Oct 2, 2012

သမ္မတကြီးကိုသွားကြိုခဲ့တဲ့ ပြည်သူတစ်ဦးဖြစ်သူ မသင်ဇာအောင်၏ ပြောပြချက်

"ဒီနေ့ သမ္မတကြီးကို သွားကြိုတယ်။ ဘယ်သူကမှ ခိုင်းလို့ မဟုတ်ဘူး။ ကိုယ့်ဘာသာ သွားချင်လို့ သွားတာ။ ဘာခမ်းခမ်းနားနား ဝတ်စုံနဲ့မှလည်း မဟုတ်ဘူး။ ဂျင်းဘောင်းဘီနဲ့ပဲ။ သမ္မတကြီး ထွက်လာတော့ ဘာရည်ရွယ်ချက်နဲ့မှ မဟုတ်ဘူး။ အနီးကပ်မြင်ဖူးချင်လို့ အနားအထိ တိုးသွားမိတယ်။ သတင်းထောက်တွေ ကြားမှာပေါ့။ လုံခြုံရေးတွေကတော့ သူတို့ ထုံးစံအတိုင်း လမ်းရှင်းကြတယ်။ 



တခိျု့ ဓာတ်ပုံကောင်းလိုချင်ကြတဲ့ ဓာတ်ပုံဆရာတွေအတွက်တော့ လုံခြုံရေးတွေ တွန်းတယ်ပေါ့။ ကိစ္စ မရှိပါဘူး။ ဘယ်သူတွေ ဘာတွေဖြစ်ဖြစ် ကျွန်မတို့ နိုင်ငံရဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ကို ဘာအရောင်မှ မပါဘဲ ကျွန်မ သွားကြိုဖြစ်ခဲ့တယ်။ အတော်လေး နီးနီးကပ်ကပ် ကျွန်မ မြင်ခဲ့ရတယ်။ ကျေနပ်တယ်။ ကျွန်မလိုပဲ ကျွန်မသူငယ်ချင်းတော်တော်များများလည်း ဘာခွင့်ပြုချက်နဲ့မှ မဟုတ်ဘဲ သမ္မတကြီး ဓာတ်ပုံတွေ ရလိုက်ကြသတဲ့။ ဂုဏ်ယူတယ်.......။ ကျွန်မတို့ နိုင်ငံအတွက် သမ္မတကြီးရောာ၊ ဒေါ်စုရောရဲ့ အားတွေ လိုတယ်။ ပြည်သူတွေအတွက်ပေါ့။ သူတို့နှစ်ယောက်လုံးကို အာဏာအတွက် အလုပ်လုပ်ကြတာမဟုတ်ဘူးလို့ ယုံတယ်။ ကျွန်မ ပြည်သူတစ်ယောက်ပါ။"

By Admin-Team(NOM)

(မောင်ကျောက်ခဲ ) 
___________________________________________________________________________________________

Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

shwemyoaung said...

good. bravo!

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ