ပြည်သူ့လွတ်တော်၏ WEBSITE ( http://www.pyithuhluttaw.gov.mm )
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲလာသော နိုင်ငံရေးပွင့်လင်းမှုနှင့်အတူ အစိုးရဌာနအသီးသီးမှ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်များလွှတ်တင်ပြီး ၄င်းတို့၏ လုပ်ဆောင်ချက်များ သတင်းများကို ပြည်သူများ သိရှိစေရန်နှင့် လိုအပ်ပါက အသုံးပြုနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။
သမ္မတရုံး၊ ၀န်ကြီးဌာနအချို့နှင့် ဦးစီးဌာနများမှ ၀က်ဘ်ဆိုဒ်များလွှတ်တင်လျက်ရှိရာ ယခုအချိန်တွင် နိုင်ငံ၏ ထိပ်တန်းအာဏာပိုင်အဖွဲ့အစည်း တစ်ခုဖြစ်သော ပြည်သူ့လွှတ်တော်မှ ၄င်းတို့ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်ကို စမ်းသပ်လွှင့်တင်လိုက်ပြီဖြစ်သည်။ ကဏ္ဍများအနေဖြင့် အဖွင့်စာမျက်နှာ၊ သတင်းနှင့် ပြန်ကြားရေး၊ အစည်းအဝေးများ၊ ကိုယ်စားလှယ်များ၊ ကော်မတီ/ကော်မရှင်များ၊ ဥပဒေဆိုင်ရာများပါဝင်ပြီး Features များအနေဖြင့် အစည်းအဝေးများကို ရက်အလိုက်ရှာဖွေနိုင်သည့် ပြက္ခဒိန် ပါဝင်ပြီး အီးမေးလ်ပေးပို့နိုင်ခြင်း Law Database, Audio Database များကို ထည့်သွင်းပေးထားကြောင်းသိရှိရသည်။ ယခုလို ပွင့်လင်းမြင်သာမှုရှိသော အပြုအမူမျိုးကို ကြိုဆိုရမည့်အပြင် ပြည်သူများနှင့် တိုက်ရိုက်အလွယ်တကူ ဆက်သွယ်နိုင်အောင် ပြုလုပ်ပေးထားခြင်းကို လှိုက်လှဲစွာ ၀မ်းမြောက်ဝမ်းသာဖြစ်မိပြီး အင်တာနက်သုံးစွဲ သူပြည်သူများက ထောက်ခံအားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။