မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကို ဒေသတွင်းနိုင်ငံများအကြား လေကြောင်း ကုန်စည်စီးဆင်းရာ အဓိကကျသော လေဆိပ်နှင့် လေကြောင်းထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဆုံရပ်တစ်ခုအဖြစ် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ပထဝီအနေအထားအရ အချက်အချာကျပြီး အရှေ့တောင်အာရှ၊ တောင်အာရှ၊ ဥရောပလေကြောင်း လိုင်းများ နှင့် ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ဆုံရပ်အဖြစ် ဆောင်ရွက်ရန် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက် မည်ဖြစ်၍ တင်ဒါများ ခေါ်ယူထားသည်။ ပြည်တွင်းပြည်ပ ကုမ္ပဏီများ အကျိုးတူဖက်စပ် ဆောင်ရွက်နိုင်ပြီး တင်ဒါအောင်မြင်သည့် အဖွဲ့အနေဖြင့် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အာရှဒေသတွင်း နိုင်ငံများသို့ ကုန်စည်ပို့ဆောင်ရာတွင် အဓိကကျသော ဆုံရပ်ဖြစ်ပြီး ဧရိယာအကျယ် ၂၇၅၅၄ ဧကရှိရာ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ဖြစ်သည်။ လေယာဉ်ပြေးလမ်းမှာ ပေ ၁၄၀၀၀ x ပေ ၂၀၀ ရှည်သည်။ မန္တလေးအပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ၁၉၉၆ ခုနှစ် မေ ၁၇ ရက်တွင် အီတာလျှံ-ထိုင်း ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖြစ်သည်။ လေယာဉ်ပြေးလမ်းနှင့် ဆက်စပ်လုပ်ငန်းများကို ပြည်သူ့ဆောက်လုပ်ရေးက တည်ဆောက်ခဲ့ရာ ကျပ် ၈၀၄၉ ဒသမ ၅၂ သန်း ကုန်ကျပြီး ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည် ။

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။