တရုတ်နိုင်ငံတွင်လူနေထိုင်ခြင်းမရှိသည့် အိမ်တစ်လုံးအတွင်းမှ ကမ္ဘာ့ဈေးအကြီးဆုံးဝိုင်အမျိုးအစားများတွင် ပါဝင်သော ဝိုင်ပုလင်း ၁ဝဝဝဝ ကို ရဲတပ်ဖွဲ့ကရှာဖွေသိမ်းဆည်းရမိကြောင်း နိုဝင်ဘာ ၉ ရက် ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
![]() |
ဈေးကြီးလှသော Chateau Lafite Rothschild ပုလင်း အစစ်များ |
အကယ်၍သာ (CHATEAU LAFITE ROTHSCHILD)တံဆိပ်ပါ ဝိုင်ပုလင်းများသည် အစစ်အမှန်သာဖြစ်ခဲ့လျှင် ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ သန်းရှိမည်ဖြစ်သော်လည်း ရဲတပ်ဖွဲ့က ယင်းတို့ကို အတုများဟုယုံကြည်သည်။တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်လာခြင်းနှင့်အတူ အဆိုပါဝိုင်အမျိုးအစားမှာလည်း တရုတ်နိုင်ငံအတွင်း၌ အထူးကျော်ကြားသည်။ နှစ်စဉ် ယင်းဝိုင်ပုလင်း ၅ဝဝဝဝ ပြည်ပမှတင်းသွင်းရသည်။
အဆိုပါအိမ်သည် စီးပွားရေးအရ အချက်အချာကျသည့်ရှန်ဟိုင်းမြို့၏တောင်ဘက် ဝမ်ကျိုးမြို့အရှေ့ပိုင်း၌ရှိပြီး လုံခြုံရေးတင်းကြပ်စွာချထားသည့်အပြင် ခွေးများပါမွေးထားသည်ဟုဆိုသည်။အိမ်ပိုင်ရှင်ကမူ ၄င်းတို့နေထိုင်ခြင်းမရှိသည်မှာ ကိုးနှစ်မျှရှိပြီဖြစ်ကြောင်းဤကိစ္စတွင် ၄င်းပါဝင်ပတ်သက်ခြင်းမရှိကြောင်း
ရဲတပ်ဖွဲ့ကိုပြောကြားခဲ့သည်။
(မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________________

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။