Nov 12, 2012

တောင်ကုတ်မှာ ဒေါသထွက်နေတဲ့ ရခိုင်မျိုးချစ်များက NLD ပါတီဆိုင်းဘုတ်ကိုဖြုတ် အလံကိုမီးရှို့ခဲ့

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၏ ကျေးရွာ  ရုံးတစ်ရုံး
တိုက်ခိုက် ခံခဲ့ရပြီး ပါတီ အလံလည်း မီးရှို့ ဖျက်ဆီး ခံရသည်ဟု သတင်း ရရှိသည်။


“ ဒီနေ့ နိုဝင်္ဘာလ ၁၀ ရက်နေ့ နံနက် ၉နာရီခွဲလောက်က တောင်ကုတ်မြို့နယ် ငရုတ်တောင်ကျေးရွာ NLD ရုံးက ဆိုင်းဘုတ်ပေါ်မှာ ထောင်ထားတဲ့ NLD အလံကို ငရုတ်တောင်ရွာက လာဖြုတ်ပြီး အစိတ် စိတ်အမွှာမွှာ ဆုတ်ဖြဲတယ်ဗျာ။ ပြီးတော့အလံကို မီးရှို့ဖျက်ဆီးတယ်ဗျာ” ဟု တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ပြည်နယ်စီး အဖွဲ့ဝင် ကိုမင်းအောင်က မချိတင်ကဲ လေသံနှင့် ပြောသည်။

အဖွဲ့ချုပ်၏အလံကို မီးရှို့ မီးရှို့ဖျက်ဆီးသည့် အမှုနှင့် ပတ်သက်ပြီး  မြို့နယ်ရဲမှူးကို တိုင်တန်း ထားသည်ဟု ကိုမင်းအောင်က ဆက်ပြောသည်။

“ ကျွန်တော်တို့ မနေ့က ညနေ ၅ နာရီလောက်မှာ မြို့နယ်ရဲမှူးကို အကြောင်းကြားထားပါတယ်။ မြို့နယ် ရဲစခန်းမှာလဲ မအားလပ်ကြဘူး။ ဒီနေ့ဘဲ ပြည်ထဲရေးဝန်ကြီးဌာနက ဒုရဲမှူးကြီး ရောက်မယ်ဆိုတဲ့ အတွက် စောင့်ဆိုင်း ကြိုဆိုနေကြတာ ည ၆ နာရီအချိန်ထိတော့ မရောက်သေးဘူး။
ဒါပေမယ့် မြို့နယ်ရဲမှူးကတော့ လမူးရဲစခန်းမှူးဆီကို အရေးယူဖို့ အကြောင်းကြားထားပြီလို့ ပြောပါတယ်” ဟု ဆိုသည်။

ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး ရွာသား တစ်ဦး မေးမြန်းရာ တိုက်ခိုက် ဖျက်ဆီးသူမှာ အဆိုပါ ကျေးရွာမှ ကိုအောင်သိန်းရွှေ ဆိုသူ ဖြစ်ကြောင်း ပြောဆိုသည်။

“ NLD အလံကို မီးရှို့ဖျက်စီးခံရတဲ့ အကြောင်းကို မြို့နယ် အဖွဲ့ချုပ်ကို သတင်းပို့ထားပါတယ်” ဟု မေးမြန်းစဉ် ငရုတ်တောင် ကျေးရွာရှိ ဒီချုပ်ပါတီဝင် တစ်ဦးက ပြောသည်။

မည်သည့်အတွက်ကြောင့် ယခုလို တိုက်ခိုက်သည်ကို မသိရသေးကြောင်း NLD ပါတီဝင်များက ပြောသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂလီတို့၏ ကျူးကျော်ရန်စမှူများ ရှိနေစဉ်ကတည်းက တာဝန်ရှိသူများ ၊ နိုင်ငံရေး ပါတီများ အလှူရှင် ပြည်သူများရောက်ရှိလာသော်လည်း NLD ပါတီကမူ ဆိတ်ဆိတ်နေပြီး ရွှာစဉ်လှည့်လည်ပြီး ဆိုင်းဘုတ်တင်ပွဲများ ရှိနေခဲ့ခြင်းကြောင့် ရခိုင်တိုင်းရင်းသားတို့၏ အမြင်ကတ်ခြင်းကို ခံနေရသည် ။
ရခိုင်ပြည်မီးလောင်နေစဉ် ဒေါ်စုမှ ရိုဟင်ဂျာလှုပ်ရှားရေး အဖွဲ့တွေနဲ့ တွေ့ဆုံနေ

ထို့အပြင် ရခိုင်အရေးကိစ္စတွင် ဘင်္ဂလီများဘက်မှ နေပြီး ကာကွယ်ပြောခြင်းနှင့် ရခိုင်တိုင်း၇င်းသားတို့ ယူဆထားသည့် ကြိုးကိုင်နေသည့် ဗလီဆရာများ ဘင်္ဂလီကုန်သည်များကိုတော့ ဒေါ်စုမှ ရင်သပ်ကာ သူမ အနေဖြင့် ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အတွက် ရခိုင်တပြည်နယ်လုံး ဒေါ်စုကို မုန်းတီးရေး များပြာနေကြောင်း မောင်ကျောက်ခဲ အဖွဲ့ဝင် ကိုထွန်းလှကျော်မှပြောဆိုလာပါတယ် ။
ရခိုင်ပြည်မှာ ဒုက္ခရောက်နေချိန် ဒေါ်စုက အင်္ဂလန်ပြည်မှာ အနမ်းတွေအလန်းတွေနဲ့

ရခိုင်မှာ ဘင်္ဂလီမီးရို့တဲ့နေ့မှာ ဒေါ်စုက ဘင်္ဂလီဗလီဆရာတွေကို နှစ်သိမ့်ပြီး ရခိုင်တွေကို ကုလားတွေပေါ်ငြာတာပါလို့ လူသိရှင်ကြားထုတ်ဖော်ပြောခဲ့

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ