Oct 5, 2012

ပါကစ္စတန်အခြေစိုက် Jamiat-ul-Mujahideen အဖွဲ့မှ မြန်မာပြည်တွင်းတွင် အကြမ်းဖက်မှုများလုပ်ဆောင်ရန်စီစဉ်

by:People Development for Knowledge

ပါကစ္စတန်အခြေစိုက် Jamiat-ul-Mujahideen အဖွဲ့မှ မြန်မာပြည်တွင်းတွင် အကြမ်းဖက်မှုများလုပ်ဆောင်ရန်စီစဉ်နေကြောင်းနှင့် ပြည်တွင်းလုံခြုံရေးများ တိုးမြှင့်လုပ်ဆောင်ကြောင်း လေဆိပ်တာဝန်ထမ်းဆောင်နေသော တာဝန်ကျ လုံခြုံရေးအရာရှိတစ်ဦးကပြောကြားသည်။ 

"ကျွန်တော်တို့ကို ပြည်တွင်းအ၀င် (Arrival)သမားတွေကို ဂရုတစိုက်စောင့်ကြည့်ခိုင်းထားတယ်။ ပထမတော့ ဘာကြောင့်မှန်းမသိဘူး။ ဟိုတစ်နေ့ကမှ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပြောပြတော့မှသိရတာ။" 



လေဆိပ်လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လေဆိပ်ရဲအရာရှိတစ်ဦးအားမေးမြန်းကြည့်ရာ "ဟုတ်ပါတယ်။ ကျွန်တော်တို့ အဲဒီသတင်းကို ရထားတာကြာပြီ။ ဒါကြောင့်လည်း လေဆိပ်လုံခြုံရေးတွေတင်းကြပ်ထားပါတယ်။ အဓိကတာဝန်ရှိတဲ့သူတွေကတော့ ကျွန်တော်တို့လို လုံခြုံရေးဝန်ထမ်းတွေပေါ့နော်။ ဒါပေမယ့် ပြည်သူတွေလဲပူးပေါင်းပါဝင်မှ ဖြစ်မှာပါ။ ဒီတော့ ပြည်သူတွေလည်း လုံခြုံရေးအသိ၊သတိရှိဖို့လိုပါတယ်။ ထူးခြားဖြစ်စဉ်တစ်ခုတွေ့လို့ရှိရင် နီးစပ်ရာတာဝန်ရှိသူတွေကို သတင်းပေးဖို့၊ စောင့်ကြည့်ပြီး ရဲစခန်းတွေကို တိုင်ကြားဖို့လိုပါတယ်"ဟုပြောကြားသွားသည်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ