တရုတ်နိုင်ငံက လာမည့် ၂၀၁၃ ခုနှစ်တွင် လူလိုက်ပါမည့် အာကာသယာဉ်တစ်စင်းကို ထပ်မံလွှတ်တင်ရန် စီစဉ်ထားကြောင်း ဒေသဆိုင်ရာ မီဒီယာများက နိုဝင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ အာကာသယာဉ်တွင် အာကာသယာဉ်မှူးသုံးဦး လိုက်ပါမည်ဖြစ်ပြီး ၄င်းအာကာသယာဉ်မှူးသုံးဦးမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား နှစ်ဦးတို့ဖြစ်ကြောင်း အာကာသယာဉ်လွှတ်တင်ရေး အစီအစဉ်၏ တာဝန်ခံအရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားသည်။ ရှန်ကျို့-၉လူလိုက်ပါသည့်အာကာသယာဉ်လွှတ်တင်ခဲ့ပြီးနောက်နောက်ထပ်လူလိုက်ပါမည့်အာကာသယာဉ်ကိုထပ်မံလွှတ်တင်ရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
(မောင်ကျောက်ခဲ အဖွဲ့)

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။