စိမ်းလန်းမြေ ပရဟိတ အခမဲ့စာသင်ကျောင်း တည်ဆောက်မည့် အစီအစဉ်၏ ပထမဆုံးခြေလှမ်းအဖြစ် ၂၀၁၂ _ ၂၀၁၃ ပညာသင်နှစ်အတွက် ဆယ်တန်းကျောင်းသား/ကျောင်းသူ အယောက်(၂၀)အား ရွေးချယ်ခေါ်ယူ၍ ဆယ်တန်းတစ်နှစ်လုံးစာ အတွက် တာဝန်ယူပေး သွားမည် ဖြစ်ပါသည်။။ ထိုသို့ရွေးချယ်ခေါ်ယူ ပညာသင်စရိတ် ထောက်ပံ့ပေးရာတွင် ကျောင်းသား/ကျောင်းသူများ၏ ပညာရေးစရိတ်အဖြစ် တစ်ဦးလျှင် (၃၀၀၀၀/ိ) နှင့် နေထိုင်၊စားသောက်စရိတ်အတွက် တစ်ဦးလျှင် (၃၀၀၀၀/ိ) ထောက်ပံ့ပေးသွားရန် ရည်ရွယ်ထားပါသည်။။ ထိုသို့စီစဉ်ထားရာတွင် ကျောင်းသား/ ကျောင်းသူများ၏ ပညာသင်ကြားမှု၌ ဖိဖိစီးစီး၊ ထိထိရောက်ရောက် ရှိစေရေးအတွက် စိမ်းလန်းမြေ ပရဟိတအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး၏ အကူအညီဖြင့် ကျောင်းသားဆောင်စီစဉ်ပြီး ကျောင်းအိပ်၊ကျောင်းစား လေ့ကျင့်ပေးသွားမည် ဖြစ်ပါသည်။။
ထိုကဲ့သို့ကျောင်းသားဆောင် စီစဉ်ရာတွင် မိထ္ထီလာစက်မှုဇုန်အနီးမှ စီးပွားရေးတက္ကသိုလ် ကျောင်းသားဆောင်ဝင်း တစ်ခုကို တစ်လလျှင် ကျပ်(၅၀၀၀၀/ိ) နှုန်းဖြင့် ငှားရမ်းထားရှိပြီးဖြစ်ပါသည်။။ အဆိုပါကျောင်းသားဆောင်ဝင်း အတွင်းရှိ အဆောင်အချို့နှင့် ရေချိုးခန်း၊ အိမ်သာ စသည်တို့တွင် အနည်းငယ် ပြုပြင်မွမ်းမံရန် လိုအပ်နေပါသဖြင့် ပြုပြင်နိုင်ရန် တစ်ဦးခြင်းသော်လည်းကောင်း၊ စေတနာရှင်များ စုပေါင်း၍ သော်လည်းကောင်း ကုသိုလ်ပါဝင်နိုင်ကြပါရန် လေးစားစွာ အသိပေး တင်ပြအပ်ပါတယ်ခင်ဗျာ။။။

အိပ်ဆောင် (၂)ခု၊ ထမင်းစားဆောင်နှင့် စာကြည့်ဆောင်အဖြစ် အသုံးပြုနိုင်သော အဆောင်တစ်ခု၊ ရေချိုးကန်၊ အိမ်သာတို့ ပါဝင်သော စိမ်းလန်းမြေ အခမဲ့စာသင်ကျောင်းအဖြစ် စတင်မည့် နေရာ

ကျောင်းသားများ (သို့) ကျောင်းသူများ ထားရှိနိုင်သည့် တစ်ထပ်ခွဲတိုက်

အဆိုပါတစ်ထပ်ခွဲတိုက်၏ အပေါ်ထပ်မြင်ကွင်း

ကျောင်းသား(သို့) ကျောင်းသူများ ထားရှိနိုင်သည့် တစ်ထပ်ဆောင်(ပြုပြင်ရန် လိုအပ်)

တစ်ထပ်ဆောင် အတွင်းပိုင်းမြင်ကွင်း။။
အဆိုပါတစ်ထပ်ဆောင်အတွက် အတွင်းပိုင်းတွင် မြေဖို့ပြုပြင်ရန်၊ ပေါက်ပြဲထရံအချို့အား လဲလှယ်ပြင်ဆင်ရန်နှင့် အတွင်းပိုင်းတွင် လူနေရန် ကုတင် (သို့) ကုတင်မတတ်နိုင်ပါက ဝါးတိုင်၊ ဝါးတန်းဖြင့် ဝါးကြမ်းခင်း ဆင့်တစ်ခု ထိုးရန်လိုအပ်ပါသည်။။

ကျောင်းသူများ အသုံးပြုမည့် ရေချိုးခန်း

ရေချိုးခန်း အတွင်းပိုင်း မြင်ကွင်း

အိမ်သာ
အဆိုပါ ရေချိုးခန်းနှင့် အိမ်သာကို လက်ရှိအနေဖြင့် ကျောင်းသူများအတွက် အသုံးပြုသွားရန် ရည်ရွယ်ပါသည်။။ ကျောင်းသားများ အတွက်မူ တဖက် ကျောင်းဆောင်မှ ယောက်ျားလေးသုံး ရေချိုးခန်းနှင့် အိမ်သာများတွင် အသုံးပြုနိုင်ရန် စီစဉ်ထားပါသည်။။
ရေချိုးခန်းနှင့် အိမ်သာတို့ကို ပြုပြင်ရန်နှင့် ကာရံထားရန် ထရံများ လိုအပ်ပါသည်။။။
ထို့ကြောင့် ကျောင်းဆောင်ပြုပြင်ရန်နှင့် ရေချိုးခန်း၊ အိမ်သာပြုပြင်ရန်တို့အတွက် အလှူရှင်များ လိုအပ်နေပါသည်။။ စေတနာရှင် တစ်ဦးချင်းအနေဖြင့်သော် လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း လှူဒါန်းမှုများကို ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။။။
အကြမ်းဖျဉ်း တွက်ချက်မှုများအရ
မြေဖို့ရန် >>>>> မြေသယ်ကားတစ်စီး = ၁၅၀၀၀ /ိ (ခန့်မှန်း မြေသယ်ကား (၅)ခေါက်စာခန့် မြေဖို့ရန် လိုအပ်ပါသည်။။)
ပြုပြင်ရန် >>>>> ထရံတစ်ချပ် (ဒေသပေါက်ဈေး)= ၇၅၀၀ /ိ ( ခန့်မှန်း ထရံ (၁၀)ချပ်ခန့် လိုအပ်ပါသည်။။)
လူနေရန် >>>>> သစ်သားကုတင်တစ်လုံး = ၂၅၀၀၀ /ိ (ကျောင်းသား/ကျောင်းသူ (၂၀) ရွေးချယ်ထားသဖြင့် ကုတင်အလုံး(၂၀) လိုအပ်ပါသည်။။ အဆိုပါ ကုတင်များအား နောင်မြေကွက်ဝယ်ယူပြီး ကျောင်းဆောက်ပြီးပါက ဆက်လက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။။)
ဆက်သွယ်လှူဒါန်းချင်ရင်တော့…
- 0943180061 - Ma Thu Zar seinlanmyay.thuzar@gmail.com (မိတ္ထီလာ)
- 0949 259 158 - Ma cho cho - seinlanmyay.cho@gmail.com (ရန်ကုန်)
-၀၉၂၀၅၂၀၂၀ မန္တလေးအဖွဲ့ခွဲတာဝန်ခံ မအင်ကြင်း seinlanmyay.eingyinn@gmail.com(မန္တလေး)
- +6582375112 - Ma Htar Htar - seinlanmyay.evergreen@gmail.com(စင်္ကာပူ)
(POSB saving-133173030)
- +6581370971 - Ko Ye Naing - seinlanmyay.naytamann@gmail.com(စင်္ကာပူ)
- +60176071349 - Ma Nan -seinlanmyay.nsda@gmail.com(မလေးရှား)
- +79295357365 - Ko Tun - seinlanmyay.yh@gmail.com(မော်စကို)
- +79639647033 - Ko Tapate - seinlanmyay.tapate@gmail.com(မော်စကို)
- +79295472396 - Ko Soe Gyi - seinlanmyay.alinthit@gmail.com(မော်စကို)
Daw Khin Cho Cho Htun - ph-0949259158
Sein Lan Myay Bank Account Number - 0071220035558(ကမ္ဘောဇဘဏ်-Shwe Gon Tine Branch)
တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ကျွန်တော်တို့တတွေရဲ့ တစ်နေ့တာ မုန့်ဖိုးလေးကနေ လိုအပ်နေတဲ့သူတွေအတွက် အများကြီးအကျိုးဖြစ်စေတယ်ဆိုတာ ယုံကြည်ရင် သင့်ကိုလည်း စိမ်းလန်းမြေ ပရဟိတအဖွဲ့က ဝမ်းမြောက်စွာ လက်ကမ်းကြိုဆိုလျက်ပါ။။။
ကျွန်တော်တို့စိမ်းလန်းမြေပရဟိတ အဖွဲ့လေး ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့……
www.seinlanmyay.org
seinlanmyay forum
seinlznmyay facebook
seinlanmyay@gmail.com တို့တွင် လာရောက်ဆက်သွယ်နိုင်ပါသည်၊၊

1 ယောက် ဆွေးနွေးခဲ့တယ်:
ဒီလို...အလှူအတန်းလုပ်ဖို..ဖိတ်ခေါ်တာကြတော....ဘယ်မအေးလိုး သားအတိုက်အခံတွေကမှ....လာမအော်ကြပါလား.....မင်းတို.ကို မင်းတို...အလကားနေ ကန်.လန်.တိုက်နေတဲ.ကောင်တွေ....သူများရှေ.မှာ ကန်.လန်တိုက်ဖိုလောက်ပဲချောင်းနေတဲကောင်တွေ.....ဒီလိုမျိုးလုပ်ဖိုကြတော..အားပေးအားမြှောက်ပြုဖို...မေ.နေကြသလား...သေရင် ငရဲပြည်တောင် ရောက်မှာမဟုတ်ဘူး...မင်းတို.လိုကောင်တွေ...အိမ်သာထဲက လောက်ပဲဖြစ်မယ်.....မင်းတိုလိုကောင်စားမျိုး...အမျိုးအနွယ်တွေ...အားလုံး....ချီးစားတဲ.လောက်ပဲဖြစ်မယ်...နားလည်ကြလား...
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။