Oct 1, 2012

ဘင်္ဂလာဒေခ့်ျတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များ လုယက် မီးရှို့ ဖျက်ဆီးခံရ

ဘင်္ဂလာဒေခ့်ျ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါမြို့တွင်) ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများနှင့် လူနေအိမ်များ ယမန်နေ့ညက လုယက် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု bdnews24.com တွင် ဖေါ်ပြသည်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၆) ကျောင်းနှင့် လူနေအိမ် ၂၀ ခန့် မီးရှို့ဖျက်ဆီးခံရကာ အိမ်ပေါင်း ၁၀၀ ကျော် လုယက် ဖျက်ဆီးခံခဲ့ရသည်။ အများစုမှာ ဘာရ၀ါ (မာရမာကြီး) လူမျိုးတို့၏ နေအိမ်များ ဖြစ်ကြသည်။
 

ယခုတိုက်ခိုက်မူသည် ဗုဒ္ဓဘာသာ မိသားစုများ အပေါ် ဘင်္ဂလာဒေခ့်ျတွင် အဆိုးရွားဆုံး တိုက်ခိုက်မူ ဖြစ်ကြောင်း သတင်းက ဆိုသည်။

ယခုတိုက်ခိုက်မူသည် မွတ်ဆလင်တို့၏ အထွတ်မြတ်ထားရာ ကိုရမ် (Quran) အား facebook တွင် မဖွယ်မရာ လုပ်သည် စွပ်စွဲချက်များ ပေါ်ပေါက်လာပြီးနောက် စတင်ဖြစ်ပွားသည်ဟု ဆိုသည်။

ကော့စ်ဘဇားခရိုင် ရဲမင်းကြီး Selim Mohammed Jahangir အဆိုပါ တိုက်ခိုက်ခံရမူအား အတည်ပြု ပြောကြားပြီး ယနေ့ နံနက်လင်းအားကြီး အချိန်တွင် ရဲအဖွဲ့မှ ထိန်းသိမ်းနိုင်ခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။ သို့သော်မြို့စွန် အနား ဒေသများတွင် အခြေအနေမှာ အေးဆေး တည်ငြိမ်မူ မရှိသေးဟု သတင်းက ရေးသည်။

ယခုအခါ ရဲတပ်ဖွဲ့ဝင်များဖြင့် ဗုဒ္ဓဘာသာများ နေထိုင်ရာများကို လုံခြုံရေး တင်းကျပ်လိုက်ပြီဟု ဆို သည်။

အများဆုံး မီးရှို့ခံရသော နေရာမှာ ရာမူးမြို့မှ (၅) မိုင်ခန့်ဝေးသော Mithhachharhi Bonbihar တွင်ဖြစ်သည်ဟု နိတိ ဘရာဝါ က ပြောသည်။

အမြင့်ပေ ၁၀၀ ရှိသော တည်ဆောက်နေဆဲ ဗုဒ္ဓရုပ်ထုတော် တစ်ဆူလည်း ဖျက်ဆီးခံခဲ့ရသည်ဟု သတင်းတွင် ဖေါ်ပြသည်။

ယခု တိုက်ခိုက်မူမှာ မွတ်ဆလင် ဘာသာရေး အစွန်းအဖွဲ့များမှ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ကြောင်း ဆိုသည်။



(Narinjara News)
_______________________________________________________________________ 
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ