Nov 12, 2012

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဒေါ်ဘောက်ဂျာပြောပြတဲ့ ကချင်ပြည်နယ်ရှိ ကယ်ဆယ်နေရာချ ထားပေးရေးလုပ်ငန်းများနှင့် ပံ့ပိုးထောက်ပံ့ပေးနေမှု အခြေအနေ

ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအရ ရှောင်တိမ်းလာသောပြည်သူများအား ကယ်ဆယ်နေရာချ
ထားပေးရေးလုပ်ငန်းများနှင့် ပံ့ပိုးထောက်ပံ့ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာအား ဆက်သွယ်မေးမြန်းခဲ့သည်များကို
ဖော်ပြအပ်ပါသည်။



မေး။ ။ ကချင်ပြည်နယ် အတွင်းမှာလတ်တလော ဖြစ်ပေါ်နေတဲ့အခြေအနေကြောင့် ဒုက္ခသည်စခန်းဘယ်
နှစ်ခုဖွင့်လှစ်ပေးထားပြီး ဒုက္ခသည် ဦးရေဘယ်လောက်ရှိပါသလဲ ခင်ဗျာ။

ဖြေ။ ။ ကချင်ပြည်နယ်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲနိုင်တဲ့ နယ်မြေတွေထဲမှာ စခန်းပေါင်း
၉ဝ ရှိပြီး လူဦးရေ ၃၃၁၉၈ ဦးရှိပါတယ်။

မေး။ ။ ဒုက္ခသည်စခန်းတွေကိုဘယ်လိုပုံစံနဲ့ထောက်ပံ့နေပြီးဘာပစ္စည်းတွေထောက်ပံ့ပေးနေပါသလဲခင်ဗျာ။

ဖြေ။ ။ ၂ဝ၁၁ ခုနှစ် ဇွန် ၁၅ ရက်ကဒုက္ခသည်စခန်းတွေ ဖွင့်လှစ်လာခဲ့တဲ့အချိန်ကစပြီး လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပစ္စည်းခြောက်မျိုး၊ကချင်ပြည်နယ်အစိုးရက ဒုက္ခသည်တွေနေ့စဉ်လိုအပ်နေတဲ့ အခြေခံစားသောက်ကုန်တွေနဲ့ သက်ဆိုင်ရာဘာသာရေးအဖွဲ့
အစည်းတွေက ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ဒါ့အပြင် ဒုက္ခသည်တွေရဲ့ကျန်းမာရေး၊ ပညာရေးတွေနဲ့ ပတ်သက်ပြီးတော့ကူညီဖြည့်ဆည်း ပေးနိုင်ဖို့အတွက်ပြည်နယ်ကျန်းမာရေးဦးစီးမှူးရုံးနဲ့ ပြည်
နယ်ပညာရေးဦးစီးမှူးရုံးတို့နဲ့ညှိနှိုင်းပြီးစခန်းမှာရှိတဲ့ပြည်သူတွေရဲ့ကျန်းမာရေးနဲ့ပညာရေးတို့ကိုဆောင်ရွက်ပေးနေပါတယ်။ကျောင်းပေါင်း၇၃ကျောင်းပိတ်ထားရပြီးကျောင်းသား၊ကျောင်းသူ၇၆၉၄ဦးကိုပညာဆက်လက်
သင်ကြားနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။

ဒေါ်ဘောက်ဂျာ


မေး။ ။ ပြည်ထောင်စု အစိုးရအပြင် INGO.NGO များနဲ့ လူမှုရေးအသင်းအဖွဲ့တွေက ဘာပစ္စည်းတွေ
များ ထောက်ပံ့နေပါသလဲ၊ ယခုလည်းထောက်ပံ့ဆဲပဲလား။

ဖြေ။ ။ ပြည်ထောင်စု အစိုးရရဲ့ခွင့်ပြုချက်အရ ကချင်ပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှုနဲ့ ၂ဝ၁၁ခုနှစ်ဇူလိုင်လကစပြီး WEP မှဆန်၊ ဆီ၊ ဆား၊ ပဲကို ဒီကနေ့အထိထောက်ပံ့ပေးနေတဲ့အပြင် UNCHOCHAကလည်း ဦးဆောင်ပြီး UN အေဂျင်စီအသီးသီးက စခန်းအသီးသီးအတွက်
ဆန်၊ ဆီ၊ ဆား၊ ပဲအပြင်Non Food Itemတွေ၊ Shelterတွေ ဆောင်ရွက်
ပေးနေပါတယ်။ ဒီကနေ့အထိ UNအေဂျင်စီတွေက ထောက်ပံ့ပေးခဲ့တဲ့ပစ္စည်းတန်ဖိုးက ငွေကျပ် ၃၄၈၆၆၃
၉၉၅ဝ ဖိုးခန့်နဲ့ ငွေသားအနေနဲ့ကငွေကျပ် ၆၂၈၈၅၂၈၅ ဖြစ်ပြီး စုစုပေါင်း
တန်ဖိုးငွေကျပ် ၃၅၄၉၅၂၅၂၃၅ ဖိုးအထိ ရှိပါတယ်။
ဒါ့အပြင်INGO,NGOများ၊မိခင်နှင့် ကလေးစောင့်ရှောက်ရေးသင်း၊အမျိုးသမီးရေးရာအဖွဲ့နဲ့ အလှူရှင်တွေ
ကလည်း ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အဝတ်အထည်၊ ဆေးဝါး၊ ကျောင်းသုံးပစ္စည်းတန်ဖိုး ငွေကျပ် ၁၄၈၂၃၇၇၅၃၈
ဖိုးနဲ့ ကြက်ခြေနီကလည်း ငွေကျပ်၂၉၆၂ဝ၃ဝဝဝ ဖိုးအထိ လှူဒါန်းခဲ့ကြပါတယ်။



မေး။ ။ ဒုက္ခသည်တွေဆီကိုဘယ်လိုအစီအစဉ်နဲ့ ပစ္စည်းတွေ ပို့ဆောင်ပေးနေပါသလဲ။

ဖြေ။ ။ ကျွန်မတို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ်စခန်းတွေမှာ အခါအားလျော်စွာ သွားရောက်ထောက်ပံ့ကူညီပေးနေသလို ကျွန်မကိုယ်တိုင်လည်း
မြစ်ကြီးနားနဲ့ ဗန်းမော်ခရိုင်တွေကိုသွားရောက်ပြီး ကူညီထောက်ပံ့ပေးနေပါတယ်။ ဒါ့အပြင် ဖားကန့်၊ လွယ်ဂျယ်၊ပူတာအို၊ မန်ဝင်း၊ စင်ကြိုင်၊ မိုးညှင်းနဲ့မိုးကောင်းမှာရှိတဲ့ စခန်းတွေအတွက်တော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့်ဒီနေ့ထိတိုင် ထောက်ပံ့ပေးနေပါတယ်။

မေး။ ။ အခုအချိန်ဟာ ဆောင်းရာသီကို ရောက်ရှိလာပြီ ဖြစ်လို့ဘယ်လို သီးခြား အစီအစဉ်တွေများ
ဆောင်ရွက်ပေးဖို့ရှိပါသလဲ။



ဖြေ။ ။ ကချင်ပြည်နယ်အစိုးရအပြင်ထူးထရေးဒင်းနဲ့ အရှင်ဆေကိန္ဒအမှူးပြုတဲ့ ဝိတိုရိယဆေးရုံကနေပြီး
စောင်တွေထောက်ပံ့ပြီးပါပြီ။ မကြာမီအနွေးထည်တွေကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားဖို့ စီစဉ်နေပါတယ်။

မေး။ ။ ထောက်ပံ့ရေး ပစ္စည်းတွေမြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့တို့မှာ စုပုံနေတယ်လို့ ကြားရပါတယ်။ ဟုတ်ပါသလား။

ဖြေ။ ။ ဘာပစ္စည်းမှ ဒီမှာစုပုံနေတာမရှိပါဘူး။ အစိုးရအဖွဲ့နဲ့အလှူရှင်တွေက ထောက်ပံ့တဲ့ထောက်ပံ့
ရေးပစ္စည်းတွေကို ရရှိတာနဲ့ တစ်ပတ်အတွင်းမှာ အုပ်ချုပ်ရေးမှူးတွေ၊ စခန်းတာဝန်ခံတွေကနေတစ်ဆင့် ဒုက္ခသည်တွေဆီကို စနစ်တကျခွဲဝေပေးနေပါတယ်။ ထောက်ပံ့ပစ္စည်းတွေခွဲဝေပေးပြီး ဖြစ်ကြောင်းကိုလည်း ကျွန်မတို့က အလှူရှင်တွေဆီကို အကြောင်းကြားပါတယ်။


MI17ရဟတ်ယာဉ်ကြီးများဖြင့် ထောက်ပံ့ရေးပစ္စည်းများသယ်ယူပေးခဲ့သည်


မေး။ ။ ထောက်ပံ့ရေးပစ္စည်းတွေကိုဘယ်လို အစီအစဉ်တွေနဲ့ပို့ဆောင်ပေးနေပါသလဲ။

ဖြေ။ ။ ထောက်ပံ့ရေး ပစ္စည်းတွေကိုလေယာဉ်၊ မော်တော်ကား၊စက်လှေတွေနဲ့ ပို့ဆောင်ပေးတဲ့
အပြင် ပန်ဝါဒေသကိုလည်း ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့ပါတယ်။ ပို့ဆောင်တဲ့အခါမှာလည်း ကျွန်မကိုယ်တိုင်
လိုက်ပါ ကြီးကြပ်ပေးပါတယ်။

မေး။ ။ ကချင်ပြည်နယ် အစိုးရကလက်လှမ်းမမီတဲ့ ဒေသတွေကိုရော ဘယ်လိုနည်းနဲ့ ထောက်ပံ့ပို့
ဆောင်ပေးနေပါသလဲ။

ဖြေ။ ။ ကျွန်မတို့ ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ကချင် ပြည်နယ်အစိုးရရဲ့ စီစဉ်မှုနဲ့ အေဂျင်စီတွေက ပြည်နယ်အစိုးရလက်လှမ်းမမီနိုင်တဲ့ ဒေသကစခန်းတွေကိုထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်
ပေးနေပါတယ်။

(မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ