Nov 12, 2012

ငလျင်ဒဏ်သင့်ဒေသများသို့ ပြည်သူ့တပ်မတော်သားများ ချက်ချင်းရောက်လာပြီး ကူညီနေပြီ

From:.မြဝတီ


နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်း တွင် လှုပ်ရှားခဲ့သော အင်အားပြင်း ငလျင်ဒဏ်များကြောင့် မန္တလေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် သာသနိက အဆောက်အအုံများ၊ ဌာနဆိုင်ရာ အဆောက် အအုံများ၊ လူနေအိမ် များ၊ စာသင်ကျောင်းများနှင့် လမ်း/တံတားအချို့ ပျက်စီးပြီး ဒေသခံများ ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးမှုများဖြစ်ပေါ် ခဲ့သည်။


ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက် စီးမှုများပြားသည့် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် မလယ်ရွာ၊ ရွှေဘိုမြို့နယ် ကဘွဲ့ရွာ၊ မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်းမြို့နယ်နှင့် စဥ့်ကူးမြို့နယ် များရှိ ငလျင်ဘေးသင့် နေရာများသို့ နယ်မြေခံ တပ်မတော်သားများမှ သွားရောက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် အခြားငလျင်ဘေးဒဏ်သင့် နေရာများသို့လည်း လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် အတွက် တပ်မတော်မှ ကယ်ဆယ်ရေး အဖွဲ့များ ထပ်မံ စေလွှတ်သွားမည်ဖြစ် ကြောင်းသိရှိရသည်။
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ