Nov 11, 2012

မြန်မာ့နိုင်ငံ ငလျှင် အကြောင်း ရရှိသမျှ အဖြစ်အပျက်စုံ စုစည်းမှူ(၁)

From: 7 Days News..//
ယနေ့ နံနက် ၇နာရီ မိနစ် ၄၅မိနစ်ဝန်းကျင်တွင် ရွှေဘိုမြို့ အရှေ့မြာက်ဘက် ၁၅ မိုင်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချတ်တာ စကေး ၆ဒသမ ၆ ရှိ အင်အားပြင်း ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

ငလျင်လှုပ်ခတ်မှုကို ရွှေဘို၊ မန္တလေး၊ မုံရွာ ၊အမရပူရ ၊မိုးကုတ် ၊ စစ်ကိုင်း စသော မြို့များတွင် ပြင်းပြင်းထန်ထန်ခံစားခဲ့ရသည်သည် ။ စစ်ကိုင်းမြို့နှင့် ရွှေဘိုမြို့များတွင် နေအိမ်အချို့ပြိုလဲမှုများရှိကြောင်း မုံရွာသတင်းထောက်က သတင်းပေးပို့သည်။ ငလျင်ကြောင့် အမရပူရရှိ စေတီအချို့ထီးတော်ယိုင်ခြင်း၊စိန်ဖူးတော်ပြုတ်ကျခြင်းများရှိကြောင်း မန္တလေး သတင်းထောက်က သတင်းပေးပို့သည်။မန္တလေးမြို့ရှိ ဟိုတယ်အချို့တွင်လည်းနံရံ၊မျက်နှာ ကျက်များ မှ ကြွေပြားများ ကွာကျခဲ့ကြောင်း သိရသည်။ အင်အားကြီး ငလျင်များလှုပ်ခတ်ပြီးလျှင် နောက်ဆက်တွဲ မြေငလျင်ငယ်များ လှုပ်တတ်၍ သတိထားရန် လိုကြောင်း မြေငလျင် ပညာရှင်များက ပြောကြားထားသည်။

ငလျင်နောက်ဆက်တွဲသတင်း(၁)
***********************
ရွှေဘို မြို့ထောင့်စေတီ မှာ ယနေ့နံနက်က လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထီးတော်စောင်းသွားပြီး စိန်ဖူးတော် ပြုတ်ကျ ခဲ့ကြောင်း ရွှေဘိုမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုသူရိန်က ဖုန်းဖြင့် ပြောကြားသည်။
ရွှေဘိုကျောက်မြောင်း ရှိတည်ဆောက်လျှက်ရှိသော ဧရာဝတီ မြစ်ကူတံတား စီမံကိန်းတွင် ပြိုကျ ပျက်စီးမှုများရှိပြီး လူအချို့ထိခိုက်ဒဏ်ရာရ ကာ သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသော်လည်း အသေးစိပ်ကို အတည်ပြု၍ မရသေးပေ။

ငလျင်နောက်ဆက်တွဲသတင်း ၂
********************** 
 ယနေ့ နံနက် လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်မှာ စစ်ကိုင်း မြေငလျင်ကြောပေါ်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ၊ မိုး၊ဇလက ငလျင်ဗဟိုချက်မှာ ရွှေဘိုမြို့ အနောက်မြောက် ၄၅ မိုင် ဟု သတင်းထုတ်ပြန်ပြီး အမေရိကန် မြေငလျင်စောင့်ကြည့်တိုင်းတာရေးအဖွဲ့၏ USGS ၀က်ဘ်ဆိုဒ်တွင် ရွှေဘိုမြို့အရှေ့ဘက် ၁၅မိုင် အကွာ ကိုဗဟိုပြုလှုပ်၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားကြောင်း မိုးဇလ ပညာရှင်ဒေါက်တာထွန်းလွင်က ပြောသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဥာဏ်တော် အမြင့်ဆုံးဖြစ်သော ဗောဓိတစ်ထောင် ရပ်တော်မူရုပ်ပွားတော်မှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု့ မရှိကြောင်း မုံရွာသတင်းထောက်က သတင်းပေးပို့သည်။

ငလျင်နောက်ဆက်တွဲသတင်း ၃ 
********************** 
စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်တွင် ယနေ့နံနက် အင်အားကြီးင လျင်တစ်ခု လှုပ်ခတ်ပြီးသွားပြီ ဖြစ်သည့်အတွက် စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ အခြားဒေသများတွင်လည်း မြေငလျင်အန္တရာယ်ကို သတိပြုရန်လိုကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ အတွင်းရေးမှုး ဦးစိုးသူရထွန်းက ပြောကြားသည်။
ယနေ့နံနက် လှုပ်ခဲ့သော မြေငလျင်မှာ ၁၉၅၆ ခုနှစ် စစ်ကိုင်းမြို့ အနီးပြင်းအား ၇ ရှိ ငလျင်ကြီး လှုပ်ခဲ့သော ငလျင်နောက်ပိုင်း စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် အင်အား အကြီးဆုံး ဖြစ်သည်။ မူလက မြေငလျင်ပြင်းအားကို ၇ ရစ်ချတ်တာစကေး၊ ၆.၆ ရစ်ချတ်တာစကေးဟူ၍ အမျိုးမျိုးကြေငြာကြသော်လည်း နောက်ဆုံး ၆.၈ ပြင်းအားရှိသည်ဟု အတည်ပြုလိုက်ကြောင်း ယင်းက ပြောကြားသည်။
၁၉၂၉ ၊ ဒီဇင်ဘာလတွင် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်၌ှဆွာမြို့အနီးဗဟိုပြုကာ ပြင်းအား ၇ ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ထိုပြတ်ရွေ့ကြောတစ်လျှောက်ရှိ ဖြူး၊ ပဲခူး၊ တကောင်း၊ တောင်ငူ စသော ဒေသများတွင်လည်း ကာလအနည်းငယ်ခြား၍ ငလျင်ကြီးများ ဆက်တိုက်လှုပ်ခဲ့ဖူးသည်။ ထို့ကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် ငလျင်လှုပ်နိုင်သော အပိုင်း ၁၀ခု ၀န်းကျင်ခန့်ရှိသည့် အတွက် ပြတ်ရွေ့တစ်လျှောက်ကျန်ဒေသများတွင်လည်း မြေငလျင်အန္တရာယ်ကို သတိပြုရန်လိုကြောင်း ဦးစိုးသူရထွန်းက အကြံပြုပြောကြားသည်။

ငလျင်နောက်ဆက်တွဲသတင်း-၄ 
********************** 
ကုန်းဘောင်ခေတ်ဦးက တည်ထားခဲ့သော ရွှေဘိုမြို့ ရှေးဟောင်းမြို့ထောင့်(ဒေါင့်)စေတီ၏ ရွှေထီးတော်မှာ ငလျင်ဒဏ်ကြောင့် မြေခသွားခဲ့ကြောင်းသတင်းရရှိသည်။ နံနက် ရှစ်နာရီခွဲခန့်တွင် ရွှေထီးတော်မြေခသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

မုံရွာမြို့ မိုးညှင်းသံမ္ဗုဒ္ဓေစေတီတော်ကြီးမှာလည်း ပန်းဆွဲ၊ ပန်းတက်များ ကြွေကျခဲ့ကြောင်းသတင်းရရှိသည်။

အမရပူရမြို့ရှိ ရွှေလင်းပင်ဘုရား ထီးတော်ယိုင်သွားစဉ်


အမရပူရမြို့မှ ဗူးဘုရား ထီးတော်ယိုင်၍ အနည်းငယ်ပျက်စီးသွားစဉ်။


 ငလျင်နောက်ဆက်တွဲသတင်း- ၅
************************* 

မြစ်သားမြို့ ကင်းစိန်ဈေးအရှေ့ရွာ ရွာဦးဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း စေတီတော် ၁၈ ဆူရှိသည့်အနက် စေတီကြီး ၅ ဆူ၊ အရံစေတီ ၄ဆူမှာ စိန်ဖူးတော် မြေခခဲ့သည်ဟု သိရသည်။ စေတီကြီး ၆ ဆူမှာ ဖောင်းရစ်တော် အထက်နားမှ စ၍ အက်ကွဲပျက်စီးခဲ့သည်။ မြေခခဲ့သည့် စိန်ဖူးတော်များအနက် ၄ ခုကိုသာ ပြန်လည် ရှာတွေ့ပြီဖြစ်သည်။

စိန်ဖူးတော်မြေခစဉ် ပါလာသည့်အစအနများကိုတွေ့ရစဉ်

 ငလျင်နောက်ဆက်တွဲသတင်း-၆ 
*********************** 
ငလျင်ထပ်မံလှုပ်မည်ဆိုသော သတင်းများကြောင့် စစ်ကိုင်းမြို့မဈေးကြီးကို ပိတ်ထားကြောင်း သတင်းရရှိသည်။ ဈေးရုံ ၂ ထပ်စလုံးကို ပိတ်ထားပြီး မြို့ခံလူထုမှာ နေအိမ်များထဲတွင်သာ နေထိုင်လျက်ရှိကြောင်း ဒေသခံတစ်ဦးဖြစ်သော မငယ်ကပြောသည်။

မြေငလျင်နောက်ဆက်တွဲသတင်း (၇) 
************************** 

မြေငလျင်နှင့်ပတ်သက်၍ အစိုးရိမ်မပိုကြရန်နှင့် အခြေအမြစ်မရှိသော ကောလာဟလများကို မယုံရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်အကြံပြု

(၁၁-၁၁-၂၀၁၂)ရက်နေ့ နံနက် ( ၇နာရီ၊ ၄၂ မီနစ်၊ ၃၈ စက္ကန့်)အချိန်က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုငးတိုငး ရွှေဘိုမြို့ရဲ့ မြောက်အရှေ့ယွန်းယွန်း (North northeast) ၅၆ ကီလိုမိတာ(၃၅ မိုင်)ခန့်အကွာ ပြည်တွင်းတစ်နေရာကို ဗဟိုပြုကာ အင်အား ရစ်ခ်ျတာစကေး(၆.၆)ရှိ ပြင်းန်သောမြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပါတယ်။
အခြား.အနီးဆုံးမြို့မှာ မိုးကုတ်မြို့၊ သပိတ်ကျဉ်း၊ ကျောက်မြောင်းမြို့ များဖြစ်ကြပါသည်။

မြေငလျင်ဗဟိုချက်ဟာ စစ်ကိုင်းငလျင်ကြောအပေါ်တွင်တည်ရှိနေပြီး မြေအောက်အနက် ၉.၉ ကီလိုမီတာ(၆ မိုင်)တွင် ဗဟိုပြုလှုပ်ရှားခဲ့သဖြင့် အနက်တိမ် ပြင်းအားကြီးမြေငလျင်(shallow depth strong earthquake) ဖြစ်သဖြင့် ပျက်စီးမှု များနိုင်ပါသည်။

မြေငလျင်ကြီးတို့၏အစဉ်အလာအတိုင်း နောက်ဆက်တွဲမြေငလျင်များ လှုပ်ရှားနိုင်သော်လည်း အများအားဖြင့် ပင်မမြေငလျင်ကြီးထက် အင်အားပိုမိုပြင်းထန် လေ့မရှိသောကြောင့် အများပြည်သူများအနေဖြင့် သတိထားရန်လိုသော်လည်း အစိုးရိမ်မလွန်ကြရန်လိုအပ်ပါသည်။

အထူးသဖြင့် အချိန်ကာလနေ့ရက်နာရီ အတိအကျဖြင့်ထွက်ပေါ်လာသောခန့်မှန်းမှုများဟာ အခြေအမြစ်ကင်းမဲ့သော ကောလဟလများသာဖြစ်သဖြင့် ပြည်သူများအနေဖြင့် သတိထားကြရန်လိုအပ်ပါမည်။

















































 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

sexprince said...

အကိုရေဒီညမှာထပ်လှုပ်မယ်ပြောနေကြတယ်ဟုတ်မဟုတ် ညီလေးကိုပြန်ဖြေပေးပါနော်

Anonymous said...

မြေငလျင်နှင့်ပတ်သက်၍ အခြေအမြစ်မရှိသော ကောလာဟလများကိုမယုံရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် ပြောကြား ~ Myanmar Express
http://www.myanmarexpress.net/2012/11/blog-post_3880.html

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ