Nov 14, 2012

ကျားဖြူ ပါတီမှ နယ်မြေခံ တပ်အပေါ် သတင်းချဲ့ကား စွပ်စွဲမှုအပေါ် ဒေသခံပြည် သူလူထုမှ မကျေနပ်

သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ သီတင်းကျွတ် မီးထွန်းပွဲတော် ၌ ဒေသခံပြည် သူ များနှင့် နယ်မြေ ခံတပ်မှ အရာရှိ/စစ်သည် များ ပျော်ရွှ့င်စွာပါဝင် ဆင်နွှဲကြရာမှ နယ်မြေခံတပ်မှ အရာရှိတစ်ဦးပစ်လွှတ် သောမီးရှူးမီးပန်း သည် ဇာတ်ရုံစင်မြင့် နဖူးစည်းစာတမ်းအား မတော်တဆ ထိမှန်ေ ပါက်ပြဲ သွားသည့် ဖြစ်စဉ်အား ကျားဖြူပါတီမှ သျှမ်းသံ တော် ဆင့် သတင်းဌာနတွင် ချဲ့ကားသတင်း လွှင့်ခဲ့သဖြင့် မြို့မိမြို့ဖများမှ နယ်မြေခံတပ် စခန်းအပေါ် အားနာမျက်နှာပူရကြောင်း ပြောပါသည်။ 

"မီးထွန်းပွဲတော်မှ မီးရှူးမီးပန်းပစ်တာက ဒီဒေသမှာ ထုံးစံပါပဲ၊ လူငယ်တွေ ကလေးတွေအားလုံးပစ်ကြတာ၊ ဒီဗိုလ်ကြီး ကလည်း မီးရှူးမီးပန်းကို အပျော်ဖောက်တာပါ။ အရက်မူးပြီးဖြစ်တာလည်း မဟုတ်ပါဘူး။ မထင် မှတ်ပဲ မီးရှူးက ဇာတ် စင်နဖူးစည်းကို သွားမှန်လို့ပေါက်ပြဲသွားရုံပါ ကြီးကြီးမားမား ပျက်စီးတာလည်း မဟုတ်၊ ပွဲကို အနှောက်အယှက် လဲမဖြစ်ပါဘူး။ တစ်ချို့သူတွေက သတိတောင်မထားခဲ့မိကြဘူး၊ လူအ များ နဲ ကဆင်နွဲတဲ့ ပွဲတော်မှာ မတော်တဆဖြစ် တယ်ဆိုတာ အမြဲတမ်းအနည်းနဲ့ အများေ တာ့ ဖြစ် တတ်ကြပါတယ်။" လို့ ပုံပါကျင်ဒေသခံတစ်ဦးမှ ပြောပြပါသည်။

 ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကာယကံရှင် ဗိုလ်ကြီးမှ မြို့မိမြို့ဖများအား လာရောက်တောင်းပန်ပြီး နဖူး စည်းစာတမ်းအား အသစ်လဲလှယ်ပေး ခဲ့ကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ ပြသနာတစ်စုံတစ်ရာ မရှိဘဲ အားလုံး မှ လည်း နားလည်ကျေနပ်ပြီး ဖြစ်ကြောင်း၊ မီးထွန်းပွဲတော်ကိုလည်း အနှောင့် အယှက်မရှိ ဆက် လက် ကျင်းပနိုင်ခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောပြ ပါသည်။ 

"ဒီနယ်မြေခံဗျူဟာစခန်းက မြို့မှာလိုအပ်တဲ့ သာရေးနာရေးတွေဆို အမြဲတမ်းကူညီနေကြ အခုလက်ရှိ ဆိုရင်လည်း မြို့အ.ထ.ကကျောင်းမှာ ကလေးတွေအတွက် အိမ်သာမရှိတာကို အုပ်နဲ့ယင်လုံအိမ်သာ(၅) လုံးဆောက်ေ ပးနေတယ်။ လိုအပ်တာမှန်သမျှ ဒီဗျူဟာစခန်းက ဗျူဟာမှူးနဲ့တပည့်တွေကလည်း ကူညီေ ပးနေတာပါ၊ ရဲဘော်တွေဆိုရင် ကိုယ်တိုင်အိမ်သာကျင်းတူးပြီး လုပ်အားပေးကြတယ်။ မယက ရုံး နား က ဓမ္မာရုံ ဆိုရင်လည်း ပျက်စီးနေတာကို တပ်ကဘဲပြင်ပေးနေတာ အဲ့လိုလုပ်ပေးနေတာကိုတော့ သူတို့ (ကျားဖြူပါတီ)က ဘာမှဝိုင်းဝန်းဆောင်ရွက်ပေးတာမရှိဘဲ အခုဘာမဟုတ်တဲ့ ကိစ္စလေးကို ချဲ့ကားသတင်း လွှင့်ခဲ့တဲ့ အတွက် နယ်မြေခံဗျူဟာမှူးနဲ့ အရာရှိစစ်သည်တွေကို သူတို့ကိုယ်စား ကျွန်တော်တို့ မြို့မိမြို့ ဖေ တွက မျက်နှာပူရပါတယ်။ ဒီကိစ္စကို အားလုံးစုပြီး ပြန်တောင်းပန်ဖို့ အစီအစဉ်ရှိပါတယ်"လို့ မြို့မိမြို့ ဖတစ် ဦး မှ ပြောပြပါသည်။

 (မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ