Nov 16, 2012

ဘဏ်ကိုပိုက်ဆံပို့တဲ့ကားနဲ့ အချုပ်သားတွေ တင်လာတဲ့ ကားကို ကေအိုင်အေ မိုင်းခွဲပြီး တိုက်ခိုက်ပြန်ပြီ

ဖားကန့်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ မြစ်ကြီးနားမြို့မြန်မာ့စီးပွားရေးသို့ ပို့ဆောင်ရန် ဘဏ်ငွေများနှင့် အကျဉ်သားများ များအား ဖားကန့်မှ မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်မည့်တရားခံ (၁၈၆)ဦးအား ပို့ဆောင်ရန် ထွက်ခွာလာရာမနေ့မနက် နံနက်(၁၀)နာရီခန့် တွင် KIAတပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၆)မှ တပ်ဖွဲ့တစ်ဖွဲ့ဟာ မော်တော်ယာဉ်တန်းနဲ့ အဝေးထိန်းစနစ်ဖြင့်မိုင်း(၂)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ပါတယ်။


     (၅)မိုင်ကျေးရွာမှာလုံခြုံရေးဆောင်ရွက်နေတဲ့ အစိုးရစစ်တပ်ကပြန်လည် တိုက်ခိုက်ခဲ့တဲ့ ပါတယ်။ အဲဒီနောက် နိုင်ငံတော်ပိုင်ငွေကြေးနဲ့ အကျဉ်းထောင်သားတွေပါဝင်တဲ့ ယာဉ်တန်းအား နန့်ယားကျေးရွာအထွက်မှာ KIA တပ်ဖွဲ့တွေရဲ့ နှောင့်ယှက် တိုက်ခိုက်ခြင်းကို ထပ်မံခံရပါတယ်။

KIO/KIA အဖွဲ့အစည်း၏ငွေပင်ငွေရင်းဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်းတွေဆီက အတင်းအကြပ် ဆက်ကောက်ခံခြင်းဖြစ်နေပါတယ်။ ယခုလအတွင်းမှာဘဲ ကုမ္ပဏီတွေဆီက အခုလအတွင်းမှ သိန်းပေါင်း ၆၀၀၀၀ ကျော်တောင်းခဲ့ကြောင်းသိရပါသည်။ အခုလိုဘဏ်ငွေသယ်တဲ့ ယာဉ်တန်းကို တိုက်ခိုက်တာဟာ အစိုးရငွေတွေကို လူယူဖို့အတွက်ဖြစ်နိုင်ပါတယ်။

ဒါအပြင် အကျဉ်းသားတွေပါ အဲဒီယာဉ်တန်းမှာ ပါဝင်နေတဲ့အတွက် ၄င်းတို့ တပ်ဖွဲ့ဝင်တွေအထဲက မူးယစ်ဆေးဝါးမှုနဲ့ ပြစ်ဒဏ်ကျ ခံရမယ့်သူတွေကိုကယ်တင်ဖို့ ဖြစ်နိုင်တယ်လို့ ၅ မိုင်ရွာက လူတွေက  ပြောပါတယ်။ KIA လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်မှာပါတဲ့အကျဉ်းသား (၃)ဦး သေဆုံးပြီး (၂၀)ဦးဒဏ်ရာ ရရှိခဲ့ တယ်လို့သိရှိရပါတယ်။

(မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

HEIN said...

သေချင်းဆိုးတွေကတော့ တော်တော်ဂျိုထောင်နေတယ်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ