Nov 15, 2012

ရုရှား နိုင်ငံ၏ Sukhoi လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီသည် တိုက်ခိုက်ရေး UAVများကို ထုတ်လုပ်မည်

From:..မြဝတီ....//
ရုရှားနိုင်ငံ၏ Sukhoi လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီသည် လာမည့် အနာဂတ်တွင် ကင်းထောက်ခြင်းနှင့် တိုက် ခိုက်ရေး မောင်း သူမဲ့ လေ ယာဉ် UAVများကို တည်ဆောက် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း ရုရှား နိုင်ငံ၏ လေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Mikhail Pogosyan က တရုတ် နိုင်ငံ၌ နိုဝင်ဘာလ ၁၃ ရက် နေ့က ပြုလုပ်သည့် Zhuhai လေကြောင်း ပြပွဲတွင် ပြောကြား ခဲ့သည်ဟု Newsnow သတင်း တစ်ရပ် အရ သိရှိ ရပါသည်။

Sukhoi ကုမ္ပဏီသည် ယခင်က မြေပြင် တိုက်ခိုက်ရေးနှင့် ကြားဖြတ် တိုက်ခိုက်ရေး တိုက်လေယာဉ် များကို ဒီဇိုင်း ရေးဆွဲ ထုတ်လုပ် ခဲ့သော် လည်း လက်ရှိ အချိန်တွင် အရပ်ဘက်သုံး လေယာဉ် များကို တည်ဆောက်လျက် ရှိကြောင်း သိရှိ ရပါသည်။ UAV များ သည် လေ ယာဉ် ထုတ်လုပ်ရေး ကော်ပို ရေးရှင်း၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မဟာ ဗျူဟာမြောက် နည်းလမ်း တစ်ရပ် ဖြစ်ပြီး Sukhoi ကုမ္ပဏီ အနေဖြင့် အဆိုပါ UAV များအား အနာဂတ် ကာလတွင် တည်ဆောက် ရန် စီစဉ်လျက် ရှိကြောင်း Mikhail Pogosyan က ပြောကြား ခဲ့ပါသည်။

ရုရှား တပ်မတော် အတွက် UAV များကို Tranzas နှင့် Sokol ကုမ္ပဏီ တို့ကလည်း ထုတ်လုပ် ပေးခဲ့ပြီး ယခုအခါ Sukhoi ကုမ္ပဏီကပါ ထုတ် လုပ် သွားမည် ဖြစ်ကြောင်းနှင့် Sukhoi ကုမ္ပဏီ အနေဖြင့် အာရုံခံ ကိရိယာ၊ ရေဒါနှင့် ထောက်လှမ်းရေး ကိရိယာများ တပ်ဆင် ထားသော Zond မောင်းသူမဲ့ လေယာဉ် များ၏ ပုံစံ များအား ၎င်း၏ ဝက်ဘ်ဆိုက် တွင် ဖော်ပြ ထား သည်ဟု သိရှိ ရပါသည်။

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ