Oct 2, 2012

ကြံခိုင်ရေးပါတီ ဥက္ကဌသစ် ရွေးချယ်မည်

လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံဖြိုး ရေး ပါတီ ပြည်လုံးကျွတ် ညီလာခံ တွင် ပါတီ ဥက္ကဌသစ်ကို ပြန်လည် ရွေးချယ်သွားမည် ဖြစ်ကြောင်း အဆိုပါတီ၏ အထွေထွေ အတွင်းရေးမှုး ဦးဌေးဦးက The Voice Weekly သို့ ပြော ကြားသည်။

အဆိုပါ ဥက္ကဋ္ဌသစ် အဖြစ် မည်သူ ဖြစ်လာမည် ကို ထွေထွေ ညီလာခံ ပြီးမှသာ ထုတ်ပြန် ကြေညာ မည်ဖြစ်ပြီး၊ အဆိုပါ ဥက္ကဋ္ဌသစ် ရွေးချယ် ရန် အတွက် အရန် ကော်မတီ များ ဖွဲ့စည်းပြီး၊ အစည်းအဝေး များ ပြုလုပ် သွားမည်ဖြစ်ကြောင်း ကြံခိုင်ရေး ပါတီ ၏ ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ မျိုးအောင် ကဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ ပြည်လုံးကျွတ် အထွေထွေ ညီလာခံကို အောက်တိုဘာ လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကြံခိုင်ရေး ဗဟိုဌာန ချုပ် (နေပြည်တော်) တွင် ကျင်းပသွားမည် ဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ၊ ပါတီ၏ တစ်နှစ် တာ လုပ်ဆောင် ချက်များ၊ ရှေ့လုပ်ငန်းစဉ် များ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

ကြံခိုင်ရေး ပါတီ သည် ၁၉၉၃ ခုနှစ် စက်တင်ဘာလ တွင် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံဖြိုးရေး အသင်းအဖြစ် တည်ထောင် ခဲ့ပြီး ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ တွင် ယခင်တပ်မတော် အစိုးရ အဆင့်မြင့် အရာရှိ များ ဦးဆောင်ကာ ပါတီ အဖြစ် ပြောင်းလဲ တည်ထောင် ကာ ယခင် တပ်မတော် အစိုးရ နိုင်ငံ တော် အေးချမ်းသာယာရေး နှင့် ဖွံဖြိုးရေးကောင် စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွေက နာယက အဖြစ် ဆောင် ရွက်ခဲ့ပြီး ယခုနိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန်က ပါတီ ဥက္ကဌ အဖြစ် ဆောင် ရွက်ခဲ့သည်။
from:The Voice Weekly
(မောင်ကျောက်ခဲ )
________________________________________________________________________________  
Print Friendly and PDF

30 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

၀၀၇

Anonymous said...

ပြည်ခိုင်ဖြိုးပါတီညီလာခံတွင် ပါတီဗဟိုအလုပ်အမှူဆောင်များသည်အသက်အရွယ်ကြီးပြီဖြစ်ရ်ျနားသင်သူများအနားပေးစေချင်ပါသည်။အနာဂတ်မျိုးဆက်အတွက်ပါတီကေဒါများလူငယ်များပါဦးဆောင်ခွင်.ပေးစေလိုပါသည်။တပ်မတော်သည်သမိုင်းအစဉ်အလာအရမြန်မာနိုင်ငံရေးနှင်ကင်းရ်ျမရပါ။ယနေ.လူငယ်နောင်ဝယ်လူကြီးဆိုသည်အတိုင်းလူငယ်များအရေးအနာဂတ်နိုင်ငံရေးတွင်နေရာပေးစေချင်ပါသည်။လူသက်တမ်း(၇၀)တွင်လူငယ်များ တပ်ရင်းမှူးသင်တန်းဆင်းအရာရှိများနိုင်ငံရေးတွင်အတွေ.အကြုံရှိစေရန်လူကြီးများဖြင်.တွဲရ်ျယခုထဲကနေရာပေးမွေးထားသင်.ပါသည်ခင်ဗျာ။သမ္မတရယ်၊ပြည်သူလွတ်တော်ဥက္ကဌရယ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရယ် ပူးပေါင်းကြိုတင်ပြင်ဆင်သင်.ပါကြောင်းအချိန်မှီအကြံပြုအပ်ပါသည်။

Anonymous said...

ဗိုလ်ချုပ်အောင်ဆန်းတောင်(၃၃)နှစ်တွင်ကျဆုံးခဲ.သဖြင်မကျဆုံး
မှီအသက်အရွယ်တွင်နိုင်ငံရေးလုပ်ဆောင်နိုင်ခဲ.ကြောင်း၊ယနေ.အသက်(၃၀)မှ(၄၀)၀န်းကျင်ပိုင်းလူလတ်ပိုင်းများကိုသာအဓိက
အားထားရမည်။လူကြီးများ(၆၀)နှင်(၇၀)ကြားတရားမလေ.လာလျင်ကိုယ်ဘ၀အတွက်မကောင်းပါ။NLDလည်းလူငယ်များကိုနေရာပေးနေသည်။

Anonymous said...

ယခင်လွတ်တော်တွင်တပ်မတော်အရာရှိမှူး/ဗကများကိုထည်.ပေး
ခဲ.သော်လည်းအသက်အရွယ်မငယ်သော်လည်းစစ်ဘက်အတွေ.
အကြုံမရှိသဖြင်လက်ရှိလွတ်တော်တွင်ထားရမည်.အရာရှိများကို BSc(သို.)BAဘွဲ.တစ်ခုခုရပြီးသူဒုရင်းမှူး/ရင်းမှူးအဆင်.များသာ
ထားသင့်ပါကြောင်း၊အနာဂတ်မြန်မာပြည်နိုင်ငံရေးမဟာဗျူဟာ
ထားစဉ်းစားသင့်ပါကြောင်းအပြုသဘောဆောင်ဆွေးနွေးအပ်ပါ
သည်။

Anonymous said...

ပညာရှင်ကပညာရှင်ပဲ၊နိုင်ငံရေးကနိုင်ငံရေးသမားပဲ။ပညာရှင်ဝန်
်ကြီးလုပ်တိုင်းလည်းအောင်မြင်တာမဟုတ်။Political post နိုင်ငံရေးတာဝန်များ လုပ်ခဲ.ဘူးရန်လိုကြောင်း။အနာဂတ်အတွက်
လူငယ်များပြုစုပျိုးထောင်ပေးစေချင်ပါသည်။လူငယ်တွေအတွေ.
အကြုံရှိ၇န်လိုပါသည်။လူငယ်များ များများနေရာပေးပါ။

Anonymous said...

မိမိနိုင်ငံရဲ.နိုင်ငံရေးဗီဇမျိုးရင်း စစ်သားပါပဲ။
-ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် အပေါ်သာပြောင်း
အလယ်မပြောင်း၊
-အပေါ်သာပြောင်း အောက်မပြောင်း အလကားပဲဖြစ်။

Anonymous said...

စာပေဗဟုသုတများဖြင့်၊လုပ်ရည်ကိုင်ရည်ဝနေခြင်တို.သာပဓာန
ဖြစ်ကြောင်း၊အသက်အကြီးအငယ်မှာပဓာနမဟုတ်ကြောင်းသတိ
ပြုသင့်ပေသည်။

Anonymous said...

၀၀7

Anonymous said...

အပြောင်းအလဲမဟာဗျူဟာအရ
-အပေါ်သာပြောင်း အလယ်မပြောင်း
-အပေါ်သာပြောင်းအောက်မပြောင်း လုပ်ပါကမထိရောက်ကြောင်း
ထည်သွင်းစဉ်းစားပေးပါ။
ပညာဗဟုသုတများခြင်း၊လုပ်ရည်ကိုင်ရည်ဝနေခြင်းတိုသာပဓာနဖြစ်ကြောင်း၊အသက်အကြီးအငယ်မှာပဓါနမဟုတ်ကြောင်းသတိပြုသင်ပေသည်။တက်ကြွထက်မြက်တဲ.လူငယ်တွေအားလို၊
နိုင်ငံတစ်ခုဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်ကဏတွင်လူငယ်မျိုး
ဆက်သစ်မျာပါဝင်လာရန်လိုအပ်နေကြောင်းသတိပြုစေချင်ပါ
သည်။

Anonymous said...

တပ်ရင်းမှူးလုပ်သက်(၃)နှစ်ကျော်ကတပ်တွင်မထားပဲပြည်ခိုင်ဖြိုး
တွင်တာဝန်ပေးစေချင်

Anonymous said...

ပညာဆိုတဲ.နေရာမှာ စာအုပ်ထဲကအတတ်ပညာပါသလို ပတ်ဝန်ကျင်လောကကြီးကလေ.လာသင်ယူလို.ရတဲ.၊အလုပ်ထဲကသင်ယူလိုရတဲ.အသိပညာတွေလည်းပါဝင်တယ်။

Anonymous said...

လူအဖွဲ.အစည်းတွင်လူငယ်တွေပါဝင်လုပ်ကိုင်လာခြင်းအားဖြင်.
တာဝန်ယူတတ်သောအလေ.အကျင်.များဖြင်ခေါင်ဆောင်စိတ်များပေါ်ထွက်လာစေသည်။အဖွဲ.အစည်းတခုမှာလူငယ်တွေပါဝင်လာတဲ.အခါသူဟာသူနေရာတစ်ခုရလာပြီး၊အဲလိုတာဝန်တစ်ခုရလာတဲ.အခါလူငယ်တွေမှာတာဝန်ယူချင်စိတ်၊တာဝန်ခံချင်စိတ်၊ခေါင်းဆောင်စိတ်တွေဆိုတာသူရောက်နေတဲနေရာနဲ.သူရိုးရိုးသာမန်လူငယ်တွေထက်သူကိုယ်သူတာဝန်ယူချင်စိတ်ရယ်၊အဖွဲ.အစည်း၊နိုင်ငံအပေါ်တာဝန်ယူချင်စိတ်ပိုရှိလာမည်ဖြစ်ပါသည်။

Anonymous said...

တာဝန်ယူချင်စိတ်ရှိတဲ.လူငယ်တွေများလေလေ တိုင်းပြည်အနာ
ဂတ်အတွက်ပိုအကျိုးရှိလာလေဖြစ်မှာပါခင်ဗျာ။

Anonymous said...

မင်္ဂလာပါ၊အားလုံးကိုကျေးဇူးတင်ပါသည်။

Anonymous said...

-ကိုယ်ထက်များစွာငယ်တဲ.ကလေးတောင်ကိုယ်ထက်သာတာ
တွေအများကြီးပဲ
-ကိုယ်ကိုကိုယ်သိပ်အထင်မကြီးနဲ.၊ဘ၀င်မမြင.်နဲ.
-အဲဒီလိုသိရင်လူဟာမျှမျှတတသဘောထားရဲတယ်၊ဘ၀င်မြင်ရဲစ
ရာမရှိပါဘူး၊သူများကိုလဲအထင်သေးရဲစရာမရှိပါဘူ။

Anonymous said...

-မိမိအမြင်တွင်နိုင်ငံရေးထက်နိုင်ငံအရေးကိုဦးစားပေးစေချင်ပါ
သည်။တိုင်းပြည်မတိုးတက်လျှင်နေ.၊ပြည်ထောင်စုမပြိုကွဲဖို.က
ပိုအရေးကြီးကြောင်းသတိပြုစေချင်။

Anonymous said...

-နိုင်ငံတစ်ခုဖွံ.ဖြိုးတိုးတက်ရန်နိုင်ငံတော်ကဏတွင်လူငယ်မျိုး
ဆက်သစ်များပါဝင်လာရန်လိုအပ်သည်။
-နိုင်ငံတစ်ခုအမြဲမပြတ်စောင်ကြည်နေရာပေးဖို.လက်တွဲခေါ်ဖို
အားသစ်လောင်းဖို.လူငယ်မျိုးဆက်သစ်တွေလို။စွမ်းရည်ပြည်.
သည်ထက်ပြည်.အောင်မြေတောင်မြောက်ပေးရန်ခေတ်နဲ.အမှီ
အများနည်ူးတူရင်ဘောင်တန်းနိုင်ဖို.လုပ်ကိုင်နိုင်ဖို.ဆိုရင်လူငယ်
နဲ.(State)ဆိုတဲ.ကဏဟာတစ်ခုကိုတစ်ခုကျွမ်းကိုင်းမှီ၊ကိုင်းကျွမ်း
မှီဖြစ်ပါသည်။

Anonymous said...

-စာတွေ.ထက်ငါတွေ.သာသည်စကားသည်ကိုယ်တွေ.အတွေ.အ
ကြုံများရှိထားဖို.လိုကြောင်း၊လက်တွေ.ကျသောကိုယ်တွေ.အတွေ.
အကြုံများရှိထာပါမှ အမှူကိစ္စအ၀၀ကိုလုပ်ကိုင်ဆောင်ရွက်ရာ၌
လွယ်ကူပြီးမြောက်အောင်ဆောင်ရွက်နိုင်ပေလိမ်မည်။
-သိုဖြစ်ရ်ျလူငယ်လူရွယ်တို.အနေဖြင်ငယ်စဉ်ဘ၀တွင်ရေသာမခို
ဘဲအတွေ.အကြုံများများရယူထားသင်.။အတွေအကြုံများလေအ
ခက်အခဲကိုကျော်လွှားနိုင်လေဖြစ်သည်။

Anonymous said...

-ကမ္ဘာ၌ငြိမ်းချမ်းမှုနှင်.ဆူပွက်မှုသည်လူအပေါ်၌များစွာတည်ပါ
သည်။

Anonymous said...

-နိုင်ငံရေးဆိုတာကျွန်တော်တို.မုန်းသည်ဖြစ်စေ၊ချစ်သည်ဖြစ်စေ
နေ.စဉ်တွေ.ကြုံနေရတဲ.ပြသနာဖြစ်။နိုင်ငံရေးဆိုတာလူတို.ရဲ.
စား၊၀တ၊်နေရေး အားလုံးဖြစ်တယ်။လူဘ၀ဟာနိုင်ငံရေးနဲ.ကင်း
လ.ိုမဖြစ်နိုင်ပါ။
-တိုတိုပြောရရင်တိုင်းပြည်တစ်ပြည်ရဲ.တိုးတက်မှု၊ဆုတ်ယုတ်မှု
ဟာဒီတိုင်းသူပြည်သားများကဘယ်လောက်နိုင်ငံရေးအသိမြင့်
တယ်၊မမြင့်ဘူးအပေါ်မှာမူတည်ပါတယ်၊၊တိုင်းပြည်ရဲ့ကံကြမ္မာ
ကိုဖန်တီးကြတာဟာပြည်သူတွေပဲဖြစ်ပါတယ်။ပြည်သူတွေမပါ
ပဲဘယ်တိုင်းပြည်မှာမှ ရှေတစ်လှမ်းမတိုးနိုင်ပါဘူး။
-ယနေ.လူငယ်နောင်ဝယ်လူကြီး အချိန်တန်လျှင်နိုင်ငံနှင့်လူမျိုး
တို၏ကံကြမ္မာကိုဝကွက်အအပ်ခံရမည်လူငယ်တိုအတွက်၊မ
ကောင်းမြစ်တာကောင်းရာညွှန်လတ်၊လူငယ်များသည်အနာ
ဂတ်တွင် အမျိုး ဘာသာ သာသနာနှင့်မြန်မာ့အမွှေအနှစ်ကို
ဆက်ခံ၍မျိုးနွယ်ကိုဦးဆောင်သွားရမည့်သူများဖြစ်ပါကြောင်း
-ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူကိုဗဟိုပြုပြည်သူအသံ
နားထောင်အုပ်ချုပ်သည်စနစ်ဖြစ်ပါကြောင်း၊ပြည်ခိုင်ဖြိုးပါတ
ီအားဒီမိုကရေစီခေတ်တွင်ပြည်သူပါတီအဖြစ်အမည်ပြောင်း
အသွင်ပြောင်းရ်ျ မြန်မာနိုင်ငံရေးနှင့်နိုင်ငံအရေးကိုဦးဆောင်
သွားသင့်ပါကြောင်းပြည်ခိုင်ဖြိုးညီလာခံတွင်တိုက်တွန်းအပ်ပါ
ကြောင်း။အားလုံးကိုကျေးဇူးတင်ပါသည်။

Anonymous said...

-ပြန်လည်သုံးသပ်ရာ၌ ဘက်တစ်ဘက်တည်း၏ထင်မြင်ယူဆချက်
် ကိုသာကိုင်ဆွဲထားခြင်းမပြုဘဲဘက်ပြောင်း၍လေ့လာသုံးသပ်ကာ
အထိုင်ပြောင်းရှုမြင်ချက်များ၊သက်ဆိုင်သူများ၏သဘောထားအ
မြင်များကို လေးစားတန်ဖိုးထားသောအမြော်အမြင်ကျယ်ပြန်မှု
များအာရုံပြုကြစေချင်ပါသည်။

Anonymous said...

-မိမိနှင့်နီးစပ်သူ၊မိမိတပည့်တော်စပ်သူ၊မိမိပတ်ဝန်းကျင်မှလူ
များကိုအကြောင်းအမျိုးမျိုးပြ၍ရာထူးတာဝန်တွေပေးနေလျှင်
်ထိုသူတွေစန်းပွင့်နေသလောက်လည်း၊အစစ်အမှန်ဖြစ်သူများမှာ
အောက်ကျနောက်ကျဖြစ်နေကြရ၏။ထိုကဲသို့ အထက်ရောက်
သင့်သူအောက်ကျ၍အောက်ကျသင့်သူအထက်ရောက်လျက်
ကမောက်ကမဖြစ်နေသမျှလည်းမြန်မာနိုင်ငံသည်မတိုးတက်နိုင်
ကြောင်းကျွန်တော်စစ်သားဘ၀တွင်သတိပြုမိလာပါသည်။
-စစ်တပ်တွင်စစ်ရုံး၊နေပြည်တော်၊ရန်ကုန်၊မန္တလေးဝန်းကျင်တ
ဝိုက်ပြောင်းရွှေတာဝန်ထမ်းသူများသာအရာရာတွင်မောင်ဦးဖြစ်နေပါသည်။
-ပြောင်းရွှေ့၇ာတွင်ဝေးဝေးမပြောင်းရသည့်အတွက်အရာရာတွင်မောင်ဦးဖြစ်နေပါသည်။သတိထားဆောင်ရွက်ရပါမည်။ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင်မျှတဖို့ လိုပါသည်။
-ဆရာကြီးရွှေဥဒေါင်းစကားနဲ့ပြောရရင်တောဧရာမဆူးကြီးတစ်
ချောင်းကျွန်တော်ရင်ထဲဆူးနှစ်နေတုန်းပါ။

Anonymous said...

-အမှားဆိုသည်မှာလူတိုင်းကြုံရတတ်၏။အမှားမှတဆင့်အတွေ့ 
အကြုံများယူသင့်ပါသည်။
-ခေတ်ပြောင်းစနစ်ပြောင်းကိုအဓိကတာဝန်ရှိသူတွေဟာအသိနှင့် အမြင်ယှဉ်ပြီးဆောင်ရွက်သွာဖို့ လိုအပ်ကြောင်းပါခင်ဗျာ။
-မြန်မာ့အနာဂတ်အရေးကိုမြှော်မြှင်စွာ၊ပညာကြီးစွာဖြင့်ချင့်ချိန်
် ဆောင်ရွက်နိုင်ကြစေရန်ဖြစ်ပေါ်လာမည့်အကျိုးဆက်တိုကို
ကောင်စွာမြှော်တွေးတွက်ချက်နိုင်၍ပို၍ကောင်းမွန်သောလမ်း
ကိုလျောက်လှမ်းနိုင်ကြစေရန်ဆန္ဒပြုရင်း။
-နိုင်ငံရေးဆိုတာအကြီးစားပရဟိတလုပ်ငန်းတစ်ခုပါခင်ဗျာ။
-မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံးမိမိကိုယ်ကိုကောင်းအောင်
အရင်ကြိုးစားစေချင်ကြောင်း၊ပြီးလျှင်မိမိပတ်ဝန်းကျင်၊မိမိဒေ
သ၊မိမိနိုင်ငံကိုကောင်းအောင်ကြိုးစားသင့်ပါကြောင်းတိုက်
တွန်းရင်း။
-အားလုံးကိုကျေးဇူးတင်ပါသည်။

Anonymous said...

တပ်မတော်ရဲ့ စနစ်ကျမှု၊ ပိရိ သပ်ရပ်မှုနဲ့ စီမံကိန်းပေါ်လစီကို လျှော့မတွက်သင့်ကြောင်းနဲ့ အတိုက်အခံတို့ရဲ့ ဘာမှမလုပ်တတ်တဲ့ အရည်အချင်းကို ခုလက်ရှိ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတဲ့ အတိုက်အခံအားလုံးနဲ့ လွန်ခဲ့တဲ့ ၂၂ နှစ်က ဘာမှ မအောင်မြင်ခဲ့တာတွေက သက်သေပါပဲ။
လက်ရှိအနေအထားမှာ တပ်မတော်အနေနဲ့ နိုင်ငံရေးလောကကနေ စနစ်တကျ ဆုတ်ခွာနေတယ်။ တပ်မှုးကောင်းဆိုတာ ဘယ်တော့မှ နေရာတစ်နေရာကနေ ချက်ချင်း ထွက်မပြေးဘူး။ စနစ်တကျစီစဉ်ပြီးမှ နဲနဲချင်း ဖယ်ပေးတယ်။ အရာအားလုံးကို ကြိုတင်စီစဉ်ခဲ့တယ်။ ၂၀၁၀ မှာ ဖြစ်မယ့် အစီစဉ်အားလုံးကို ၉၃ ခုနှစ်ကတည်းက စီမံထားလို့ ၊ဘာမှန်းမသိတဲ့ ပြည်ခိုင်ဖြိုး ဆိုတဲ့ အသင်းကြီး ပေါ်လာခဲ့တာကို သတိမူပါ။ တိကျ သေသပ်တဲ့ စီမံကိန်းနဲ့ အကောင်ထည်ဖော်သွားပုံကို လေးစားပါ။ လုပ်ဆောင်မှုတိုင်းမှာ ရည်ရွယ်ချက်ရှိတယ် ဆိုတာကို သတိပြုပါ။ ဘာလုပ်လုပ် ဖြစ်နေတဲ့ တပ်မတော်ရဲ့ အရည်အချင်းကို မြင်အောင်ကြည့်ပါ။ဒီစနစ်မှမဟုတ်ပါဘူး။ အရာရာတိုင်းကို နှစ်ရှည်စီမံကိန်းအဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရေးဆွဲထားပြီးသားပါ။ နောင်လာမယ့် နှစ်ပေါင်းများစွာအတွက်လည်း plan ချပြီးသားပါ။ စစ်သားတွေဟာကျန်တဲ့ဝန်ထမ်းတွေနဲ့ မတူဘူး
ူ။စစ်ရေးအမြင်နဲ့ ၊နိုင်ငံရေးအသိရှိတယ်။စစ်တပ်ကိုဘယ်တော့မှ
လျှောမတွက်စေချင်ပါ။တပ်မတော်ကလည်းလူငယ်တွေအသက်
(၄၀)နဲ့(၄၅)၀န်းကျင်ပိုင်းနိုင်ငံဦးဆောင်နိုင်အောင်တွဲရဲ့ နေရာများများပေးသင့်ပါကြောင်းပါခင်ဗျာ။အားလုံကိုကျေးဇူး
တင်ပါတယ်။

Anonymous said...

တပ်မတော်ရဲ့ အဓိက တာဝန်က နိုင်ငံတော်ကို ကာကွယ်ဖို့ပါ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ဖို့ မဟုတ်ပါဘူး။ လူကြိုက်များစေချင်ရင် မင်းသား၊ မင်းသမီးပဲ လုပ်ပါလိမ့်မယ်။ စစ်ဗိုလ်ဆိုတာထွန်းအိန္ဒြာဗိုလ်မှမဟုတ်တာ။မြန်မာခေါင်းဆောင်တွေက နိုင်ငံအပေါ်မှာ စေတနာ မရှိဘူးလို့ ဘာကြောင့်ပြောနေကြတာပါလဲ?အကောင်းမမြင်တတ်တဲ့မင်းဖြတ်သန်းခဲ့တဲ့ ဘဝနဲ့ လက်ရှိ ခေါင်းဆောင်တွေ ငယ်စဉ် စစ်မြေပြင်တွေမှာ ဖြတ်သန်းခဲ့တဲ့ ဘဝတွေကို နှိုင်းယှဉ်ပြပေးပါ။
ထိပ်ဆုံးကိုရောက်နေတဲ့စစ်ခေါင်းဆောင်တွေကိုပဲကြည့်မနေပါနဲ့..ထိပ်ဆုံးရောက်ဖို့သူတို့လုပ်ခဲ့တာတွေနဲ့ကိုယ်လုပ်ခဲ့တာ
တွေဘာတွေကွဲခြားမှုရှိလဲဆိုတာဆန်းစစ်ကြပါအုံး။မင်တို့ငယ်ငယ်ကတိုင်းပြည်နဲ့ လူမျိုးကာကွယ်ဖို့ စစ်ထဲမ၀င်ပဲ ခုမှ
သူများခေါင်းဆောင်ဖြစ်တာမနာလိုမရှိကြစေချင်ဘူး။
့ဖက်ဆစ်တွေကို တော်လှန်ချိန်တုန်းကရော တပ်ထဲဝင်နေတဲ့ မြန်မာယောင်္ကျား အရေအတွက်နဲ့ မဝင်တဲ့ မြန်မာ ယောင်္ကျား အရေအတွက် ဘယ်သူက ပိုများလဲ ဆိုတာပြန်လေ့လာကြည့်ပါ။
ကျေးဇူးတင်ပါသည်။

Anonymous said...

မိမနိုင်ငံဆင်းရဲလို့ မိမိနိုင်ငံတော်ရဲ့ကာကွယ်ရေးကို အဓိကထားမလုပ်တဲ့နိုင်ငံရယ်လို့မရှိပါဘူး။တစ်နည်းတစ်ဖုံတော့မိမိနိုင်ငံရဲ့ကာကွယ်ရေးကိုအစဉ်ကြိုးစားမြှင့်တင်နေကြတဲ့
ဲ့သူတွေကြည့်ပါပဲ။တကယ်တော့ မြန်မာနိုင်ငံဟာ မဆင်းရဲပါဘူး။
သဘာဝသယံဇာတပေါများတဲ့အတွက်နိုင်ငံတိုင်း မျက်စိကျနေတဲ့နိုင်ငံတစ်ခုပါ။ဒါကြောင့်ပဲမကြာခဏဆို
သလိုအိမ်နီးနား ချင်းအချို့နဲ့ပါအဆင်မပြေမှုလေးတွေရှိလာတတ်တယ်။အဲလိုအ
ချိန်ခါမှာမိမိနိုင်ငံကာကွယ်ရေးကအင်မတန်နိမ့်ကျနေရင်တစ
်ဖက်က စစ်ရေးအရတစ်မျိုး အမျိုးမျိုးခြယ်လှယ် ဟန့်တားချင်တဲ့ပုံစံပေါက်လာပါလိမ့်မယ်။လက်တွေ့လည်း ဖြစ်ခဲ့ဖူးတဲ့သာဓကတွေရှိခဲ့ပါတယ်။
လွယ်လွယ်ပြောရရင် အနိုင်ကျင့်လို့ရမှန်းသိရင် အနိုင်ကျင့်လာလိမ့်မယ်။အဲလိုဖြစ်လာတဲ့အချိန်ကျမှ ကာကွယ်ရေးကိုမြှင့်တင်လို့မရပါဘူး။ဘယ်အရာမဆို တစ်ခဏအတွင်း ရရှိလာတာမရှိဘူး။အချိန် ငွေအား လူအား ပညာ ကြိုးစားမှု အားလုံးပေါင်းစပ်ပြီးမှ ရတာပါ။
ဆင်းရဲလို့ဆိုပြီး ကိုယ့်အိမ်ကို ခြံစည်းရိုးမခတ်ပဲ ဖြစ်သလိုထားမယ်ဆိုရင် အဲဒီအိမ်မှာ လမ်းဘေးကဇရပ်ပမာ ၀င်ချင်သလိုဝင်ထွက်ချင်သလိုထွက်နေကြလိမ့်မယ်။လမ်ဘေးကခွေးဝဲစားကအစခွေးချေးတတ်ပါလိမ့်မယ်။ဘယ်သူမှအလေး
နက်ထား ဆက်ဆံနေမှာမဟုတ်ဘူး။အဲလိုအဖြစ်ကို ဒို့ရဲ့နိုင်ငံအတွက်အဖြစ်မခံနိုင်ဘူး။
သိက္ခာရှိတဲ့နိုင်ငံတစ်ခုဖြစ်ဖို့အတွက် ဘက်စုံဖွံ့ဖြိုးတိုးတတ်အောင် လုပ်ရမယ်။နိုင်ငံတော်ဖွံ့ဖြိုးမှုအတွက် အုပ်ချုပ်ရေးပိုင်းကို ပြည်သူတွေတင်မြှောက်တဲ့ အစိုးရသမ္မတကလုပ်လိမ့်မယ်။
နိုင်ငံတော်ရဲ့ကာကွယ်ရေးစွမ်းရည် မြှင့်တင်နိုင်ဖို့က တပ်မတော်ရဲ့အခန်းကဏ္ဍကလုပ်လိမ့်မယ်။ဒီလိုပဲ နိုင်ငံတစ်ခုလုံးရဲ့အုပ်ချုပ်ရေးစက်ယန္တရားကြီးလည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့သူ့အပိုင်းလိုက် ကဏ္ဍအလိုက်ကို တတ်ညီလက်ညီနဲ့အတူတစ်ချိန်တည်း ကြိုးစားလုပ်ဆောင်မှ နိုင်ငံအတွက်တော်ကာကြမယ်။ကျေးဇူးတင်ပါသည်။

Anonymous said...

နေရာတစ်နေရာရာရဖို့အတွက်သူ့မှာအစွမ်းအစရယ်ကုသိုလ်ကံရယ်ရှိဖို့ဆိုတာ လိုအပ်တယ် ၊ဟချလောင်းဆိုပြီး ဘာအရာမှတန်းမရဘူး ထိုက်သင့်တဲ့ပေးဆပ်မှုတွေတော့သူမှာအမြဲတမ်းရှိတယ် သူ ထိုင်နေတာ သူလုပ်နေတာတွေကိုမကြိုက်ရင် သူထိုင်တဲ့နေရာကိုရောက်အောင်ကြိုးစား သူထိုင်တဲ့နေရာထက် ထိုင်နိုင်အောင်ကြိုးစား လူတစ်ယောက်ကိုတစ်ခုခုဝေဖန်တော့မယ်ဆိုရင် သူထက်ငါဘာပိုလုပ်ခဲ့လဲဆိုတာကို အရင်တွေးပါ ဝေဖန်ကြရိုးဆိုရင် အမေရိကန်သမ္မတ ကိုတောင် ဝေဖန်ချင်သလို ဝေဖန်လိုရတယ် ဘယ်သူမဆို အမှားဆိုတာရှိနေဦးမှာပဲ ပြောချင်သလိုပြောလို့ရတယ် သူလုပ်တာမကြိုက်ရင်သူလိုဖြစ်အောင်နေ သူလုပ်ခဲ့တဲ့ အလုပ်တွေအတွက်သူအခုခံစားနေရတာလေ သူက သူ့အဖေ က ဗိုလ်ချုပ်ဆိုလို့ ဗိုလ်ချုပ်နေရာတန်းပြီး ရခဲ့တဲ့လူမှမဟုတ်တာ ထိုက်သင့်တဲ့ပေးဆပ်မှုရှိတယ် အလိုပဲစစ်ဗိုလ်တိုင်း လူတိုင်းက တစ်နေရာရာကိုရချင် ရင်တော့ထိုက်သင့်တဲ့ပေးဆပ်မှုလေးတွေရှိရမယ် အလိုပဲ ဝေဖန်တဲ့လူတိုင်းက ငါဝေဖန်ခဲ့တာ ငါသူ့မကောင်းကြောင်းကိုမြင်နေတာ ငါပြောနေတာပဲတွေးမနေပါနဲ့ ငါကိုယ်တိုင်သူ့လောက်ဘာလုပ်ပေးခဲ့ဖူးလဲဆိုတာကိုပဲအရင
်တွေးကြည့်ပါ လူရယ်ဖြစ်လာရင်တော့ ကောင်းစားချင်ကြတာပဲပေါ့ မင်းလဲကောင်းစားတာ ချမ်းသာနေတဲ့လူဖြစ်ချင်မှာပေါ့ အလိုပဲ ကောင်းစားဖို့အတွက် အရင်ဘဝက လုပ်လာတဲ့ ကုသိုလ်လဲပါတယ် အခုဘဝက စိုက်ခဲ့တဲ့လုပ်အားတွေလဲပါတယ်။ စစ်တပ်အရာရှိများကိုနယ်ဘက်တာဝန်ပေးတာမိမိနိုင်ငံတွင်
်မမှားကြောင်းကျွန်တော် ထင်မြင်ကြောင်းပါခင်ဗျာ။ကျေးဇူးတင်ပါသည်။
်မြင်

Anonymous said...

ကျေးဇူးပြူပြီးလူများအားလုံးကောင်းမွန်နေသောအဖွဲ့စည်းရှိရင်ရေး ပေးကျပါ။ကျေးဇူးတင်ပါတယ်စစ်တပ်၊သံဃာတော်၊ကျောင်းသား၊
ဒီမိုကရေစီ၊ကွန်မြူနစ်၊ဆိုရှယ်လစ်၊အစရှိသဖြင့်ပေါ့ဗျာ။အားလုံး
ပြည့်စုံနေတဲ့အဖွဲံ့စည်းရှိရင်ပြောပြပါ။ကျေးဇူးတင်ပါတယ်။

Anonymous said...

ကျေးဇူးပြူပြီးလူများအားလုံးကောင်းမွန်နေသောအဖွဲ့စည်းရှိရင်ရေးပေးကြပါ။ကျေးဇူးတင်ပါတယ်စစ်တပ်၊သံဃာတော်၊ကျောင်းသား၊ဒီမိုကရေစီ၊ကွန်မြူနစ်၊ဆိုရှယ်လစ်၊အစရှိသဖြင့်ပေါ့ဗျာ။အားလုံးပြည့်စုံနေတဲ့အဖွဲံ့စည်းရှိရင်ပြောပြပါ။ကျေးဇူးတင်ပါတယ်။အရည်အချင်း နဲ့ စစ်မှန်တဲ့  မျိုးချစ်စိတ်ဇာတိမာန်နဲ့  ပြည်သူထဲ က ပေါက်ဖွားလာမယ် ပြည့်သူ တပ်မတော်ဆိုတာ ကို ဖြစ်လာဖို့ ဆိုတာ ဒိနိုင်ငံမှာမွေး ဒီရေဒီမြေမှာ ရှိ့ တဲ့ ကြီးကြီးငယ်ငယ် ကျားမ မရွေးမှာ တာဝန်ရှိ့ တယ်လို့ မြင်ပါတယ် ဒီလိုဖြစ်ဖို့ ဆို၇င်တော့ စနစ်တကျပြန်လည်ဖွဲ့ စည်းဖို့ နဲ့ တိုးတက်ပြီးဖြစ်တဲ့ နည်းပညာတွေကို လက်လှမ်းနိုင်ဖို့လိုပါလိမ်မယ် နည်းပညာသစ်တွေ လည်းရှာဖွေ နိုင်မှဖြစ်မယ်ထင်ပါတယ်။အ ပြင် မှာ နေ ချင် သ လို နေ နေ တဲ့ လူ တွေ က စစ် တပ် မကောင်း ကြောင်း ပြော တာ ပေါ့ စစ်တပ်မှာ ဘယ်လိုနေထိုင်၇တယ်ဆို တာ လေ့လာ
ဖူး၇င်သိမှာ....

Anonymous said...

007 ဒီလောက်ပါပဲ။လူဆိုတာကိုယ်ကိုကိုယ်Promotionပေးရမယ်။
အနည်ဆုံးစာတွေဖတ်ပါ။တစ်နှစ်ကိုအုပ်(၂၀)လောက်ပဲဖတ်ပါ။တစ်နှစ်ထက်တစ်နှစ်အသိညဏ်မြှင့်သွားမယ်။ကိုယ်ကိုကိုယ်
လည်းမြင့်ပါ။ကိုယ်ပတ်ဝန်းကျင်ကိုလည်းမြင့်ပါ။ဒါပြင်လူတိုင်းမိမိကိုယ်ကိုကောင်းအောင်ကြိုးစားပါ။မိမိပတ်ဝန်းကျင်ကိုကောင်း
အောင်လုပ်ပါ။မိမိဒေသကိုကောင်းအောင်လုပ်ပါ။မိမိနိုင်ငံက
ိုကောင်းအောင်လုပ်နိုင်ကြပါစေကြောင်းဆုမွန်တောင်းရင်း။ရွင်လန်းချမ်းမြေ့ကြပါစေ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ