Nov 13, 2012

မြန်မာနိုင်ငံမှ အာရှနှင့် အာဆီယံ နိုင်ငံတကာဆက်သွယ်မှု လမ်းများ ဖောက်လုပ်နေ

ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အထိ (၅) နှစ် စီမံကိန်းဖြင့် ဆောင်ရွက်မည့် လမ်းနှင့် တံတားများကို ဒုတိယနှစ်ဖြစ်သော ယခုဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ အထူးအဖွဲ့၊ ခရိုင်အဖွဲ့၊ မြို့နယ်အဖွဲ့နှင့် လုပ်ငန်းရှင်ဆောက်လုပ်ရေး ကုမ္ပဏီများ ပါဝင်သော အဖွဲ့ပေါင်း ၆၇၉ ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

 ယင်းအစီအစဉ်အရ ယခု ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် နိုင်ငံတကာ ဆက်သွယ်မှု လမ်းမှ အာဆီယံနှင့် အာရှလမ်းမကြီးအတွင်း ပါဝင်သည့် နမ့်ဆန်-ကွမ်ဟိန်း-တာကော်-မိုင်းပြင်း-ကျိုင်းတုံ ကားလမ်း မိုင်အရှည် ၂၁ဝ ဒသမ ၄ မိုင်ကို ဆောက်လုပ်ရေးနှင့် ကုမ္ပဏီအဖွဲ့ပေါင်း ၁၃ ဖွဲ့က ရရှိသည့် ရန်ပုံငွေ ကျပ်သန်း ၆၁၁၄ သန်းဖြင့်လည်းကောင်း၊ မုံရွာပုလဲ-ဂန့်ဂေါ ကားလမ်းမိုင်အရှည် ၁၁၂ မိုင်ကို ဆောက်လုပ်ရေးနှင့် ကုမ္ပဏီအဖွဲ့ ၁၃ ဖွဲ့ကရရှိ ရန်ပုံငွေ ကျပ်သန်း ၂၇၅ဝ သန်းဖြင့်လည်းကောင်း၊ ကလေးဝ-ဂန့်ဂေါ လမ်းမိုင်အရှည် ၈၃ မိုင်ကို ဆောက်လုပ်ရေးအဖွဲ့သုံးဖွဲ့၊ ကုမ္ပဏီအဖွဲ့ငါးဖွဲ့ ပေါင်းရှစ်ဖွဲ့တို့က ရရှိရန်ပုံငွေ ကျပ်သန်း ၃၃ဝ၇ သန်းဖြင့်လည်းကောင်း အသီးသီး ဆောင်ရွက်လျက် ရှိကြသည်။

 ထို့အတူ အာဆီယံ လမ်းမကြီး အပိုင်းတွင် ပါဝင်သည့် ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း လမ်းမိုင်အရှည် ၆၂ဝ ဒသမ ၂ မိုင်ကို ဆောက်လုပ်ရေးနှင့် ကုမ္ပဏီအဖွဲ့ ခြောက်ဖွဲ့က ရရှိရန် ရန်ပုံငွေ ကျပ်သန်း ၁၄၄ဝ၂ သန်းဖြင့် လည်းကောင်း၊ လွိုင်လင်-ပန်ကေတု-သီပေါ လမ်းမိုင်အရှည် ၁၄၉ ဒသမ ၂ မိုင်ကို ဆောက်လုပ်ရေးအဖွဲ့ နှစ်ဖွဲ့က ရရှိရန်ပုံငွေ ကျပ်သန်း ၃၃၇၈ ဒသမ ၇၃ သန်းဖြင့် လည်းကောင်း ဆောင်ရွက်လျက် ရှိသည်။

ထို့အတူ ဘင်းမ်စတက်လမ်းမကြီး အပိုင်းတွင် ပါဝင်သော ပခုက္ကူ-ပေါက်ထီလင်း-ဂန့်ဂေါ လမ်းမိုင်အရှည် ၁၂၃ ဒသမ ၁ မိုင် လမ်းအား ဆောက်လုပ်ရေးအဖွဲ့ နှစ်ဖွဲ့က ရရှိ ရန်ပုံငွေ ကျပ်သန်း ၃ဝဝ ဖြင့် လည်းကောင်း၊ လီဒိုလမ်းမကြီးအပိုင်းတွင် ပါဝင်သော မြစ်ကြီးနား-တနိုင်း-ပန်းတောင်းလမ်း မိုင်အရှည် ၁ဝ၈ မိုင် လေးဖာလုံကို ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့က ရရှိရန် ပုံငွေကျပ်သန်း ၂၅ဝ ဖြင့်လည်းကောင်း၊ သုံးနိုင်ငံ လမ်းမကြီးအပိုင်းတွင် ပါဝင်သော မုံရွာ-ယာကြီး-ကလေးဝ လမ်းမိုင်အရှည် ၁၁၅ ဒသမ ၅ မိုင်ကို ဆောက်လုပ်ရေးအဖွဲ့ သုံးဖွဲ့က ရရှိရန် ရန်ပုံငွေ ကျပ်သန်း ၅ဝဝ ဖြင့်လည်းကောင်း၊ အာဆီယံ လမ်းအပိုင်းတွင် ပါဝင်သော ဘားအံ-ကော့ကရိတ်-မြဝတီလမ်း မိုင်အရှည် ၁ဝ၂ မိုင်ကို ဆောက်လုပ်ရေး အဖွဲ့နှစ်ဖွဲ့က ရရှိရန်ပုံငွေ ကျပ်သန်း ၁ဝဝဝ ဖြင့်လည်းကောင်း အသီးသီး ဆောင်ရွက်လျက် ရှိနေကြသည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
(မောင်ကျောက်ခဲ အဖွဲ့)
_____________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ