Oct 2, 2012

အချစ်ရေး အဆင်မပြေသောအခါ အမျိုးသားများသည် အမျိုးသမီးများထက် ပိုမိုထိခိုက်ခံစားရ

credit:မြို့တော်ပုသိမ် သတင်းစဉ်

အချစ်ရေး၌ စိတ်မချမ်းသာဘဲ ရှုံးနိမ့်ရသောအခါ အမျိုးသားများသည် အမျိုးသမီးများထက် ပိုမိုနာကျင်ခံစားရလေ့ရှိသည်ဟု လေ့လာမှုတရပ် အရ သိရကြောင်း ကျန်းမာရေးနှင့် လူမှုရေးဂျာနယ်တွင် ဖော်ပြထားသည်။ ကယ်လီဖိုးနီးယား မြောက်ပိုင်း Wake Forest တက္ကသိုလ်မှ ပါမောက္ခ Robin Simon က အဆိုပါ သုတေသနလုပ်ငန်းကို ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၃ နှစ်အတွင်းရှိ လက်မထပ်ရသေးသော အမျိုးသားနှင့် အမျိုးသမီး ၁၀၀၀ ကျော်ကို လေ့လာခဲ့ကြောင်း FOX သတင်းဌာန က ဖော်ပြခဲ့သည်။

 လေ့လာမှုမှ ရရှိလာသော အချက်အလက်များကို နှိုင်းယှဉ်ချက်အရ အချစ်ရေးတွင် လမ်းခွဲ အဆုံးသတ်သောအခါ အမျိုးသားများသည် အမျိုးသမီးများထက် ပိုမိုစိတ်ထိခိုက် ခံစားရကြောင်း သိရသည်။ ထိုအချက်က အမျိုးသားများသည် အမျိုးသမီးများထက် ပျော်ရွင်ဖွယ်ကောင်းသောအချစ်ရေးတွင် ပိုမို စိတ်တက်ကြွပျော်ရွင်ကြပြီး၊စိတ်မချမ်းသာစရာအခြေအနေမျိုးတွင်လည်း ပိုမိုကြီးမားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရသည်ကို ဖော်ပြလျက်ရှိသည်။


 လူငယ်များအနေဖြင့် အဆင်မပြေသော အချစ်ရေးတွင် မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးသည်အထိ ခံစားရလေ့ရှိကြောင်း ပါမောက္ခ Robin Simon က ပြောပါသည်။ ဤသုတေသနမှ ထွက်ပေါ်လာသော အံ့အားသင့်ဖွယ်အဖြေမှာ လူငယ် အမျိုးသားတစ်ဦးအတွက် ဘဝတွင် အကြီးမားဆုံး ပတ်သက်ရင်းနှီးသူမှာ သူ၏ ချစ်သူဖြစ်ပြီး အမျိုးသမီးများအတွက်မူ သူတို့၏ အရင်းနှီးဆုံးသူမှာ ချစ်သူထက်စာလျင် သူငယ်ချင်း သို့မဟုတ် မိဘဖြစ်သည်ဟု သိရသည်။


(မောင်ကျောက်ခဲ ) ________________________________________________________________________ 


Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ