Nov 11, 2012

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လွှတ်တော်ကိုယ်စားလှယ်များအား တရားဝင်ပယ်ဖျက်စစ်ဆေးပေးရန် မူလမဲဆန္နရှင် ၁ %ကျော်မှတိုင်ကြားခြင်း

From:..The Hot News//-...


ရခိုင်ပြည်နယ်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်(ခေါ်)ဦးအဒူရာဇတ်၊ဦးအဘူဘာဟဲရ်ဦးအောင်လှ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အူအာလိန်ဟူဆိန်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးဘော်ရှီးအာမတ်၊ ဦးအောင်မြင့်(ခေါ်) ဇာဟီးဒူလာ၊ ဒေါက်တာဘော်ရှီးအာမတ်၊တို့သည် ဥပဒေနှင့်မညီညွတ်ပဲဝင်
ရောက် အရွေးချယ်ခံသော လွှတ်တော်ကိုယ်စားလှယ်များဖြစ်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံပုဒ်မ ၁၂၀ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ဥပဒေပုဒ်မ ၁၀ပုဒ်မခွဲ(င) ပြည်သူ့လွှတ် တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ပုဒ်မခွဲ(င)၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ပုဒ်မခွဲ(င) မွေးဖွားခဲ့စဉ်က မိဘများနိုင်ငံသားမဟုတ်ပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခြင်း၊ မွေးဖွားစဉ်က မိဘများနိုင်ငံသားမဟုတ်ပဲ အမျိုးသားလွှတ်တော်အဖြစ်အရွေးချယ်ခံခြင်း၊ မွေးဖွားစဉ်က မိဘများနိုင်ငံသားမဟုတ်ပဲတိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးချယ်ခံခြင်း၊ အစရှိသော စွဲဆိုချက် ငြိစွန်းသည့်ဥပဒေ စွဲဆိုရသည့်အကြောင်းပြချက်များဖြင့် ကိုယ်စားလှယ်များနှင့် မိဘများသည် ဘင်္ဂလီလူမျိုးအစ္စလာဒ်ဘာသာဝင်များဖြစ်ကြသည် ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မူလမဲဆန္နရှင် ၁%ကျော်မှ လက်မှတ်ရေးထိုး တိုင်ကြားထားကြောင်းသတင်းရရှိသည်။

စွန်ရဲနက်(ရွှေမှော်ဝန်း)

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ