Nov 11, 2012

တောက်တဲ့ တွေ ဘာကြောင့် ဈေးကောင်းရနေသလဲ


ဖိလစ်ပိုင်နိုင်ငံဟာ အေအိုင်ဒီအက်စ် ရောဂါနဲ့ ပန်းသေရောဂါကို ကုသရာမှ တောက်တဲ့တွေ အသုံးပြုနေခြင်းကို သောကြာနေ့က အသုံးပြု နေခြင်းကို သောကြာနေ့က ဆန့်ကျင် သတိပေးခဲ့ပြီး အာရှက ဒေသအချို့မှာ ယင်းအစဉ်အလာကုထုံးဟာ လူနာတွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။


သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဖိလစ်ပိုင်နိုင်ငံအတွင်း ကြီးမာလာတဲ့ တောက်တဲ့ ဈေးကွက်ဟာ ကြောက်မက်ဖွယ် ကောင်း လာတယ်လို့ ဆိုပါတယ်။ ၁၁ အောင်စလေးတဲ့ တောက်တဲ့ တစ်ကောင်ကို အနည်းဆုံး အမေရိကန် ဒေါ်လာ ၁၁၆၀ ရရှိကြောင်း သိရပါတယ်။ အဆိုပါ တောက်တဲ့တွေကို မလေးရှား၊ တရုတ်နဲ့ တောင်ကိုရီးယာနိုင်ငံတွေကို တင်ပို့နေတာဖြစ်ပြီး ယင်းတောက်တဲ့တွေကို ကာမအားတိုးဆေး အဖြစ်နဲ့ ပန်းနာရင်ကျပ်၊ အေအိုင်ဒီအက်စ်၊ ကင်ဆာ၊ တီဘီရောဂါနဲ့ ပန်းသေပန်း ညှိုးရောဂါ ကုဆေးအဖြစ် အစဉ်အလာအရ သုံးစွဲနေခဲ့ကြပါတယ်။


'ဒီကုထုံးဟာ သုံးစွဲသူတွေရဲ့ ယေဘုယျကျန်းမာရေး အခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပြီး ပိုမို ကြီးမားတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ကြုံတွေ့စေနိုင်ပါတယ်' လို့ လည်း ယင်းမှတ်ချက်မှာ ရေးထား ပါတယ်။


ယခုအခါ ပန်းနာရင်ကျပ်ရောဂါ ကုထုံးတွေကို အလွယ်တကူ ရရှိနိုင်ပြီး လူတကာအတွက်လည်း ဈေးနှုန်းသင့်တင့်ပါတယ်။ ဒါ့အပြင် အိတ်ခ်ျအိုင်ဗီရောဂါ အဆင့်ပြောင်းလဲမှုကို ထိန်းချုပ်နိုင်မယ့် ဗိုင်းရပ်စ်သတ်ဆေးဝါးတွေလည်း ပေါ်ပေါက်နေပြီ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ 


တောက်တဲ့တွေဟာ အသားစား သတ္တဝါဖြစ်ပြီး ကပ်အားကောင်းတဲ့ ခြေဖဝါးနုတ်တွေနဲ့ ဖန်မျက်နှာပြင် အပါအဝင် ဒေါက်လိုက်မျက်နှာပြင်တွေကို တွယ်ကပ်နိုင်တာကြောင့် ကျော်ကြားတာဖြစ်ပါတယ်။


တောရိုင်းတိရစ္ဆာန်ဆိုင်ရာ တာဝန်ခံမန်ဒီတာလင်းကလည်း ရိုက်စားတွေဟာ ယင်းဈေးကွက်ကို ထိုးဖောက်နိုင်တာကြောင့် သူမရဲ့ ရုံးဟာ တရားဥပဒေအဖွဲ့ကို အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး တောင်းဆိုမှု ပြုလုပ်ထားပြီဖြစ်ကြောင်း ပြောပါတယ်။
ဝယ်ယူသူတွေဟာ ၄၀၀ ဂရမ်လေးတဲ့ တောက်တဲ့တွေကို ဝယ်ယူလိုကြောင်း အွန်လိုင်းမှ ကြော်ငြာထားတယ်လို့ သူမက ဆိုပါတယ်။ လင်းရဲ့ အဆိုအရ တောထဲရှိ တောက်တဲ့တွေဟာ ၂၀၀ ဂရမ်အထိသာ ကြီးထွားလေ့ရှိပြီး ဝလင်အောင်ကျွေးပြီး မွေးမြူထားတဲ့ တောက်တဲ့မှာလည်း ဂရမ် ၃၀၀ အထိသာ ကြီးထွားနိုင်ကြောင်း သိရပါတယ်။


တောက်တဲ့တွေကို အသုံးပြုရာမှာ အခြောက်ခံပြီး ညက်ညက်ကြေအောင် ကြိတ်ပြီး ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။ ဒ့ါအပြင် တောက်တဲ့တွေရဲ့ သွားရည်နဲ့ ကလီစာတွေကို ပုံပြင်ဆန်ဆန် ထုတ်ယူစုဆောင်းတာတွေလည်းရှိကြောင်း လင်းက ပြောပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတွင်းရေးမှူး ရေမွန်ပါဂျေးကတော့ တောက်တဲ့တွေကို ခွင့်ပြုချက်မရဘဲ စုဆောင်းရောင်းဝယ်လိုပါက ထောင်ဒဏ်လေးနှစ်ချမှတ်ပြီး ဒေါ်လာ ၆၉၀၀ အထိ ဒဏ်ငွေ ဆောင်ခိုင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 (မောင်ကျောက်ခဲ အဖွဲ့)
________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ