Oct 2, 2012

ဗုဒ္ဓဘာသာ ဝင်များက ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ထံ တောင်းဆို

ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဗုဒ္ဓဘာသာ ဝင်များအား လုံခြုံရေး အာမခံချက်ပေးရန် တောင်းဆိုသည့် အိပ်ဖွင့်ပေးစာ တစောင်ကို ဘန်ကောက်ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးကို ပေးအပ်ခဲ့သည်ဟု ထိုင်းနိုင်ငံရောက် (၆) နိုင်ငံမှ ရဟန်းတော် များ၏ ဆန္ဒပြ တောင်းဆိုပွဲကို ဦးဆောင်ခဲ့သည့် ဘင်္ဂလား နိုင်ငံသား ရှင်အနန္ဒာက ဆိုပါသည်။

 “ ဒီနေ့ နေ့လည်ပိုင်း (၁၀) နာရီလောက်မှာ ဦးဇင်းတို့ ဆန္ဒပြခဲ့တယ်။ ဘင်္ဂလား သံရုံး ဝန်ထမ်း တစ်ဦး ထွက်လာတယ်၊ ဘုန်းဘုန်းတို့ကအိတ်ဖွင့် ပေးစာကို ပေးလိုက်ပြီး ဒီစာကို ဝန်ကြီးချုပ်ဆီ ပို့ပေးဖို့ မေတ္တာ ရပ်ခံခဲ့တယ်” ဆိုပါသည်။ 



 ဆန္ဒပြပွဲကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံ (၆) ခုက ရဟန်းတော် အပါး (၁၀၀) နီးပါးခန့်က ပါဝင် ဆန္ဒပြ နေကြခြင်း ဖြစ်သည်။ ၄င်းတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ (၂၉) ရက်နေ့တွင် ကော့ဘဇား ခရိုင်၊ ပင်းဝါ ရွာကြီး (ခေါ်) ရာမူး Ramu ဒေသရှိ ဘုန်းကြီးကျောင်း များနှင့် ဘုရား ရုပ်ပွားတော် များကို ဒေသခံ မူဆလင် လူအပ်ကြီးမှ တိုက်ခိုက် ဖျက်ဆီး၍ မီးရှို့ ခဲ့ကြသည်ကို အကြောင်းပြုပြီး လုံခြုံမှု ပေးစေခြင်း ဖြစ်ပါသည်။ ထိုဖျက်ဆီးမှုတွင် ဘုန်းကြီးကျောင်း (၁၉) လုံးခန့်နှင့် သိမ် (၃) လုံးခန့်နှင့် လူနေအိမ်ခြေ နှစ်ဆယ် ဝန်းကျင်ခန့် ပျက်ဆီး ဆုံးရှူံး ခဲ့ရပါသည်။

 ထိုအခင်းဖြစ်ပွားမှုတွင် Bangladesh Nationalist Party (BNP) မှ ဥပဒေပြု အမတ် Lutfar Rahman Kajal နှင့် ဒု-ဥက္ကဋ္ဌ Ramu Upazila Sohel Sarwar Kajal တို့လည်း ပါဝင် ခဲ့သည်ဟု သတင်းများက ဆိုပါသည်။

 ဤသို့ကြောင့် မနက်ဖြန် အောက်တိုဘာလ (၃) ရက်နေ့ နံနက် (၉) နာရီ ဝန်းကျင်၌လည်း ထိုင်းနိုင်ငံရှိ ကုလသမဂ္ဂ ရုံးရှေ့ တွင် ဆက်လက် ဆန္ဒပြရန် ရှိပါသည်။ ထို့အပြင် EU ရုံးနှင့် တရုတ်၊ ဂျပန်၊ ဆွစ်ဇာလန် သံရုံးများ ကိုလည်း အိတ်ဖွင့်ပေးစာ ကမ်းရန် ရှိပါသည်။

(မောင်ကျောက်ခဲ)
________________________________________________________________________ 
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ