Feb 7, 2012

ဝန်ထမ်းများပျော်ဖို့  လစာတိုးရေး အတည်ပြုပြီ

လာမည့်ဘဏ္ဍာရေးနှစ်တွင် နိုင်ငံသားများ၊ ၀န်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြင့်ငွေများကို မဖြစ်မနေ တိုးမြှင့်ပေးရေးအပါအ၀င် အချက် ( ၆ ) ချက်ကို ယနေ့ကျင်းပနေသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက အဆိုတစ်ရပ် တင်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည် ။


 အဆိုပါ အဆိုကိုတင်သွင်းရာတွင် သူရဦးရေရွှမန်းက ကိုယ့်လုပ်အားကို အရင်းတည်ပြီး ဆရာ၊ ဆရာမများက အချိန်ပို ကျူရှင်ပြရတာ၊ ဆရာဝန်၊ သူနာပြုက ပြင်ပဆေးခန်းများမှာ ညဥ့်နက်သန်းခေါင်အထိ ဆောင်ရွက်နေရတာ၊ ရငွေ၊ လုပ်ခ၊ လစာနှင့် မလုံလောက်လို့ ပြင်ပနိုင်ငံများသို့ ထွက်ခွာ အလုပ်လုပ်ရတာ၊ ထိုသို့ လုပ်ရာတွင်လည်း မိမိပညာနှင့် အဆင့်အတန်းကို နှိမ့်ချပြီး လုပ်နေရတာတွေ ရှိနေဆဲဖြစ်ကြောင်း ၊ ၀န်ထမ်းများ လုပ်ငန်းခွင် ပျော်စေရေး၊ ကျောင်းသား များ ကျောင်းနေ ပျော်စေရေး၊ တပ်မတော်သားများ တပ်နေပျော်စေရေးတို့အတွက် တာဝန်နှင့် လုပ်ပိုင်ခွင့် အခွင့်အရေး၊ လုပ်ခ၊ လစာ၊ စရိတ်ချီးမြှင့်မှုများဟာ အဓိက သက်ဆိုင်နေတယ်ဆိုတာ သတိပြုရ မှာ ဖြစ်ပါကြောင်း ၊ အခြား အချို့ဌာနများမှ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများကလည်း လုပ်ခ၊ လစာနည်းတာကို အကြောင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက်စာတမ်းကြေး တောင်းယူခြင်းနှင့် အခြားမလျော်ကန်သော လာဘ်ပေး၊ လာဘ်ယူဆန်သည့် ပြုမူဆောင်ရွက်ခြင်းများကို နေရာအနှံ့ ဌာနစုအများစုလိုလိုပင် တစ်ခုမဟုတ်တစ်ခု ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတာကို ၀မ်းနည်းစွာ ကြားသိနေရပါကြောင်း ဖြင့်  ထည့်သွင်းပြောကြားသွားခဲ့ကြောင်း သိရှိရပါသည် ။



  ဥက္ကဋ္ဌ သူရဦးရွှေမန်း၏  အဆိုကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစောလှထွန်းနှင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဒေါ်နန်းဝါနုတို့ ထောက်ခံ ခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးက ကန့်ကွက်သူမရှိ သဘောတူညီခဲ့သည့်အတွက် အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ကြကြောင်းသတင်းရရှိပါသည် ။
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အင်း...သာဓုပါဗျာ.....

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ