Nov 12, 2012

အိန္ဒိယ နိုင်ငံသို့ ဒုတိ ယမြောက် ဖရီးဂိတ် စစ်သင်္ဘော ရုရှား ပေးပို့

From:.မြဝတီ...//_
အိန္ဒိယ နိုင်ငံအတွက် စာချုပ်ချုပ် ဆိုထားသော ကိုယ်ပျောက် Stealth ဖရီး ဂိတ် စစ်သင်္ဘော သုံးစင်း အနက် ဒုတိ ယမြောက် Stealth ဖရီးဂိတ် စစ် သင်္ဘောကို ရုရှား နိုင်ငံ ကာလင် နင်ဂရက်မြို့ ယန်တာ သင်္ဘော ကျင်းမှ နိုဝင်ဘာ ၉ ရက်က အိန္ဒိယ ရေတပ်သို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း အင်တာနက် သတင်း တစ်ပုဒ် အရ သိရသည်။

အဆိုပါ စစ်သင်္ဘော လွှဲပြောင်း ပေးအပ်သည့် အခမ်း အနားကို ကာလင် နင်ဂရက်တွင် ကျင်းပ ခဲ့ပြီး ၎င်းအခမ်း အနားသို့ ရုရှားနှင့် အိန္ဒိယ နိုင်ငံတို့မှ စစ်ဘက် ဆိုင်ရာ  အဆင့်မြင့် အရာရှိ ကြီးများ တက်ရောက် ခဲ့ကြသည်။

ရုရှား နိုင်ငံသည် အိန္ဒိယ နိုင်ငံအတွက် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ အဆင့်မြင့် ပဲ့ထိန်းဒုံး ကျည်တင် ဖရီးဂိတ် စစ်သင်္ဘော သုံးစင်းကို တည်ဆောက် ပေးရန် ၂ဝဝ၆ ခုနှစ်က လက်မှတ် ရေးထိုး ခဲ့ကြသည်။ ပထမဆုံး ဖရီးဂိတ် စစ်သင်္ဘောကို ယခုနှစ် ဧပြီ ၂၇ ရက်က လွှဲပြောင်း ပေးအပ် ခဲ့ပြီး ဖြစ်သည်။

ဖရီးဂိတ် စစ်သင်္ဘော သုံးစင်း အနက် နောက်ဆုံးကျန် ရှိသည့် တတိယ မြောက် ဖရီးဂိတ် စစ်သင်္ဘောကို သင်္ဘော ကျင်းတွင် တည်ဆောက်လျက် ရှိပြီး ဘောလ်တစ် ပင်လယ်တွင် ပင်လယ်ပြင် စမ်း သပ် မောင်းနှင် မှုများ ပြု လုပ် ပြီးနောက် ၂ဝ၁၃ ခုနှစ် နွေရာသီတွင် အိန္ဒိယ နိုင်ငံသို့ လွှဲပြောင်း ပေးသွား မည် ဖြစ်သည်။

ဖရီးဂိတ် စစ်သင်္ဘောတွင် ဗရာမို့စ် ခရုစ် ဒုံးကျည် ရှစ်စင်း၊ ၁ဝဝ မီလီမီတာစက်အမြောက် တစ်လက်၊ ရှာ တယ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် တစ်ခု၊ ကက်ရှ်တပ် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စက် အမြောက်စနစ် နှစ်ခု၊ ၅၃၃ မီလီမီတာ နှစ်လုံးတွဲ တော်ပီဒို ပစ်စင် နှစ်ခုနှင့်  ရေငုပ် သင်္ဘော တိုက်ဖျက်ရေး ရဟတ် ယာဉ် တစ်စင်း တို့ကိုလည်း  တပ်ဆင် ထား ကြောင်း သိရသည်။
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ