Nov 15, 2012

တကယ်ဝေးခဲ့ပြီ ပန်းခရမ်းပြာ..

FROM: Mgchaint Wynn :
 ကျွန်တော်လူပျိုပေါက် အသက်၁၆နှစ်ကာလမှာ တက္ကသိုလ်ကို ရောက်တော့ အင်းလျားကန်ဆိုတာ သိချင်လာတယ်။ ဦးချစ်ဆိုင်ဆိုတာ သိချင်လာတယ်။ အဆောင်တွေမှာ သီချင်းတွေ သီဆိုချင်လာတယ်။ အဲဒိအချိန်မှာ ကျွန်တော်တို့အတွက် နားထောင်လို့ကောင်းပြီး အဆောင်ရှေ့မှာ ဆိုလိုကောင်းတဲ့ မဟာဆန်သူ ခင်မောင်တိုးဆိုတဲ့ သီချင်းခွေထွက်လာတာပေါ့။

ဒီလိုနဲ့ ကျွန်တော်တို့တစ်တွေ ကိုယ်ပိုင်သံစဉ်သီချင်းတွေကို စတင်ရင်းနှီးလာခဲ့တယ်။ ကိုယ်ပိုင်သံစဉ်သီချင်းစာသားလေးတွေရဲ့ ကဗျာဆန်မှု အနုပညာမြောက်မှုတွေကို တွေးသိလာရတယ်။ ကျွန်တော်တို့ကို မိတ်ဆက်ပေးလာတာကတော့ ခင်မောင်တိုး ဆိုတဲ့ အဆိုတော်နဲ့ မဇ္ဈိမလှိုင်းဆိုတဲ့ ဂီတအဖွဲ့ပဲ။ သူတို့ကြောင့် ကိုခင်ဝမ်းကို သိလာတယ်။ သူ့ကြောင့် ပန်းခရမ်းပြာဆိုတဲ့ လဘက်ရည်ဆိုင်လေးကို ရင်းနှီးလာရတယ်။ ပန်းခရမ်းပြာလဘက်ရည်ဆိုင်မှာ ထိုင်လိုက်ရင်ကိုပဲ အနုပညာလှိုင်းတွေပဲ စီးမျှောလာသလိုလိုပေါ့။

ဒီလိုနဲ့ ကျွန်တော်တို့တစ်တွေကို အရင်တုန်းက ထွက်ခဲ့တဲ့ စောင်းကြိုးရှိုက်သံ အဉ္ဇလီအတွက် အဉ္ဇလီ စတဲ့ သီချင်းတွေ ရင်းနှိးလာပြန်ရတယ်။

ကျွန်တော်တို့လို လူလတ်ပိုင်းတွေတင်မကပဲ ယနေ့ခေတ်လူငယ်တွေကြားမှာလည်း သီချင်းဂီတကို မြတ်နိုးလာတဲ့သူတွေ ကိုခင်မောင်တိုးရဲ့ သီချင်းတွေကို သီဆိုလာကြတယ်။

ပိုပြီးတော့ ဂုဏ်ယူမိတာက သူက ကျွန်တော်တို့ရဲ့ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းကြီးလေ။

ဒီနှစ်ဆန်းပိုင်းမှာ သူတို့တစ်တွေ ၁၉၇၂ ခုနှစ် ကျောင်းပြီးတဲ့သူတွေ သူတို့ရဲ့ဆရာဆရာမတွေကို ကန့်တောတဲ့ပွဲမှာ သူတို့ သူငယ်ချင်းတွေ ပြန်စုဝေးပြီး သမုဒယကျောင်းဆိုတဲ့ ဗွီဒီယိုကို နှစ်၅ဝ အထိမ်းအမှတ်လုပ်ဖို့ ဝိုင်းဝန်းလုပ်ကိုင်လာကြတယ်။ ကိုစိန်ဝင်း (ပုတီးကုန်း )က ကဗျာဆရာဆိုတော့ သူ့ရဲ့ ကဗျာပေါ့။ ဦးဝင်းထိန်ဦးကဦးစီးဦးဆောင်လုပ်လို့ ကိုခင်မောင်တိုးကြီးက သီဆိုတဲ့ နန်းခင်ဇေယျာ နဲ့ အဖွဲ့ သရုပ်ဆောင်တဲ့ သမုဒယကျောင်းအခွေ ထွက်လာခဲပါတယ်။
အန်ကယ်ဦးဝင်းထိန် နဲ့ သူရဲ့သူငယ်ချင်း ဦးဥာဏ်က ပြောပြောနေတယ်။ ကိုတိုးကြိးက ဒီဒီဇင်ဘာလဆရာကန်တော့ပွဲမှာ သီချင်းဆိုချင်သေးတာလို့ပြောတယ်တဲ့။

ပြီးခဲ့တဲ့ အပတ် ၉ ရက်နေ့က ကိုခင်မောင်တိုးကွယ်လွန်ပြီဆိုပြီး ကောလဟလထွက်တော့ ဦးဥာဏ်နဲ့ စကားပြောဖြစ်တယ်။ အဲဒီနေ့က ဆီးတွေ တော်တော်များများသွားပြီး အီးတွေလဲ ပေါက်တယ်တဲ့။ နဲနဲ ကောင်းလာပြီ၊ သင်္ကန်းကပ်ချင်တယ်လို့ ဆိုပါတယ်။ ညနေကျတော့ ကိုတိုးကြီးက သင်္ကန်း ၃ စုံကပ်ခဲ့တယ်။ အခြေအနေ ဘယ်လိုလဲဆိုတော့ သိပ်တော့ မမျှော်လင့်နဲ့ပေါ့ကွာတဲ့။ အသည်းသွားတဲ သွေးကြော ၃ ခုက ခြောက်နေပြီလို့ ပြောတယ်။ ၅ဝ-၅ဝပဲတဲ့ ဆုတောင်းပေးရုံကလွဲပြီး ဘာတတ်နိုင်မှာလဲကွာလို့ သူကိုနေ့စဉ်သွားပြီး အားပေးနေတဲ့ သူငယ်ချင်းက ဝမ်းနည်းသံနဲ့ ပြောပြလေရဲ့...

အခုတော့ သူတကယ်ပဲ မိသားစုကိုလည်း ခွဲသွားပါပြီ။ သူငယ်ချင်းတွေကိုလည်း ထားရစ်ခဲ့ပါပြီ။ သူကို ချစ်မြတ်နိုးတဲ့ သူရဲ့ပရိတ်သတ်ကိုလည်း ထာဝရ နှုတ်ဆက်သွားပါပြီ။

ဝေးခဲ့ပြီး ပန်းခရမ်းပြာရေ....... တကယ်ကို ဝေးသွားပြီပေါ့။ သေချာပါတယ်။ ကျွန်တော်တို့ရင်ထဲမှာတော့ ကိုတိုးကြီးရဲ့ သီချင်းတွေ ရှိနေအုန်းမှာပါ။

ကောင်းရာသုဂတိလားပါစေ ကိုခင်မောင်တိုးရေ...

ကျေးဇူးပြုပြီး  RIP လို့ မပြောပါနဲ့ဗျာ။ ကောင်းရာသုဂတိလားပါစေလို့သာ ဆုတောင်းပေးပါနော်။(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ