ပထမအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၁၂)ရက်မြောက်

စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေးက ဖြေကြားရာတွင် မြန်မာနိုင်ငံ အတွင်း ပိုက်လိုင်း ဖြတ်သန်းခ (Right of Way) နှင့် ပတ်သက်၍ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ (၁၃ ဒသမ ၈၁) သန်း ရရှိမည် ဖြစ်ပြီး ယင်းပိုက်လိုင်း ဖြတ်သန်းခကို စာချုပ်အရ နိုင်ငံတော်မှ နှစ်(၃ဝ) အထိ နှစ်စဉ် ရရှိမည် ဖြစ်ပါကြောင်း၊ ပိုက်လိုင်း တည်ဆောက်ရန် အတွက် ရခိုင် ပြည်နယ် အတွင်း (၈၇၉ ဒသမ ၇၅) ဧက၊ မကွေးတိုင်း ဒေသကြီး အတွင်း (၁၁၂၁ ဒသမ ၄၇) ဧက၊ မန္တလေးတိုင်း ဒေသကြီး အတွင်း (၁၇ဝ၇ ဒသမ ၉၃) ဧက၊ ရှမ်းပြည်နယ် အတွင်း (၁၉၂၉ ဒသမ ၄၄) ဧက စုစုပေါင်း (၅၆၃၈ ဒသမ ၅၉၆) ဧက မြေငှားရမ်း အသုံးပြုမည် ဖြစ်ပြီး ပိုက်လိုင်း သွယ်တန်းမည့် ဧရိယာနှင့် မလွတ်ကင်းသော တဲ(၈၅)လုံးနှင့် အိမ်(၁၅)လုံး အတွက် ထိုက်သင့်သည့် လျော်ကြေး ငွေများ ပေးလျော်ခဲ့ပြီး ဖြစ်ပါကြောင်း မြေယာနှင့် သီးနှံများအတွက် လျော်ကြေးငွေ (၂၇၆၆၂၅၈၈၁၁၉ ဒသမ ၆၅)ကျပ် ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊
အများပြည်သူ ဆုံးရှုံးခဲ့ရသည့် မြေယာနှင့် သီးနှံများ အတွက် စွမ်းအင် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဒေသ အထွေထွေ အုပ်ချုပ်ရေးမှူး၊ ဌာန ဆိုင်ရာများ၊ ဒေသခံ ကိုယ်စားလှယ် များဖြင့် လျော်ကြေး ပေးရေး အဖွဲ့များကို ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမြဲတမ်း လွှဲယူမည့် မြေများ အတွက် မြေတန်ဖိုး၊ ရာသီသီးနှံ၊ (နှစ်သီးစိုက်လျှင် နှစ်သီး)နှင့် နှစ်ရှည်ပင်များ အပါအဝင် (၅)နှစ် တွက်ချက် ပေးလျော် ပါကြောင်းဖြင့် ဖြေကြားသည်။
(မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။