Nov 13, 2012

မယ်မြန်မာပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လျှောက်လွှာများ ဖိတ်ခေါ်

From:7Days News.//.
၂၀၁၃ နိုင်ငံတကာမယ်ပြိုင်ပွဲ (Miss International 2013) သို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည့် Miss Myanmar International 2013 ပြိုင်ပွဲကိုဖေဖော်ဝါရီလတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်လျှောက်လွှာများ
ခေါ်ယူနေကြောင်း သတင်းရရှိသည်။


ပြိုင်ပွဲဝင်များသည် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း အရပ် ၅ ပေ ၅ လက်မနှင့်အထက် ရှိရမည်ဖြစ်ပြီး အင်္ဂလိပ်စကားပြောဆိုနိုင်သူဖြစ်ရမည်။ လျှောက်လွှာများကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား
ပေးပို့လျှောက်ထားရမည် ဖြစ်သည်။

လျှောက်လွှာများကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရုံး၊ Myanmar Tourism Services ရုံးတို့တွင် လူကိုယ်တိုင်သော်လည်းကောင်း၊ Miss Myanmar International Facebook Page တွင် Download လုပ်၍လည်းကောင်း ရယူနိုင်ပြီး လျှောက်လွှာတစ်စောင်လျှင် ကျပ် ၅၀၀၀
ပေးသွင်းရမည်ဖြစ်သည်။

(မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ