဦးဖြစ်သူ
မှ ပြောကြားပါသည် ။ ယခုအခါ အဆိုပါ ရထားလမ်းကို ပိတ်ထားကြောင်းနှင့် ယခုကဲ့သို့ ရထားလမ်းမိုင်းခွဲခံရမှုသည် ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ပြီး လက်ရှိအချိန်အထိ ၅၃ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ