Nov 16, 2012

ဥရောပသွား၊အမေရိကသွား၊အိန္ဒိယသွား ဒေါ်စုသို့ အိတ်ဖွင့်ပေးလိုသည့်စာ


ဒေါ်စုပေါ်ပြူလာနိုင်ငံရေးကိုစွန့်လွှတ်သင့်တဲ့အချိန်ရောက်နေပါပြီ။ရထားတဲ့ဘွဲ့/ဆုတွေကိုအားနာသင့်ပါပြီ။ဗိုလ်ချုပ်သမီးဆိုတာ အသိအမှတ်ပြုခံချင်ရင်ကိုယ့်ကျော်ကြားမှုအတွက်ပါတီအတွက်ဆိုတာတွေ ဘေးဖယ်ပြီး တိုင်းပြည်အတွက်ထိုက်ထိုက်တန်တန် အောင်ဆန်း(ခွင့်လွှတ်ပါ)သမီးဖြစ်အောင် လုပ်ပါတော့။ဇရာဆိုတာငြင်းပါယ်လို့မရနိုင်တာမို့ အချိန်သိပ်မကျန်တော့ပါဘူး။မှန်တဲ့အတိုင်းပြောရရင် ဗိုလ်ချုပ်မျက်နှာနဲ့ ကိုးကွယ်နေတာပါ။တကယ်တော့ပါတီလိုင်းက သိပ်မခိုင်ပါဘူး။ 
မပါမဖြစ် NLD ပွဲတိုင်းမှာ အောင်ဆန်းက ထိပ်ဆုံး-မသိရင် NLD ကို ဗိုလ်ချုပ်အောင်ဆန်းကထောင်ခဲ့သလိုလို

အာဏာပိုင်းနဲ့ပတ်သက်လာရင် စာတတ်တတ်မတတ်တတ် မရဘူးဆိုတာမြင်ရတော့ ကျနော်တို့လည်း
ဒေါ်စုမျက်နှာထောက်ပြီးလူသိရှင်ကြားမထွက်ပေမဲ့ ဆက်မလုပ်ချင်ကြတော့တာအမှန်ပါ။
ဒါကြောင့်တချို့ဝါရင့်ကြီးတွေက. ဒီကလေးမ နိုင်ငံရေးပါးမ၀ဘူးလို့ပြောခဲ့ကြတာကြားဖူးတယ်။
အဲဒီတုံးကဘာဖြစ်ဖြစ်မျက်စေ့စုံမှိတ်ပီးမခံချင်ခဲ့ဘူး။ခုတော့ဒေါ်စုနိုင်ငံရေးကွင်းပြင်ထဲ လက်တွေ့ရောက်ချိန်ရယ် ကျနော်တို့လည်းအနည်ထိုင်စ အရွယ်လည်းရဖြစ်လာတော့ အားမရစရာတွေ
မှားမှန်းသိသိကြီးနဲ့ဆက်တိုးနေတာမျိုးတွေ  သူ့ရဲ့ပြုအမူမရင့်ကျက်တာတွေအနီးအဝေး အတွင်းအပြင်
အနှောင်အဖွဲ့တွေကိုမလွန်ဆန်နိုင်မှုတွေဟာကျနော်တို့အတွက်အကြည်ညိုပျက်လာစေခဲ့တာအမှန်ပါ
ပညာတတ်ရန်မလို-တွေးခေါ်တတ်ရန်မလို-လက်ချင်းချိတ်တတ်ရင် NLD ပါတီဝင်နိုင်

ကျနော်တို့တောင် ဆင်ကန်းတောတိုးအပြုအမူတွေဆင်ခြင်လာတတ်တဲ့အချိန်မှာ ဒေါ်စုကိုလည်း  မှန်မှန်ကန်ကန်နဲ့ ကင်းကင်းရှင်းရှင်းရပ်တည်စေချင်တာပါ။ ဒေါ်စုပြင်ရင်လိုက်ချင်ပါသေးတယ်။
ကျနော်တို့လည်းလေ့လာစာဖတ်လုပ်ကြပါတယ်။တိုင်းပြည်ကိုတကယ်လည်း ကောင်းစေချင်တယ်။ဒီပုံနဲ့တောမဖြစ်နိုင်သေးပါ။အကြံပြုချင်တာက ဒီအချိန်မှာဒေါ်စု Geo-politics
ကိုပိုင်နိုင်အောင်ကိုင်ကစားသင့်ပါပီ။Triple  win strategy ဆိုတာပါတီဝင်အများစုကော   ၈၈
ပေါ်ပြူလာ(ဒေါ်စုနောက်ကျော ဒါးနဲ့ထိုးမဲ့)အဖွဲ့ကောထက် ဟိုဘက်ဘိုးတော်ကြီးတွေအပြင် လက်ရှိစစ်တပ်ခေါင်းဆောင်ပိုင်းအလယ်အလတ်အဆင့်လောက်ထိအများစုဟာ တော်တော် expert ဖြစ်တယ်လို့ကြားသလို democracticပိုဖြစ်တယ်လို့ လေ့လာကြားသိရတဲ့အတွက်
ဒေါ်စုအတွက်ရင်လေးမိလာလို့ပြောဖြစ်တာပါ။

ဘာပဲဖြစ်ဖြစ် လောလောဆယ်အခြေအနေအရ စစ်တပ်ကိုဖျက်ပစ်လို့လည်း
ရနိုင်တာမဟုတ်လို့ပေါင်းသင့်ရင်ပေါင်းတာမှားစရာမရှိဟုထင်ပါသည်။ ၈၈ အဖွဲ့ကိုတော့လုံးဝမယုံပါနဲ့
အထူးသတိပေးချင်ပါတယ်။ ခုမှမဟုတ်ပါ သူတို့ဘာဆင်နေတယ်ဆိုတာမြင်သာပါတယ် ပြောရရင် ဒေါ်စုကိုအသုံးချပီး အပေါစားနိုင်ငံရေးနည်းနဲ့. ပြည်သူ
ကိုလှည့်စားနေတာ မြင်သာပါတယ်။ဂရုစိုက်ပါလို့ပဲထပ်သတိပေးပါတယာ။

အထူးသဖြင့် လူပြိန်ုးကြိုက် ပေါ်ပြူလာနိုင်ငံရေးကိုစွန့်လိုက်ပါတော့။
ဒီဆေးနဲ့ကုလို့မရနိုင်တော့ပါ။ဒီ/ချုပ်မှာ ဥမမယ်စာမမြောက် ကလေးတွေကိုအသုံးချတာတွေ ရပ်ခိုင်းပါတောအတိုက်အခံဆိုတာ ရန်ဖြစ်ဖို့မဟုတ်ဘူးဆိုတာ သင်ပေးပါ။ဒီ/ချုပ်မှာ အဆိုးဆုံးကတော့ ပေါက်ပန်းဆေး လက်ခံခဲ့လို့ခုထိလူကြီလူကောင်းဆန်တဲ့အကျင့်မရဘဲ ခိုးဆိုးနှိုက်
အော်လိုက်ဟစ်လိုက်ကောင်တွေပဲ မိုက်ကြေးခွဲ ပဏာယူနေကြတော့ကြာတော့ပြည်သူမုန်းလာတာပေါ့ဗျာ။
ပြီးတော့ဒေါ်စုရဲ့ နိုင်ငံရေးအဆင့်ကို ကွက်ကွက်ကွင်းကွင်းပြလိုက်တာကဘာမှအဆင့်အတန်း political  knowledge /general  knowledge  မရှိတဲ့အပေါစားဟစ်ဟော့ကောင် ကိုတင်လိုက်တာ ဟက်တက်ကွဲ
ရှက်စရာဖြစ်နေတာအမြင်ပေါ့ ခက်တာက ဒီ/ချုပ်ထဲမှာဒီလိုကောင်တွေအများကြီးနေရာယူထားကြတာ ရင်လေးစရာပါ။ဒီချုပ်ကိုသက်ဆိုးရှည်စေချင်ရင် နိုင်ငံကြီးသားပီသရမယ်ဆိုတဲ့ပေတံနဲ့ တိုင်းပီးမှ
အဖွဲ့ဝင်အဖြစ်လက်ခံပါ။ပါတီသန့်ရှင်းရေးကို၂၀၁၃နှစ်ဝက်အတွင်းပြတ်ပြတ်သားသားလုပ်လိုက်ပါ။ဒါဒီမိုကရေစီပဲလေ။အဓိကအကြံပြုချင်တာက နိုင်ငံရေးကိုပေါ့ပေါ့တွေးပေါ့ပေါ့စဉ်းစား
ပေါ်ပြူလာသာယာမှုတွေစွန့်ပီးလုပ်ပါ။

ဖအေတစ်ယောက်တည်းမွေးတဲ့သားတွေမှာ အကြီးကောင်က ဘာလို့ကုလားဆင်ဖြစ်နေတာလဲ.ဒေါ်စုရီးစားဦးဟာ ပါကစ္စတန်ကျောင်းသားဆိုတာလည်း တွေးစရာပဲ

 အမှီအခိုကင်းအောင်နေပီးလုပ်ပြမှခင်ပွန်းနဲ့ပတ်သက်တဲ့
သံသယတွေ ဆုတွေပေးနေတိုင်းသာယာမနေပါနဲ့ ဒါအနှစ်မှမဟုတ်တာ။
မင်းသားကြီးမလုပ်ရရင်ပတ်မကြီးထိုးဖောက်ချင်တဲ့ အကျင့်တွေပြင်ပါတော့။
နိုင်ငံခြားရောက်ရင် နိုင်ငံတကာကလာတွေ့တိုင်း တိုင်းပြည်နဲ့ ပြည်သူဒုက္ခရောက်အောင် ဖြစ်ချင်ရာဖြစ် အစိုးရသက်ဆိုးမရှည်ရင်ပြီးရောဆိုတဲ့ပြောတတ်ဆိုတတ်တဲ့ ယခင်အကျင့်တွေပြင်ပါတော့။
ဗိုလ်ချုပ်သမ္မတလုပ်မသွားရပေမဲ့ ခုထိနာမည်မသေဘူး။သမ္မတဖြစ်ချင်တာနဲ့ တိုင်းပြည်ထိခိုက်အောင်မလုပ်လိုက်ပါနဲ့။ပင်လုံမှာ အရှည်မတွေးဘဲ အဖြေပေးခဲ့လို့ သေချာမဖတ်ဘဲလက်တစ်လုံးခြားရေးထားတာတွေမစဉ်းစား(မျက်စေ့တစ်ဆုံးမကြည့်ဘဲ မျက်တောင်မွေးအဆုံးကိုပဲကြည့်)ခဲ့လို့ရှင်းမရတဲ့အမွေကိုထပ်မရှုတ်စေပါနဲ့တော့။

ပြောရင်အဲဒီတုံးက လက်မှတ်ထိုးတဲ့သူအရေအတွက်အရပြန်ကြည့်ရင် fair agreement  လို့မဆိုနိုင်ပါ ဗိုလ်ချုပ်ကလွတ်လပ်ရေးရဖို့ အဓိကထားတဲ့စိတ်စေတနာအပေါ် အသုံးချသွားတာတွေ့ကြမှာပါ။
လိုရင်းပြန်ကောက်ရရင် ဗိုလ်ချုပ်ယူပေးခဲ့တဲ့ လွတ်လပ်ရေးကိုသွားပြန်အပ်နေတာမျိုးတွေ မလုပ်ပါနဲ့တော့ 

ပွင့်ပွင့်လင်းလင်းပြောရရင် ဆုတွေပေးဆုတွေယူ ထောက်ပံ့ခံ ချည်နှောင်ခံပီး
နိုင်ငံရေးမလုပ်ပါနဲ့ ။
ဗိုလ်ချုပ်ကိုအသုံးချပီးမရပ်ပါနဲ့။
ဗိုလ်ချုပ်က အင်္ဂလိပ်ကိုတိုက်တာ ဒေါ်စုကအင်္ဂလိပ်ကိုကြိုက်တာမနှိုင်းအပ်မယှဉ်အပ်မို့ ကိုယ့်ဘာသာမရပ်နိုင်ရင် ရပ်လိုက်ပါတော့အပေါစားဦးဆောင်မှု ပေါ်ပြူလာနိုင်ငံရေး ထောက်ပံ့ခံ နိုင်ငံရေး
သမားဘ၀နဲသာယာယစ်မူးမနေတော့ပါနဲ့လို့ ဗိုလ်ချုပ်မျက်နှာ ၂ခါမပျက်ရစေဖို့တိုက်တွန်း အကြံပြုအပ်တယ်။

Egermgpkg

(မောင်ကျောက်ခဲ အဖွဲ့)
____________________________________________________________________ 
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဗိုလ်ချုပ် သမီးမဟုတ်ခဲ့ရင် ၊ ဗိုလ်ချုပ်မျက်နှာသာ မရှိခဲ့ရင် ၊ ဦးစောသမီးသာဖြစ်ခဲ့ရင် ဒေါ်စုဆိုတာ အလကားဖြစ်မှာပါ ၊ NLDဆိုတာ အလကား ၊အရည်အချင်းသတ်မှတ်ခံရမဲ့ အဆင့်ထဲမှာတောင် ပါမှာ မဟုတ်ဘူးဆိုတာ လူတိုင်းသိမှာပါ။ တကယ်ဆို လူပုံ အလယ်ရောက်ရင် ဘာလို့ “ဖေဖေက ဘာပြောခဲ့လည်းဆိုရင်“တို့ ၊ “ဖေဖေနဲ့တုံးကဆိုရင်တို“ဆိုတဲ့ စကားတွေ ထုတ်သုံးပြီး အသုံးချတာက ကိုယ့်အရည်အချင်းကို မယုံကြည်သလိုဖြစ်နေတယ်။ ခုလည်း ကုလားပြည်သွားပြီး ကိုယ်အထုတ်ဘာလို့သွား ဖြီ ပြနေတာလဲ။ အိမ်လည် အတင်းလျှောက်တုတ်နေတဲ့ မိန်းမကြီးကျနေတာပဲ။ ရှက်ဖို့ကောင်းတယ်။ အခု အိုဘားမား အလာ ပြေးလာပြီး ဘာလုပ်အုန်းမလဲ စောင့်ကြည့်ရအုန်းမယ်။ အတင်းတွေတော့မပြောနဲ့တော့ဗျာ။ တိုင်းပြည် ပြည်သူတွေဘ၀ကို စာနာဘို့တောင်းဆိုချင်တယ်။

Anonymous said...

Mr.Anonymous, :p
I think so you have a good idea.Carry on.I'll be with your idea.Don't care of Daw su(stupid lady)

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ