Nov 14, 2012

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို Miss တန်ဆောင်တိုင်မယ်ရွေးပွဲနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပမည်

တောင်ကြီးမြို့၏တန်ဆောင်တိုင်ပွဲတော်အားနိုဝင်ဘာ ၂၁ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့ထိ ၊ကျောင်းကြီး စုရပ်၊ အနောက်မြို့ပတ်လမ်းရှိ၊ အဝေရာမီးပုံးပျံ ကွင်း တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပ မည်ဖြစ် ကြောင်း ပွဲကျင်းပရေးကော်မတီဝင် များ ၏ တွေ့ဆုံဆွေးနွေးပွဲက သိရသည်။


တန်ဆောင်တိုင်ပွဲတော်တွင် ယခင်နှစ်များက ထည့်သွင်းကျင်း ပခြင်းမရှိဖူးသော Miss တန်ဆောင်တိုင် မယ်ရွေးပွဲအား ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း ယင်းအတွက် လည်း ဆက်သွယ်ထားသည့်ကုမဏ္ဍီများ ရှိကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ ၀င်တစ်ဦးက ပြောသည်။

ထို့ပြင် တန်ဆောင်တိုင်မီးပုံးပျံ ဓာတ်ပုံပြိုင်ပွဲ မသိုးသင်္ကန်း ရက်ပြိုင်ပွဲ၊ ခြင်းလုံး ခတ်ပြိုင်ပွဲ၊မီးပဒေသာလည့် လည် ပူဇော်ပွဲ၊မြို့လုံးကျွတ် ကထိန်အစရှိသည့် အစီစဉ်များစွာပါဝင်မည် ဖြစ်ကြောင်း ယင်းကပြောသည်။

မီးပုံးပျံပြိုင်ပွဲတွင် နေ့လွှတ်အရုပ်၊ညမီးကြီး၊စိန်နားပန်အစရှိသဖြင့် ပါဝင်ပြီး ဆုကြေးများကိုလည်းအမျိုး အစားလိုက်ထိုက်တန် စွာချီးမြင့်ပေး မည် ဖြစ်ကြောင်း မီးပုံးပျံ ဒိုင်အဖွဲ့ ၀င်တစ်ဦးက ပြောသည်။

မီးပုံးပျံပြိုင်ပွဲ ကွင်းအတွင်း လောင်းကစား ၀ိုင်းများကို ခွင့်ပြုပေးမည် မဟုတ်ကြောင်း၊ မီးပုံးပျံကွင်းဖွင့်ပွဲ အခမ်းအနားအားလည်း စည်ကားစွာ မီးရှုး မီးပန်းများပစ်ဖောက်ကာဖွင့်လစ်မည်ဖြစ်ကြောင်းပွဲကျင်းပရေးေ က်ာမတီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ